ပရိသတ်တွေ ချစ်ကြတဲ့ အနုပညာရှင်များစွာထဲကမှ တစ်ချို့ကတော့ အလုပ်သဘောအရ ခင်မင်ရင်းနှီးတဲ့ အနုပညာရှင်တွေရှိကြပေမယ့် တစ်ချို့ကတော့ ပြောမနာဆိုမနာ ရင်းနှီးချစ်ခင်ကြတဲ့ အနုပညာရှင်များစွာလဲ ရှိပါတယ်။ အနုပညာ အလုပ်တွေကို အတူတူ လုပ်ကိုင်ရင်း သွားအတူ စားအတူ လာအတူ ချစ်ခင်ကြတဲ့ အနုပညာရှင်တွေကို ပရိသတ်တွေ သိရအောင် မျှဝေပေးလိုက်ပါတယ်နော်။
သက်မွန်မြင့်နဲ့ ခင်လေးနွယ်
ငယ်စဉ်ကတည်းက အနုပညာလုပ်ငန်းတွေ အတူတူ လုပ်ကိုင်ကြတဲ့ သက်မွန်မြင့်နဲ့ ခင်လေးနွယ်က အခုချိန်ထိလဲ သွားအတူ စားအတူနဲ့ ခရီးတွေထွက်ကြတဲ့ သိပ်ချစ်ရတဲ့ မင်းသမီး နှစ်ဦးပဲဖြစ်ပါတယ်။
ကျော်ကျော်၊ ညီထွဋ်ခေါင် နဲ့ ဆုမြတ်နိုးဦး
တစ်ယောက်ကိုတစ်ယောက် အမြဲဆေးထိုးနေကြပြီး ပြောမနာ ဆိုမနာနဲ့ ချစ်ကြတဲ့ ကျော်ကျော်၊ ညီထွဋ်ခေါင် နဲ့ ဆုမြတ်နိုးဦးတို့ သူငယ်ချင်းတစ်စုကလဲ ပရိသတ်တွေ အားကျရတဲ့ ပျော်ပျော်နေတတ်တဲ့ သူငယ်ချင်းတွေပါပဲ။
နေတိုးနဲ့ ကျော်ကျော်ဗို
ပရိသတ်တွေ ချစ်ကြတဲ့ ကိုနေတိုးနဲ့ ကျော်ကျော်ဗိုတို့နှစ်ယောက်က ရုပ်ရှင် ဗီဒီယိုတွေကိုလဲ အတူတူ တွဲဖက်သရုပ်ဆောင်သလို အပြင်မှာလဲ အင်မတန်ရင်းနှီးတဲ့ သူငယ်ချင်းတွေပဲဖြစ်ပါတယ်။
နီနီခင်ဇော် နဲ့ မိစန္ဒီ
အနုပညာ လုပ်ငန်းတွေကို အတူတူ လုပ်ကိုင်ကြရင်း အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်လာခဲ့တဲ့ နီနီခင်ဇော် နဲ့ မိစန္ဒီတို့ သူငယ်ချင်းကလဲ နှစ်တွေ အများကြီးကို အတူတူ ကျော်ဖြတ်လာကြတဲ့ သူငယ်ချင်းကောင်းတွေပါပဲ။
ထွန်းထွန်း နဲ့ မိုးယံဇွန်
အနုပညာလုပ်ငန်းတွေ အတူတူ လုပ်ကိုင်ရင်း ဘောလုံးကန်တာလဲ ဝါသနာတူတဲ့ ထွန်းထွန်း နဲ့ မိုးယံဇွန်ကလဲ ခရီးတွေ အတူတူထွက်ရင်း ပြောမနာ ဆိုမနာရှိကြတဲ့ သူငယ်ချင်းတွေပါပဲ။
ခင်ဝင့်ဝါ နဲ့ ဝိုင်းလေး
ပုံစံချင်း အကြိုက်ချင်းတူကြတဲ့ ခင်ဝင့်ဝါ နဲ့ ဝိုင်းလေးကလဲ တစ်ယောက်ရဲ့ လိုအပ်ချက်တွေကို တစ်ယောက် ဖြည့်စည်းပေးပြီး သိပ်ချစ်ကြတဲ့ သူငယ်ချင်းကောင်းတွေပါပဲ။
ဇေရဲထက်နဲ့ ရွှေမှုန်ရတီ
ပရိသတ် အချစ်တော်နှစ်ဦးဖြစ်တဲ့ ဇေရဲထက်နဲ့ ရွှေမှုန်ရတီက အသက်အရွယ် ကွာခြားပေမယ့် တစ်ယောက်နဲ့တစ်ယောက် ပြောမနာဆိုမနာရှိကြပြီး အရမ်းချစ်ကြတဲ့ ချစ်သူငယ်ချင်းနှစ်ဦးလဲ ဖြစ်ပါတယ်။
နော်ဖောအယ်ထား၊ မေတိုးခိုင်နဲ့ ပိုးမမှီသာ
အရွယ်လေးတွေ မတိမ်းမယိမ်းနဲ့ ချစ်စရာကောင်းပြီး အတွဲညီလွန်းလှတဲ့ မင်းသမီးချောလေးတွေဖြစ်တဲ့ နော်ဖောအယ်ထား၊ မေတိုးခိုင်နဲ့ ပိုးမမှီသာ တို့က အပြင်မှာလဲ သွားအတူ စားအတူ လာအတူရှိကြတဲ့ သူငယ်ချင်းတွေပဲ ဖြစ်ပါတယ်။
နန်းမြတ်ဖြိုးသင်းနဲ့ နန်းသူဇာ
အရုပ်မလေးလို ချစ်စရာကောင်းတဲ့ ကောင်မလေးနှစ်ယောက်ဖြစ်တဲ့ နန်းမြတ်ဖြိုးသင်းနဲ့ နန်းသူဇာက အနုပညာလုပ်ငန်းတွေကိုလဲ အတူတူ လုပ်ကိုင်ကြပြီး အပြင်မှာလဲ အရမ်းကို ခင်တဲ့ သူငယ်ချင်းတွေ ဖြစ်ကြပါတယ်။
ခင်လှိုင် နဲ့ ဒိန်းဒေါင်
ဟာသညီနောင်လို့ တင်စားခေါ်ဝေါ်ကြတဲ့ ခင်လှိုင် နဲ့ ဒိန်းဒေါင်က ရုပ်ရှင်ဗီဒီယိုတွေနဲ့ အငြိမ့်တွေမှာသာ အတွဲညီကြတာ မဟုတ်ပဲ အပြင်မှာလဲ တစ်ယောက်ကို တစ်ယောက် စနောက်ရင်း ချစ်ကြတဲ့ ညီအစ်ကိုလို ခင်မင်ကြသူတွေပါ။
ပရိသတ်တွေလဲ မိမိတို့ချစ်တဲ့ အနုပညာရှင်တွေရဲ့ အကြောင်းကို သိရလို့ ကျေနပ်ကြမယ်ထင်ပါတယ်။ ဒီပိုစ့်လေးကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးပဲ တင်ရှိပါတယ်နော်။
မိုမိုလေး