• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Tuesday, April 13, 2021
No Result
View All Result

သူငယ်ချင်း စိုင်းစိုင်းခမ်းလှိုင် ဒီနေ့အထိ ကြောက်ခမန်းလိလိ အောင်မြင်နေရတဲ့ အကြောင်းရင်းကို ပြောပြလာတဲ့ စမိုင်းလ်

We Love Cele by We Love Cele
February 8, 2020
in အနုပညာ
0

မအိုဆေးစားထားသလားလို့တောင် ပရိသတ်​​တွေက သံသယဝင်ရ​လောက်​တဲ့အထိ နုပျိုလွန်းသူကြီး စိုင်းစိုင်းခမ်းလှိုင်ကတော့ ဆယ်​​ကျော်​သက်​​ကောင်​မ​လေး​တွေရဲ့ သဲသဲလှုပ်​ချစ်​ခင်​အား​ပေးခြင်းကို ခံထားရတာပါ။ ဒီနေ့ကတော့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ အသက် (၄၀) ပြည့် မွေးနေ့ဖြစ်ပြီး ချစ်ရခင်ရတဲ့သူတွေအကုန်လုံးကလည်း မွေးနေ့ဆုတောင်းပေးခဲ့တာ တွေ့ရပါတယ်။ သူငယ်ချင်းတစ်ဦးဖြစ်တဲ့ သရုပ်ဆောင် စမိုင်းလ်ကလည်း သူငယ်ချင်းရဲ့မွေးနေ့မှာ ဒီနေ့အထိ စိုင်းစိုင်းတစ်ယောက် ဒိတ်ဒိတ်ကြဲအောင်မြင်နေရတဲ့အကြောင်းကိုပြောပြီး မွေးနေ့ဆုတောင်းပေးခဲ့တာ တွေ့ရပါတယ်။

လးချစ်ပရိသတ်တွေအတွက် သူငယ်ချင်းအတွက် မွေးနေ့ဆုတောင်းပေးရင်း စိုင်းစိုင်းတစ်ယောက် ဒီနေ့ထိတိုင် ဒိတ်ဒိတ်ကြဲအောင်မြင်နေရတဲ့အကြောင်းကို ပြောပြခဲ့တဲ့ စမိုင်းလ်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

စမိုင်းလ်ကတော့ “စိုင်းစိုင်းခမ်းလှိုင်ဆိုတာ ဦးပီတာနဲ့ အတူတူကျမတို့စပြီးအနုပညာလုပ်ကြတယ်. VCD တွေခေတ်ကမနားတမ်းသူနဲ့အတူတူရိုက်ခဲ့ကြတယ်.. Strand hotel မှာသူ့သီချင်းစဆိုတော့လူတွေရဲ့အဆဲအအော်ခံပြီးသီချင်းကိုပြီးအောင်ဆိုသွားခဲ့တယ်.. သူ့သီချင်းခွေထွက်တော့လည်းကိုယ်တွေနဲ့ဖူဆန်မှာကြော်ငြာရိုက်ကြ.. သူနဲ့စခင်ကတည်းက သူရဲ့ကောင်းတဲ့အကျင့်ကအလုပ်တိုင်းကိုစိတ်ဝင်တစားနဲ့လုပ်တယ်ကြိုးစားတယ်..နောက်ပိုင်းကျမသရုပ်ဆောင်ပိုလုပ်ဖြစ်တော့သူနဲ့သိပ်မရိုကိဖြစ်တော့ဘူး..

နိုင်ငံခြားကပြန်လာတော့သူ့ရဲ့အောင်မြင်မှုကကြောက်ခမန်းလိလိဖြစိနေတာတွေ့ရတော့မအံ့သြပေမဲ့ rapper တွေဒီလောက်များတဲ့ခေတ်မှာသူဘာလို့ခုထိအောင်မြင်နေတာလဲဆိုတာထူးဆန်းနေတယ်…အခုအချိန်ထိသူဘာလို့အောင်မြင်နေတယ်ဆိုတာသိလိုက်ရတော့မထူးဆန်းတော့ဘူး…သူဘာလို့အောင်မြင်နေလဲဆိုတော့ သူပရိတ်သတ်ကိုတန်ဖိုးထားတယ်.. ကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ်ဝေဖန်တာကိုလက်ခံနိုင်တယ်.. အဓိကကသူဆက်ဆံရေးကောင်းတယ်. ခေတ်ကိုအမြဲမပြတ်လေ့လာတယ်.. သူ့ market ကိုသူသိတယ်. . Business mind ရှိတယ်… အောင်မြင်မှုပေါ်မှာရစ်မူးပြီးမနေဘူး မနားမနေကြိုးစားတယ်.. အသက်ကြီးပေမဲ့မပျက်စီးသေးဘူး 🤣Congratulations and Happy Birthday သယ်ရင်း နောက်အနှစ်လေးဆယ်ထိပွဲတွေလုပ်နိုင်ပါစေ” ဆိုပြီး သူငယ်ချင်းအတွက် မွေးနေ့ဆုတောင်းပေးခဲ့တာပါ။

စိုင်းစိုင်းနဲ့ စမိုင်းလ်တို့ သူငယ်ချင်းနှစ်ဦးရဲ့ခင်မင်မှုကတော့ တကယ့်ကို ချစ်စရာလေးပါပဲနော်။ ချစ်ပရိသတ်တွေလည်း စိုင်းစိုင်းရဲ့အသက် (၄၀) ပြည့် မွေးနေ့အတွက် ဆုတောင်းစကားလေးတွေ ပြောသွားခဲ့ပါဦးနော်။

မိုမိုလေး

Previous Post

ဇနီးမောင်နှံ နှစ်ယောက်လုံး မျက်လုံးတွေတူနေရတဲ့အကြောင်းရင်းကို ပြောပြလာတဲ့ ရွှေထူး

Next Post

မြန်မာ့ရိုးရာဓလေ့ ထမနဲထိုးပွဲကို အားမာန်အပြည့်နဲ့ ပါဝင်ဆင်နွှဲခဲ့တဲ့ Sinon

Next Post

မြန်မာ့ရိုးရာဓလေ့ ထမနဲထိုးပွဲကို အားမာန်အပြည့်နဲ့ ပါဝင်ဆင်နွှဲခဲ့တဲ့ Sinon

ဖုန်းဆက်ပြီး အတူအိပ်ဖို့ပြောလာတဲ့ သူကြောင့် ဒေါသထွက်ခဲ့ရတဲ့ မေမဒီ

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!