• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Tuesday, April 13, 2021
No Result
View All Result

အော်စကာဆုပေးပွဲမှာ ထူးချွန်ဆုတွေများစွာကို သိမ်းပိုက်ရယူနိုင်ခဲ့တဲ့ ‘Parasite’ ရုပ်ရှင်ကား

We Love Cele by We Love Cele
February 10, 2020
in အနုပညာ
0

နှစ်စဉ်လိုလိုကျင်းပပြုလုပ်လာခဲ့တဲ့ အော်စကာဆုပေးပွဲဟာ အခုဆိုရင် ၉၂ ကြိမ်မြောက်ရှိနေပြီဖြစ်ပြီး ဒီနှစ်အတွက် ဆုပေးပွဲကိုတော့ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့ရှိ Dolby Theatre မှာ ကျင်းပပြုလုပ်လျှက်ရှိပါတယ်။

Image result for Parasite

Image may contain: 1 person, suit

Image may contain: 4 people

ဒီပွဲကို ဟောလိဝုဒ်ရဲ့ နာမည်ကျော်အနုပညာရှင်တွေများစွာအပြင် ‘Parasite’ ရုပ်ရှင်ကားရဲ့ ဖန်တီးသူဖြစ်တဲ့ နာမည်ကြီးကိုရီးယားလူမျိုးဒါရိုက်တာ Bong Joon Ho ကလည်း ဇာတ်ကားရဲ့အဓိကသရုပ်ဆောင်တွေနဲ့အတူ တက်ရောက်ခဲ့တာကို တွေ့ရပါတယ်။ ကိုရီးယားအနုပညာရှင်တွေအနေနဲ့ နိုင်ငံတကာက ရုပ်ရှင်ပွဲတော်တွေ၊ တေးဂီတဆုပေးပွဲတွေကို မကြာခဏဆိုသလိုတက်ရောက်ကြလေ့ရှိသော်ငြားလည်း အော်စကာဆုပေးပွဲကို တက်ရောက်တာကတော့ ဒါဟာ ပထမဆုံးအကြိမ်ပဲ ဖြစ်ပါတယ်။

Image may contain: 1 person, standing, night and suit

Image may contain: 5 people, people standing

ပြီးခဲ့တဲ ၂၀၁၉ ခုနှစ်တုန်းက နိုင်ငံတကာမှာ အောင်မြင်စွာနဲ့ပြသနိုင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေထဲမှာ ‘Parasite’ ရုပ်ရှင်ကားဟာလည်း တစ်ကားအပါအ၀င်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပြသခဲ့စဉ်တုန်းကဆိုရင်လည်း အဆိုပါရုပ်ရှင်ကားဟာ ပရိသတ်တွေရဲ့အကြိုက်နဲ့ ထပ်တူကျခဲ့ပြီး အားပေးချီးကျူးမှုတွေ ရရှိခဲ့တာကို တွေ့ရပါတယ်။

Image may contain: 1 person

Image may contain: 1 person, standing, wedding and suit

ကျွမ်းကျင်သူ၊ ဝေဖန်သူတွေရဲ့ ချီးကျူးလက်ခံအားပေးမှုတွေကိုရရှိခဲ့တဲ့ ဒီရုပ်ရှင်ဇာတ်ကားဟာ အခုဆိုရင်တော့ ကမ္ဘာ့နာမည်အကြီးဆုံးသော ရုပ်ရှင်ဆုပေးပွဲဖြစ်တဲ့ အော်စကာဆုပေးပွဲကြီးမှာ နိုင်ငံတကာက နာမည်ကျော်ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ယှဉ်ပြိုင်ကျော်ဖြတ်ကာ ထူးချွန်ဆုတွေကို သိမ်းပိုက်ရယူလို့သွားခဲ့ပြီ ဖြစ်ပါတယ်။

Image may contain: 6 people, wedding

Image may contain: one or more people, crowd, night and indoor

‘Parasite’ ရုပ်ရှင်ကားအနေနဲ့ ရရှိခဲ့တဲ့ဆုတွေကတော့ အကောင်းဆုံးမူရင်းဇာတ်ညွှန်းဆု၊ အကောင်းဆုံးနိုင်ငံခြားစကားပြောရုပ်ရှင်ဆုနဲ့ အကောင်းဆုံးဇာတ်ကားဆုတို့ဖြစ်ပြီး ဒါရိုက်တာ Bong Joon Ho ကတော့ ဒီဇာတ်ကားနဲ့ အကောင်းဆုံးရုပ်ရှင်ဒါရိုက်တာဆုကို ထူးထူးချွန်ချွန်နဲ့ ထိုက်တန်စွာသိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Image result for Parasite

မိုမိုလေး

Previous Post

အဖေက သရုပ်ဆောင်လုပ်ဖို့ ခွင့်ပြုလိုက်ပြီဆိုတဲ့ မှုံနံ့သာကျော်ရဲအောင်

Next Post

သားလေးတက်နေတဲ့ ကျောင်းပါတီကို တက်ရောက်ခဲ့ကြတဲ့ နန်းမြတ်ဖြိုးသင်းတို့ ဇနီးမောင်နှံ

Next Post

သားလေးတက်နေတဲ့ ကျောင်းပါတီကို တက်ရောက်ခဲ့ကြတဲ့ နန်းမြတ်ဖြိုးသင်းတို့ ဇနီးမောင်နှံ

ကိုယ်ပိုင်ကား ဝယ်မစီးဘဲ MTV တွေ အကောင်ဆုံးဖြစ်အောင်ရိုက်မယ်ဆိုတဲ့ Ar-T

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!