နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် မျိုးစန္ဒီကျော် ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ အနုပညာရှင် တစ်ဦးပါ။ မျိုးစန္ဒီကျော် က ချောမောလှပပြီး သူမသရုပ်ဆောင်ရိုက်ကူးခဲ့တဲ့ ဇာတ်ကားများစွာ ရှိတာကြောင့် သူမကို ချစ်ခင်အားပေးတဲ့ ပရိသတ်အခိုင်အမာရရှိထားသူလေးပါ။ မျိုးစန္ဒီကျော် မှာ ချစ်စရာကောင်းတဲ့ သမီးလေး Jewel ကိုပိုင်ဆိုင်ထားပြီး Jewel လေးကလည်း ပရိသတ်တွေ ချစ်ရတဲ့ သူလေးပါ။ ဒီတစ်ခါမှာတော့ ချစ်ပရိသတ်တ်ေအတွက် သူမရဲ့ သမီးလေးကို ဆုံးမတဲ့အခါ ရိုက်ပြီးမဆုံးဖြစ်တဲ့ အကြောင်းပြောထားတဲ့ မျိုးစန္ဒီကျော် ရဲ့အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်နော်။
မျိုးစန္ဒီကျော်က ခုနောက်ပိုင်းမှာ အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်လာပြီဖြစ်ပြီး ချစ်စရာကောင်းတဲ့ သမီးလေးနဲ့ ပုံရိပ်လေးတွေကို ချစ်တဲ့ ပရိသတ်တွေအတွက်ဖော်ပြပေးလေ့ရှိပါတယ်။
ဒီတစ်ခါမှာတော့ မျိုးစန္ဒီကျော် က သမီးလေးကို ဆုံးမတဲ့အခါမှာ ရိုက်ပြီးမဆုံးမ ဖြစ်တဲ့အကြောင်းကို ” သားသမီးကို ဆုံးမတယ် ဆိုတာက အစ်မတို့ တုန်းကလည်း အရိုက်ခံရတာပဲနော်။ အမှန်တော့ ရိုက်ခံရတာမကောင်းဘူး၊ ရိုက်ရင် ရွှဲ့ပြီးပိုလုပ်ချင်တာမျိုးလေ။ ရိုက်မယ့်အစား သူ့ကို နားလည်အောင်ပဲပြောဖြစ်တယ်။အစ်မကိုယ်တိုင်လည်း ရိုက်တာမကြိုက်တဲ့အတွက် အေးအေးဆေးဆေးပဲပြောပြတယ်။အစ်မက သမီးလေးနဲ့ ပွင့်ပွင့်လင်းလင်း အမြဲ ဆွေးနွေးဖြစ်တယ်။အမေမကြိုက်တာ ၊ သမီးမကြိုက်တာ ပွင့်ပွင့်လင်းလင်းပြောတဲ့ အကျင့်ကို ခုအရွယ်တည်းက လုပ်ထားပေးတယ်။”
” အဲဒီအကျင့်လေး လုပ်ထားတော့ ကြီးလာရင် ဘာဖြစ်မလဲ ဆိုတော့ အမေ့ကိုလည်း မကျေနပ်ရင် မကျေနပ်ဘူး ပွင့်ပွင့်လင်းလင်းပြောတော့မယ်။ဒီလိုမဟုတ်ပဲ သူ့ကို ရိုက်မယ်ဆိုရင် သူလုပ်ချင်ရာခိုးလုပ်တော့မှာ။ မိဘနဲ့ သားသမီး ဆိုပေမယ့် သားသမီးကို ပေးရမယ့် Respect ရှိတယ် ။ဘယ်ကိစ္စမဆို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခိုင်း၊ ညှို့နှုင်းခိုင်းရင် မိဘနဲ့ သားသမီးကြားအဆင်မပြေတာတွေ မရှိနိုင်တော့ဘူး။
“တစ်ချို့ မိဘတွေ ရှိတယ်” ငါမိဘ ၊ ငါမှန်တယ်။ ငါပြောတဲ့အတိုင်းလုပ်ရမယ် ဆိုတဲ့ အတ္တတွေ ရှိတယ်။အမှန်တကယ်တော့ သားသမီးလည်း လူပဲ ၊ သူ့မှာလည်း အတ္တရှိမယ်၊ အမြင်ရှိမယ်၊ ခံစားချက်ရှိမယ်၊ခုခေတ်က လေ့လာစရာပိုများတယ် သားသမီးနဲ့ မိဘကြားပွင့်ပွင့်လင်းလင်းဆွေးနွေးမှုတွေ ပိုလိုအပ်လာတယ်။ တစ်ချို့ ရှေးရိုးဆွဲမိဘတွေ လက်မခံကြဘူး အမှန်က မဖြစ်သင့်ပါဘူး” လို့ ဖြေထားပါတယ်။
သမီးလေးနဲ့ သူမအကြားရှိတဲ့ ဆက်ဆံရေးကို ပြောပြထားတဲ့ မျိုးစန္ဒီကျော် ရဲ့ အကြောင်းကို ပရိသတ်တွေ သိလောက်ပြီ ထင်ပါတယ်။ ကြည့်ရှုပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။
မိုမိုလေး