• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Tuesday, April 13, 2021
No Result
View All Result

Valentine’s Day မရောက်ခင်မှာပဲ နှင်းဆီပန်းတွေ လက်ဆောင်ရခဲ့တဲ့ နေခြည်ဦး

We Love Cele by We Love Cele
February 12, 2020
in အနုပညာ
0

Beauty Blogger အဖြစ်ကနေ သရုပ်ဆောင် အဖြစ် ခြေလှမ်းသွက်သွက်တွေနဲ့ လှမ်းလာနိုင်ခဲ့တဲ့ နေခြည်ဦးက သူမရဲ့ Lifestyle တွေကို ပွင့်လင်းမြင်သာစွာ ချပြတတ်သူတစ်ဦးပါ။

Image may contain: 1 person, closeup

Image may contain: 1 person

မကြာသေးခင်ကမှ သူမရင်သားခွဲစိတ်မှုမှတ်တမ်းအခြေအနေကိုလည်း ပရိသတ်တွေ သိရှိနိုင်အောင် Vlog လေးတစ်ခုနဲ့ မျှဝေပေးထားတာတွေ့ရပါတယ်။ နေခြည်ဦးရဲ့ ထူးခြားချက်က သူမကိုယ်သူမ တစ်နှစ်နဲ့တစ်နှစ်မတူအောင် ခန္ဓာကိုယ်အရရော စိတ်အရပါ ပြောင်းလဲမှုတွေတစ်ခုပြီးတစ်ခု ပြုလုပ်နေလေ့ရှိတာပါ။

Image may contain: 2 people, people smiling, people sitting

Image may contain: 1 person, closeup

သူမရဲ့ပြောင်းလဲမှုတိုင်းကိုလည်း ပရိသတ်တွေကို အသိပေးရုံသာမက သူမလိုပဲ ပြောင်းလဲချင်သူတွေအတွက် တစ်ဖက်တစ်လှမ်းကနေ အထောက်အကူဖြစ်အောင် အတွေ့အကြုံတွေကို Sharing လုပ်လေ့ရှိပါတယ်။ နေခြည်ဦးဟာ မြန်မာနိုင်ငံက မိန်းကလေးပရိသတ်အတော်များများရဲ့ အမာခံအားပေးမှုကို ပိုင်ဆိုင်ထားရုံသာမက သူမရဲ့ Fan တွေအပေါ်မှာလည်း တလေးတစားနဲ့ အလေးထားဆက်ဆံတတ်သူဖြစ်ပါတယ်။

Image may contain: 1 person, smiling, indoor

Image may contain: 1 person, indoor

မကြာခင်မှာ ကျရောက်လာတော့မှာ ချစ်သူများနေ့အတွက် နေခြည်ဦးက ကြိုပြီး နှင်းဆီပန်းတွေလက်ဆောင်ရခဲ့ပါတယ်။ ဒီနှင်းဆီပန်းတွေကိုတော့ သူမဟာ ယောက်ကျားလေးတစ်ယောက်ဆီက ရတာမဟုတ်ဘဲ မိန်းကလေးတစ်ယောက်ဆီက လက်ဆောင်ရခဲ့တာဖြစ်တယ်လို့သိရပါတယ်။ သူမရဲ့ အချစ်ဆုံးသူငယ်ချင်း BFF ဆီကနေ နှင်းဆီပန်းလေးတွေကို လက်ဆောင်ရခဲ့တာကြောင့် သူမလိုပဲ မိန်းကလေးအချင်းချင်း ပေးတဲ့ နှင်းဆီပန်းလေးတွေ လက်ဆောင်ရဖူးလားလို့ မေးခွန်းထုတ်ထားတာလည်းဖြစ်ပါတယ်။

Image may contain: 1 person, flower

Image may contain: 2 people, indoor

ကဲ…ပရိသတ်ကြီးရေ….နေခြည်ဦးလို ကိုယ့်ရဲ့ BFF ကပေးတဲ့ လက်ဆောင်လေးတွေ ရဖူးကြလားနော် ဖြေခဲ့ပါဦး။

Cele Star

Previous Post

မိတ်ကပ်မလိမ်း အဖက်မပါတဲ့ သူမပုံကို ဝေဖန်တဲ့သူတွေကို ဒဲ့ပြောလိုက်တဲ့ မြတ်ကေသီအောင်

Next Post

အေးမြတ်သူရဲ့ ကျစ်လျစ်လှပတဲ့ အမိုက်စား Body ရဲ့ နောက်ကွယ်က ကြိုးစားမှုများ

Next Post

အေးမြတ်သူရဲ့ ကျစ်လျစ်လှပတဲ့ အမိုက်စား Body ရဲ့ နောက်ကွယ်က ကြိုးစားမှုများ

ဘာသာတရားကိုင်းရှိုင်းတဲ့ သားလေးသိဒ္ဓိစစ်ရဲ့ အမူအကျင့်လေးတွေကို ပြောလာတဲ့ မယ်လိုဒီ

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!