• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Tuesday, April 13, 2021
No Result
View All Result

နှစ်ဖက်မိဘတွေအတွက် ပထမဆုံးမြေးဦးလေးဖြစ်လာမယ့် ရင်သွေးလေးကို လွယ်ထားရပြီဖြစ်တဲ့ ဆန်းသစ်လ

We Love Cele by We Love Cele
February 13, 2020
in အနုပညာ
0

နှစ်ဖက်မိဘတွေအတွက် ပထမဆုံးမြေးလေးပါတဲ့။ ဆန်းသစ်လကတော့ ပထမဆုံးရင်သွေးလေးကို ကိုယ်ဝန်လွယ်ထားရပြီဖြစ်လို့ အရမ်းပျော်နေတယ်လို့ဆိုပါတယ်။ သားလေး ရရ၊ သမီးလေးရရ အရမ်းချစ်သွားမယ်လို့ ဝမ်းသာအားရနဲ့ပြောပြလာပါတယ်။

Image may contain: 2 people, people smiling, people standing and shoes

အဆိုတော် ဆန်းသစ်လ ကတော့ ပထမဆုံးရင်သွေးလေးကို ကိုယ်ဝန်လွယ်ထားရပြီလို့ သိရပါတယ်။ သူမအတွက် မထင်မှတ်ထားတဲ့ နှစ်သစ်လက်ဆောင်လေး ဖြစ်လာတာကြောင့်လည်း အရမ်းဝမ်းသာနေတယ်လို့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

Image may contain: 1 person, smiling, sitting and indoor

“ကိုယ်ဝန်က ၇ ပတ်ကျော်ပါပြီ။ နှစ်သစ်လက်ဆောင်အနေနဲ့ မထင်မှတ်ပဲ ရခဲ့တာဆိုတော့ အရမ်းဝမ်းသာတယ်။ ကိုယ့်ရဲ့ ရင်သွေး သက်ဦးလေး ဖြစ်တဲ့အတွက်ကြောင့်လည်း အရမ်းရင်ခုန်ပါတယ်။ သားလေးရရ၊ သမီးလေးရရချစ်မယ်။ အရမ်းဂရုစိုက်ပေးမယ်။ ကိုယ်က မိခင်လောင်းဖြစ်သွားပြီဆိုတော့ မိခင်လောင်းတွေနဲ့ ပတ်သက်တာတွေကို လေ့လာဖြစ်တယ်။ ကိုယ်ဝန် ၅ ပတ်လောက်ကတည်းက စသိခဲ့တာပါ” လို့ ရင်ခုန်စိတ်လှုပ်ရှားရင်း ပြောပြခဲ့တာပါ။

Image may contain: 2 people, people smiling, indoor

သူမအနေနဲ့ မိခင်လောင်း တစ်ယောက်ဖြစ်လာတဲ့အတွက် အစစအရာရာ ဆင်ဆင်ခြင်ခြင်နေထိုင်လာတယ်လို့ ဆန်းသစ်လ က ပြောပါတယ်။ ကိုယ်တိုင်က ပြောင်းလဲသွားတဲ့အရာတွေလည်းရှိတယ်လို့ သူကဆိုပါတယ်။

Image may contain: 1 person, smiling, standing and outdoor

” မိခင်လောင်းဖြစ်လာပြီဆိုတော့ ကြိုတင်ပြင်ဆင်မှုတွေကတော့ အများကြီးပဲ။ ကိုယ်က ပုံမှန်ဆို သွားသွားလာလာ အမြဲရှိတဲ့သူ၊ အခုဆိုရင် အိမ်မှာနေတာ ၂ ပတ်ကျော်ပြီ။ ကိုယ်ဝန်ရှိလာပြီဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ပိုဂရုစိုက်ဖြစ်တယ်။ ကိုယ်ဝန် နုနေပြီဆိုတော့ အစားအသောက်လည်း ရှောင်သင့်တာ ရှောင်တယ်။ ကိုယ်ဝန်နဲ့ မတည့်တဲ့အစားအသောက်တွေဆို မစားတော့ဘူး။ ကိုယ်ဝန်နဲ့ပတ်သက်တဲ့ အားဆေးတွေသောက်နေပါပြီ။ အရင်တုန်းကဆိုရင် ကိုယ်တိုင်သတိမထားမိတဲ့အရာတွေကို ပိုပြီးတော့ သတိထားမိလာတယ်၊ ကျန်းမာရေးရော၊ အနေအထိုင်အသွားအလာရော ပိုပြီးတော့ ဂရုစိုက်မိလာတယ်။” လို့ ပြောပါတယ်။

Image may contain: 1 person, smiling, standing and wedding

ဆန်းသစ်လရဲ့ ကိုယ်ဝန်ကြောင့် နှစ်ဖက် မိသားစုဝင်တွေကလည်း အရမ်းပျော်နေကြတယ်လို့ သူမက ပြောပါတယ်။ အမြဲတမ်း ဂရုတစိုက်ရှိလှတဲ့ ခင်ပွန်းဖြစ်သူ ကိုဝင်းမြတ်ကလည်း ပိုပြီးတော့ ဂရုစိုက်ပေးတယ်လို့ ဆိုပါတယ်။

Image may contain: 2 people, people smiling, people standing

” ဒီကိုယ်ဝန်က ညီမဘက်မှာရော၊ ခင်ပွန်းရဲ့ ဘက်မှာလည်း ပထမဆုံးမြေးလေးဖြစ်လာမှာပါ။ အဲဒီအတွက် နှစ်ဖက်မိဘတွေကလည်း အရမ်းပျော်နေကြတယ်။ ညီမကိုလည်း အရမ်းဂရုစိုက်ပေးကြပါတယ်။ ခင်ပွန်းကတော့ ရည်းစားဘဝတုန်းကရော၊ အိမ်ထောင်သည်ဘဝ ကိုယ်ဝန်မရှိခင်တုန်းကရော ညီမအပေါ်ကို အရမ်းဂရုစိုက်ပေးပါတယ်။ အခု ကိုယ်ဝန်ရှိလာပြီဆိုတော့ အရင်တုန်းကထက် ၂ ဆ ပိုဂရုစိုက်ပေးပါတယ်” လို့ ဆက်လက် ပြောပြခဲ့ပါသေးတယ်။

Image may contain: 2 people, people smiling, closeup

ဆန်းသစ်လကို ဝါရင့်အဆိုတော် သရုပ်ဆောင် မေရွက်ဝါရဲ့ သမီး တစ်ယောက် အဖြစ် အနုပညာအသိုင်း အဝိုင်း ကရော၊ ပရိသတ်တွေကပါ သိရှိခဲ့ပါတယ်။ သူမဟာ ဝါရင့် သရုပ်ဆောင်ကြီး ဝါးခယ်မ ရဲမောင် ရဲ့ မြေးမလေး တစ်ဦးလည်း ဖြစ်ပါတယ်။ ဆန်းသစ်လက အနုပညာနဲ့ ပတ်သက်ပြီး သီချင်းတွေ ဆိုဖြစ်နေသလို ဓာတ်ပုံတွေလည်း ရိုက်ဖြစ်နေတယ်လို့ သိရပါတယ်။ သူမဟာ ခင်ပွန်းဖြစ်သူနဲ့ ချစ်သူသက်တမ်း ၃ နှစ်မှာ အိမ်ထောင်ပြုခဲ့တာဖြစ်ပါတယ်။ သူမရဲ့ မင်္ဂလာပွဲကိုတော့ ၂၀၁၉ ခုနှစ် မတ်လ ၁ ရက်နေ့က မင်းကွန်း တိပိဋကေ ကျာင်း တိုက်မှာရှိတဲ့ ရွှေရတုမင်္ဂလာခန်းမမှာ မင်္ဂလာဆွမ်းကျွေးပြုလုပ်ခဲ့ပြီး မတ်လ ၃ ရက်နေ့မှာတော့ ပြည်သူ့ရင်ပြင်အတွင်းက Western Park Ruby မှာ မင်္ဂလာပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Image may contain: 2 people, people standing

ဆယ်လီရပ်ကွက်

Previous Post

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ စကားတစ်ခွန်းကြောင့် ဝမ်းသာခဲ့ရတဲ့ နေဝင်း

Next Post

ကျိုက်ထီးရိုးရင်ပြင်မှာ လူပေါင်း (၁၅၀၀) ကြိတ်ကြိတ်တိုးစည်ကားအောင် ပါရမီဖြည့်ပေးနိုင်ခဲ့တဲ့ စမိုင်းလ်

Next Post

ကျိုက်ထီးရိုးရင်ပြင်မှာ လူပေါင်း (၁၅၀၀) ကြိတ်ကြိတ်တိုးစည်ကားအောင် ပါရမီဖြည့်ပေးနိုင်ခဲ့တဲ့ စမိုင်းလ်

ဒီနှစ် အကယ်ဒမီ ဆုပေးပွဲတက်ဖို့ မသေချာဘူးလို့ ခီမောင်နှံ ပြော

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!