သရုပ်ဆောင် ရွှေမှုံရတီက ခင်ပွန်းဖြစ်သူ ရွှေထူးတစ်ယောက် ဒီတစ်နှစ် ချစ်သူများနေ့မှာ ပိုပြီး ရိုလွန်းတယ်လို့ ဆိုလာပါတယ်။
အိမ်ထောင်သက်တမ်း ၁ နှစ်ကျော်သွားပြီဖြစ်တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ဟာ အတိုက်အခိုက်တွေကြားထဲက ဘဝ နှစ်ခုကို ပေါင်းစပ်ခဲ့ကြတာဖြစ်ပါတယ်။ ပရိသတ်အချို့ရဲ့ ဝေဖန်ပြောဆိုမှုအောက်မှာ ကြံ့ကြံ့ခံ လက်တွဲလာနိုင်ခဲ့တဲ့ အလျှောက် အချစ်တွေလည်း တစ်စက်လေးမှ မလျော့သွားအောင် ချစ်နိုင်ခဲ့ကြသူတွေပါ။
တစ်ဦးနဲ့တစ်ဦး အချစ်တွေ တိုးပွားလာအောင် Surprise တွေလုပ်ခဲ့ကြပြီး နွေးထွေးတဲ့ မေတ္တာတရားတွေလည်း ပေးခဲ့ကြပါတယ်။ လူငယ်တွေ အားကျရလောက်အောင် ချစ်ပြနိုင်သူတွေထဲမှာလည်း ရွှေဇနီးမောင်နှံ ပါတယ်လို့ ဆိုရမှာပါ။
ရွှေထူးဟာ ဒီတစ်နှစ် Valentine Day ကို နေပြည်တော်မှာ ဖြတ်သန်းခဲ့ရတာဖြစ်ပါတယ်။ နေပြည်တော်က ဟိုတယ်တစ်ခုမှာ ဇနီးဖြစ်သူ ရွှေမှုံအတွက် Surprise လုပ်ပေးခဲ့ပြီး သူမအကြိုက်ဆုံး အသုံးအဆောင်လေးဖြစ်တဲ့ ပိုက်ဆံအိတ်ကိုပါ လက်ဆောင်ပေးခဲ့သေးတာဖြစ်ပါတယ်။
ရေကူးကန်ရဲ့ နံဘေးမှာ ပြင်ဆင်ပေးထားတဲ့ စားသောက်ဝိုင်းလေးကလည်း ရွှေမှုံအတွက် ရွှေထူးရဲ့ အရိုနိုင်ဆုံးဆုလို့ပြောရမှာပါ။ ရွှေမှုံကတော့ ခင်ပွန်းသည်ရဲ့ ရိုဆန်ဆန် Surprise တွေကြောင့် ဘယ်လောက်တောင်ပျော်နေခဲ့လဲဆိုတာ ပုံလေးတွေကြည့်ရင်သိနိုင်မှာပါနော်။
Cele Star