• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Tuesday, April 13, 2021
No Result
View All Result

မွေးခြင်းနဲ့ ရှင်ခြင်းကြားမှာ ပီတိကိုစားပြီး အသက်ရှင်သွားမယ်ဆိုတဲ့ လင်းလင်းတို့မိသားစု

We Love Cele by We Love Cele
February 18, 2020
in အနုပညာ
0

ဖေဖော်ဝါရီလ ၁၇ ရက်နေ့လေးမှာ ခေတ်နဲ့သစ် ဖောင်ဒေးရှင်းကနေပြီး တစ်နှစ်ပြည့်နှစ်ပတ်လည်နေ့လေးကို LOTTE Hotel မှာကျင်းပပြုလုပ်ခဲ့ပါတယ်။

Image may contain: 15 people, people standing

ဖောင်ဒေးရှင်းလေးဟာ လင်းလင်းနဲ့ချစ်သုဝေတို့ရဲ့ အမြွှာသမီးလေး နှစ်ယောက် နာမည်ကို မှည့်တွင်ပြီး စတင်တည်ထောင်ခဲ့ကြပါတယ်။ မတည်ငွေများအဖြစ် ခေတ်နဲ့သစ်တို့ရဲ့ အစီအစဉ်လေးကို Channel 7 မှာပြသပြီး ရရှိလာမယ့် အကျိုးအမြတ်တွေနဲ့အတူ စတင်မတည်ခဲ့ကြတာဖြစ်ပါတယ်။ အဓိကအားဖြင့် မွေးရာပါ နှလုံးအပေါက်ပါတဲ့ ကလေးငယ်များနှင့် မွေးရာပါ ရောဂါဝေဒနာ ခံစားနေရတဲ့ ကလေးငယ်တွေကို ကုသပေးဖို့အတွက် တည်ထောင်ထားခဲ့တာဖြစ်ပါတယ်။

Image may contain: 17 people, people smiling, people standing

Image may contain: 19 people, people smiling

တစ်နှစ်ပြည့်သွားပြီဖြစ်တဲ့ ဖောင်ဒေးရှင်းနှစ်ပတ်လည်နေ့လေးမှာ သရုပ်ဆောင်နေခြည်ဦးကလည်း အလှူငွေ ကျပ်သိန်း ၅၀ လှူဒါန်းခဲ့ပါတယ်။ ဒီပွဲလေးကိုတော့ တစ်နှစ်ပတ်လုံး ဖောင်ဒေးရှင်းက ကုသပေးခဲ့တဲ့ ကလေးငယ်လေးတွေ တက်ရောက်လာခဲ့ပြီးတော့ သူတို့တွေရဲ့ ဝမ်းသာပီတိတွေနဲ့ ငိုကြတာလေးကိုကြည့်ပြီး ဆုံးဖြတ်ချက်တွေ ပိုမိုခိုင်မာခဲ့ကြောင်း လင်းလင်းကဆိုပါတယ်။

Image may contain: outdoor

“ပီတိ နေ့ရက်လေးပါဘဲ။ ခေတ်သစ်ဖောင်ဒေးရှင်း တစ်နှစ်ပြည့်တဲ့ပွဲလေး။ ခေတ်သစ်ကမ္ဘာပရိုဂရမ်ကနေ ကျနော်တို့ရရှိတဲ့ ကျပ်သိန်းပေါင်း ထောင့်ခြောက်ရာကျော်ကိုလဲ အားလုံးအလှူအဖြစ် လှူနိုင်ခဲ့ပါတယ်။ အလှူရှင်ပေါင်းများစွာရဲ့ မေတ္တာအလှူ၊ငွေအလှူကြောင့် ကလေးလေးတွေရဲ့မိဘများနှင့်အတူ ပီတိမျက်ရည်ဖြာရပါတယ်။ ဒီနှစ်မှာ ကလေးတွေရဲ့ကျန်းမာရေးအပြင် ပညာရေးဘက်ကိုလဲ အလှူစတင်မှာဖြစ်တဲ့အတွက် မုံရွာ ပုလဲနယ်မှာ အခြေခံပညာ မူလတန်းကျောင်းဆောင်တစ်ခုကို ပုလဲနယ်ပညာရေးမှူးနှင့် ညှိနှိုင်း၍ ဖောင်ဒေးရှင်းမှ အပြီးအစီးဆောက်လုပ်လှူဒါန်းမှာ ဖြစ်ပါတယ်။ ပုံတွင်ကြည့်ပါ–”

Image may contain: 1 person, standing and text

No photo description available.

“ခေတ်သစ်ဖောင်ဒေးရှင်းကနေ နှလုံးခွဲစိတ်ကုသပေးလိုက်တဲ့ ကလေးလေးတွေအချို့လဲ လာကြတယ်။ ဝမ်းသာပီတိနဲ့ငိုကြတဲ့သူတို့ရဲ့မိဘတွေကိုကြည့်ပြီး ကျနော်တို့ရဲ့ ဆုံးဖြတ်ချက်တွေပိုခိုင်မာလာပါတယ်။ မွေးခြင်းနဲ့သေခြင်း ကြားမှာ ပီတိကိုစားပြီး အသက်ရှင်ဖို့ကြိုးစားမယ်။ ခေတ်သစ်ဖောင်ဒေးရှင်းအလှူဟာ အားလုံးစုပေါင်းအားရဲ့ အလှူပါ 🙏🏼🙏🏼🙏🏼 သာဓုပါ 🙏🏼🙏🏼🙏🏼”

Image may contain: 7 people, people smiling, people standing

Image may contain: 8 people, people smiling, people sitting, flower, table and indoor

“(ခွဲစိတ်ကုသမှုမှ ဆရာ,ဆရာမကြီးများကိုလဲ ဂါရဝ ပြုကန်တော့🙏🏼🙏🏼🙏🏼ပါတယ်၊ မိဘသဖွယ်, အကိုလိုသဖွယ် အမြဲစောင့်ရှောက် လမ်းပြပေးတဲ့ ဦးပေါ်(ဦးမင်းကိုနိုင်) နှင့် ဦးဂျင်(ဦးဂျင်မီ) 🙏🏼🙏🏼🙏🏼လက်စုံမိုး ကျေးဇူးတင်ပါတယ်၊ ကိုဇေယျာ,မသင်ဇာ နဲ့ ဖောင်ဒေးရှင်း မိသားစုများ၊ အရေးကြီးဆုံးအလှူရှင်များ နှင့် လာရောက်ကြသော မီဒီယာ မိသားစုများအားလုံး ကျေးဇူးပါ ကျန်းမာကြပါစေ🙏🏼🙏🏼🙏🏼) Lynn & Treza Family”

Image may contain: 5 people, people smiling, people sitting and indoor

Image may contain: 4 people, people smiling, people sitting, crowd, wedding and indoor

လင်းလင်းတို့မိသားစုကတော့ မွေးခြင်းနဲ့ ရှင်ခြင်းကြားမှာ ပီတိကိုစားပြီး အသက်ရှင်ဖို့ကြိုးစားသွားမယ်လို့ ဘဝရဲ့ခိုင်မာတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ပြောပြလိုက်ပါတယ်။ ခေတ်သစ်ဖောင်ဒေးရှင်းကြီးကနေ အကူညီလိုအပ်နေတဲ့ကလေးငယ်တွေအတွက် ဒီထက်ပိုမို ကူညီလှူဒါန်းနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းရင်း….

Image may contain: 18 people, people smiling, crowd, wedding and indoor

Cele Star

Previous Post

ခေတ်နဲ့သစ်ကိုတွေ့ပြီး ကိုယ်ပိုင်မိသားစုဘဝလေးကို ပိုင်ဆိုင်ချင်သွားတဲ့ နေခြည်ဦး

Next Post

ဆုံးရှုံးခဲ့ရတဲ့ပိုက်ဆံတွေ ပြန်ပေးမယ်ဆိုရင် မေသန်းနုအမှုကို ပြန်ရုတ်သိမ်းပေးမယ်လို့ တရားလိုပြော

Next Post

ဆုံးရှုံးခဲ့ရတဲ့ပိုက်ဆံတွေ ပြန်ပေးမယ်ဆိုရင် မေသန်းနုအမှုကို ပြန်ရုတ်သိမ်းပေးမယ်လို့ တရားလိုပြော

အော်စကာဆုရ "Parasite" ရုပ်ရှင်ဖန်တီးသူတွေကို အိန္ဒိယရုပ်ရှင် ထုတ်လုပ်သူ တရားစွဲမည်

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!