• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Sunday, January 17, 2021
No Result
View All Result

တစ်ခဏအတွင်း ပရိသတ်ကြားမှာ အောင်မြင်မှုရခဲ့တဲ့ ရွှေနှစ်ရွှေရဲ့ သီချင်းအသစ်

We Love Cele by We Love Cele
July 13, 2020
in အနုပညာ
0

ဒီသီချင်းလေးကနေ ပရိသတ်ကို သိစေချင်တာလေးတွေရှိတယ်လို့ ရွှေထူးက ပြောပါတယ်။ ရွှေထူးနဲ့ ရွှေမှုန်ရတီ တို့ရဲ့ ” မိုးစက်များက ပြောသော” သီချင်းလေးကတော့ သီချင်းကို မိတ်ဆက်ပေးလိုက်တဲ့ ၄ နာရီအတွင်းမှာ ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ရှိန်ထိုး ရရှိခဲ့တာ တွေ့ရပါတယ်။

ရွှေထူးနဲ့ ရွှေမှုန်ရတီ တို့ရဲ့ သီချင်း အသစ်လေးကတော့ ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူကျခဲ့ပြီဖြစ်ပါတယ်။သီချင်းနာမည်ကတော့ “မိုးစက်များက ပြောသော” ဖြစ်ပြီး ရွှေထူးကိုယ်တိုင်ရေးထားတာဖြစ်ပြီး ရွှေထူးနဲ့ ရွှေမှုံတို့ရဲ့ ဒုတိယမြောက် စုံတွဲသီချင်းလေး သီဆိုထားတဲ့ သီချင်းတစ်ပုဒ်ပါ။

” မိုးစက်များက ပြောသော” သီချင်းလေးကို ဇူလိုင်လ (၁၂) ရက်နေ့ ညနေ ၄ နာရီ ၅၈ မိနစ်က ရွှေထူးရဲ့ Facebook Page မှာ တင်ခဲ့တာပါ။ ဒီသီချင်းလေးကို မိတ်ဆက်ပေးလိုက်တဲ့(၄) နာရီအတွင်းမှာ ပရိသတ်အားပေးမှု ၁သိန်း ပြည့်ခဲ့တယ်လို့ ရွှေထူးက ဆိုပါတယ်။

” 4 hr 1M” ဆိုပြီးတော့ အံ့သြဝမ်းသာတဲ့ စတစ်ကာလေးတွေ နဲ့ အတူ ရွှေထူးရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျမှာ ဇူလိုင်လ (၁၂)ရက်နေ့ ည ၉ နာရီ ၃၇ မိနစ်ကပဲ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့တာပါ။ ဇူလိုင်လ (၁၃) ရက်နေ့ မနက်ပိုင်း(၁၀)နာရီအချိန်ထိ ဒီ MTV လေးဟာ အားပေးတဲ့ ပရိသတ်ပေါင်း (၂) သိန်းပြည့်သွားပြီဖြစ်ပါတယ်။ ဒီသီချင်းလေးဟာ အချစ်သီချင်းပုံစံ ခပ်မိုက်မိုက်လေး ဖြစ်ပြီး ရွှေဇနီးမောင်နှံ နှစ်ယောက်ကပဲ ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ” မိုးစက်များက ပြောသော” သီချင်းလေးဟာ ရွှေထူးက ရွှေမှုန်ရတီကို Anniversary လက်ဆောင် အဖြစ် ပေးတဲ့ သီချင်းလေးပါ ဆိုပြီးတော့ ဇူလိုင် (၁၂) ရက်နေ့ ညနေပိုင်းကပဲ ရွှေထူးရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာပါ။

အပြင်မှာ ရှိတဲ့ ချစ်သူ စုံတွဲတွေမှာလည်း ဖုန်းမဆက်လို့၊ မက်ဆေ့ခ်ျမပို့လို့ စတဲ့အရာလေးတွေကနေတဆင့် ဖြစ်တတ်တဲ့ ပြဿနာလေးတွေကို ရွှေထူးက MTV လေးထဲမှာ ပုံဖော်ထားတယ်လို့ ဆိုပါတယ်။ ” မိုးစက်များက ပြောသော” သီချင်းလေးထဲမှာလည်း ပရိသတ်ကို သိစေချင်တဲ့ အရာလေးတွေကို ရွှေထူးက အခုလို ပြောပြလာပါတယ်။

“ရန်ဖြစ်တဲ့အခန်းကြီးပဲ ဘာလို့ကွက်ကွက်ကွင်းကွင်းမြင်အောင်ရိုက်ပြလဲဆိုတော့… ရုပ်ရှင်ထဲမှာဆို ဆင်ဆာ ထိလောက်မယ်ဗျ။ ဒါမျိုးတွေက Music Video ထဲမှာ ရန်ဖြစ်တဲ့အကြောင်းအရာကိုကြည့်ပါ Anniversary ပျော်ရမယ့်နေမှာရန်ဖြစ်တာ…အဲ့ဒီထက်ပေါ့ပါးတဲ့ပြဿနာတွေနဲ့ ကြီးကြီးကျယ်ကျယ်ရန်ဖြစ်နေတဲ့ အတွဲတွေလည်းအပြင်မှာအများကြီးပါ။ အထူးသဖြင့် လူငယ်တွေပိုများတာပေါ့ ငယ်တော့စိတ်မြန်တယ်၊ အမှားပိုများကြတယ်၊ မာနပိုထားကြတယ်၊ကောင်မလေးမှာလည်း ဝမ်းနည်းဒေါသတွေနဲ့စောင့်နေတဲ့အချိန်… ကောင်လေးကလည်း အပြင်မှာအလုပ်တွေပင်ပန်းလာတာရှိမယ်၊ စိတ်ရှုပ်လာတာတွေရှိမယ်၊ ဘာမဟုတ်တဲ့ပြသနာနဲ့ အကြီးအကျယ်စကားတွေများ ဆဲဆိုပြီး လက်တွေပါ… ရိုက်ရဲရင် ရိုက်ကြည့် စိန်ခေါ်… တစ်ယောက်ယောက်လျော့ရင် အဆင်ပြေသွားနိုင်ပေမယ့်… နှစ်ဖက်လုံးမလျှော့ကြဘူးလေ…တချို့တွေသဘောပေါက်နားလည်ကြပေမယ့် တစ်ချို့တွေအတွက်ကျ ကြည့်ရတာအရမ်းအကျည်းတန်နေပါလိမ့်မယ်… မတတ်နိုင်ဘူးလေ…အပြင်မှာ အရမ်းချစ်ကြတဲ့ အတွဲတွေ ဒီလိုရန်ဖြစ်ကြတယ်၊ ဒီ့ထက်ပိုဆိုးကြတယ် ဆိုတာ အမှန်တရားပဲ … ( ဒီလို ပုံစံမျိုးနဲ့ Music Video တင်ဆက်ပေးတာကို ဘဝင်မကျကြတဲ့မိဘပြည်သူအချို့ကိုလည်းတောင်းပန်ပါတယ်ခင်ဗျာ ” ဆိုပြီးတော့ ရွှေထူးရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျမှာ ဇူလိုင်လ (၁၃) ရက်နေ့ မနက် ၇ နာရီကျော်က ရေးသားထားတာ တွေ့ရပါတယ်။

Image may contain: 2 people, people sitting, table and indoor

ရွှေထူး နဲ့ ရွှေမှုံရတီတို့ သီဆိုထားတဲ့ “အမှား” သီချင်းကလည်း ပရိသတ်ကြားမှာရေပန်းစားခဲ့ပါသေးတယ်။ ဒုတိယမြောက် သီချင်းဖြစ်တဲ့ “မိုးစက်များက ပြောသော” သီချင်းကလည်း အခုဆို ပရိသတ်ဆီကို ရောက်ရှိလို့လာခဲ့ပါပြီ။

” ကျွန်တော်အနုပညာပိုင်းနဲ့ပတ်သက်လို့လည်းအများကြီးကြိုးစားပါဦးမယ်ခင်ဗျာ။ ဘယ်လိုမှအဆင်မပြေရင်လမ်းခွဲပါ၊ အမုန်းနဲ့လမ်းမခွဲပါနဲ့ အချစ်နဲ့ပဲလမ်းခွဲပါ။ P.S ဒီPostက သိတဲ့လူတွေအတွက်မဟုတ်ပါခင်ဗျာ။ လေးစားလျက်ရွှေထူး #မိုးစက်များကပြောသော…” ဆိုပြီးတော့လည်း ဆက်လက် ရေးသားထားပါသေးတယ်။

Image may contain: 2 people, people sitting, drink and indoor

လက်ရှိမှာ ရွှေထူးက ကိုယ်တိုင် သီဆိုထားတဲ့ “မ ဆယ်လီ သား တစ်လီ” သီချင်းလေးကလည်း အောင်မြင်လျှက်ရှိပါတယ်။ အဲဒီနောက် အဆိုတော် နိုင်းဝမ်း၊ အဆိုတော် မင်းမြတ်စိုးစံ တို့နဲ့ အတူ Single ဆိုတဲ့ သီချင်းအသစ်လေး ထွက်ရှိထားပါတယ်။သူ့ကိုတော့ အချစ်သီချင်းတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ဂီတနဲ့ပတ်သက်ပြီး ‘’စိတ်ကူးယဉ်စာအုပ်’’ ၊ ‘’I’’ ဆိုတဲ့ တစ်ကိုယ်တော်အခွေ ၂ ခွေထွက်ရှိခဲ့ပါတယ်။ အဲဒီနောက် သူ့ရဲ့ Single Song အသစ်လေးတွေကိုလည်း အွန်လိုင်း စာမျက်နှာပေါ်မှာ တင်ခဲ့တာကိုလည်း တွေ့ရပါတယ်။ သူဟာ သရုပ်ဆောင်အလုပ်တွေလည်း တစိုက်မတ်မတ်လုပ်ဆောင်လာ တာဖြစ်သလို သီချင်းတွေအသစ်တွေလည်း ကိုယ်တိုင်ဖန်တီးနေတယ်လို့ သိရပါတယ်။

ဆယ်လီရပ်ကွက်

Previous Post

သမီးလေးကို မငဲ့ဘဲ လောင်းကစားတွေ လုပ်ခဲ့ဖူးတယ်ဆိုတဲ့ ညီနန္ဒ

Next Post

မတရားမှုတွေကြားမှာ အားမရှိတော့ဘူးလို့ ရင်ဖွင့်လာတဲ့ မင်းရာဇာ

Next Post

မတရားမှုတွေကြားမှာ အားမရှိတော့ဘူးလို့ ရင်ဖွင့်လာတဲ့ မင်းရာဇာ

Covid ကာလမှာ ယောက္ခမက အလုပ်ပေးထားလို့ စားဝတ်နေရေးအဆင်ပြေနေတာဆိုတဲ့ ဆုပန်ထွာ

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!