• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Sunday, January 17, 2021
No Result
View All Result

သင်းသင်းကို မမှန်မကန်လိမ်လည်ထွက်ဆိုမူနဲ့ အရေးယူပေးဖို့ လျှောက်ထားလိုက်တဲ့ ဝေဠုကျော်ရှေ့နေ

We Love Cele by We Love Cele
July 19, 2020
in အနုပညာ
0

ရုံးချိန်း အခြေအနေကို ပြောပြလာပါတယ်။ သရုပ်ဆောင် ဝေဠုကျော်အား ကာမလိမ်လည်မှုနဲ့ တရားစွဲဆိုထားတဲ့ သင်းသင်းကို ဝေဠုကျော်ရဲ့ ရှေ့နေက သက်သေလိမ်လည်ထွက်ဆိုမှုနဲ့ အရေးယူပေးဖို့ ဇူလိုင်(၁၇) ရက်နေ့က ရုံးတော်ကို လျှောက်ထားလိုက်ပြီဖြစ်ပါတယ်။

ဝေဠုကျော် ရုံးချိန်း ပျက်ကွက်တာ ၄ ...

ကာမလိမ်လည်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် ဝေဠုကျော်ရဲ့ အမှုနဲ့ ပတ်သက်ပြီး တရားလိုဖြစ်သူ သင်းသင်းကို ဇူလိုင်လ (၁၇) ရက်နေ့ ရုံးချိန်းမှာ ဝေဠုကျော်ရဲ့ ရှေ့နေက ဒုတိယအကြိမ်မြောက် စစ်ဆေးမေးမြန်းမှုပြုလုပ်ခဲ့ပါတယ်။ ဒီရုံးချိန်းမှာ တရားလိုဘက်က ယခင်တုန်းက တရားစွဲဆိုခဲ့ဖူးတဲ့ အမှုတစ်ခုကို ဝေဠုကျော်ရဲ့ ရှေ့နေဘက်က တင်သွင်းခဲ့ပေမယ့် သင်းသင်းက ငြင်းဆိုခဲ့တယ်လို့ သိရပါတယ်။ အဆိုပါငြင်းဆိုမှုဟာ ရုံးတော်မှာ တရားလို ဘက်က မမှန်မကန် ထွက်ဆိုခြင်းဖြစ်တာကြောင့် စွပ်စွဲခံရသူရဲ့ ရှေ့နေက အရေးယူဖို့ လျှောက်ထားလိုက်တာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

အစာအိမ်အောင့်ပြီးအားပြတ်သွားကာ ...

“ မသင်းသင်းကနေပြီးတော့ အရင်တုန်းကအမှုတစ်ခုစွဲခဲ့ဖူးပါတယ်။ ဒါကို ကျွန်တော်က ဖော်ပြီးမေးတဲ့ အခါမှာသူ့ အနေနဲ့ ဒီအမှုကို စွဲဆိုဖူးခြင်းမရှိဘူးလို့ငြင်းတယ်ခင်ဗျ။ တရားလိုက သူကိုယ်တိုင်ပဲလေ။ အဲဒီအခါမှာ ဒီအမှုကို သူကိုယ်တိုင်က စွဲတဲ့အကြောင်းကို အဲဒီတုန်းက အမှုရဲ့ စီရင်ချက်ကို ကျွန်တော်က သက်သေပြန်သွင်းတယ်။ သက်သေသွင်းပြီးတော့ သူ့ကို မမှန်မကန်သက်သေ လိမ်လည်ထွက်ဆိုတဲ့ အမှုနဲ့ ရုံးတော်ကို အရေးယူပေးပါ ဆိုပြီးတော့ လျှောက်ခဲ့ပါတယ်။အရေး ယူ၊ မယူကတော့ ရုံးတော်က ဆုံးဖြတ်ပေးသွားမှာပါခင်ဗျ ” လို့ ပြောပါတယ်။

သရုပ်ဆောင်မှုတွေ အမိုက်စားကပြထား ...

၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၈) ရက်နေ့ကတည်းက ရုပ်ဆောင် ဝေဠုကျော်ကို ကာမလိမ်လည်ရယူမှု ပုဒ်မ (၄၁၇)နဲ့ သင်းသင်းက တရားစွဲဆိုခဲ့တာဖြစ်ပြီးအခုဆိုရင် ယင်းအမှုဟာ အချိန်တစ်နှစ်ကျော် ကြာမြင့်ခဲ့ပါပြီ။ အခုအချိန်ထိ စစ်ဆေးမေးမြန်းတွေ ဆက်တိုက်လုပ်နေပေမယ့်လည်း အမှုပြီးမယ့်အချိန်ကိုခန့်မှန်းလို့ မရသေးဘူးလို့ ဝေဠုကျော်ရဲ့ ရှေ့နေက ပြောပါတယ်။

ဝေဠုကျော်က သူရဲ့ နာမည်နဲ့ Facebook ...

“အမှုကာလ ပြီးမယ့် အချိန်ကိုတော့ ခန့်မှန်းလို့မရသေးပါဘူး။ ဒါက တရားရုံးက လုပ်ရမယ့် အလုပ်ဆိုတော့ ဘယ်နေ့၊ ဘယ်ရက်အတိအကျမပြောနိုင်သေးပါဘူး။ တရားလို ဘက်ခြမ်းမှာလည်း ဘယ်လောက်အ ထိ ပြီးမလဲ ဆိုတာလည်း မပြောပြနိုင်သေးဘူး။ ဒါက တရားလိုအပေါ်မှာလည်း မူတည်သေးတော့ ခန့်မှန်းလို့ မရပါဘူး” လို့ သူက ဆိုပါတယ်။

ဝေဠုကျော်နှင့် အလှမယ်သင်းသင်းတို့ ...

သင်းသင်းက ၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၈) ရက်နေ့က ကာမလိမ်လည်ရယူမှု ပုဒ်မ (၄၁၇) နဲ့ သရုပ်ဆောင် ဝေဠုကျော်ကို တရားစွဲဆိုဖို့ သင်္ကန်းကျွန်း တရားရုံးမှာ ဦးတိုက် လျှောက်ပြီးနောက် ၂၀၁၉ ဇန်နဝါရီလ (၂၂) ရက်နေ့ ပထမဆုံး ရုံးချိန်းမှာ သရုပ်ဆောင် ဝေဠုကျော်က ငွေကျပ်သိန်း(၅၀) နဲ့ အာမခံ ရရှိခဲ့ပါတယ်။

ဆယ်လီရပ်ကွက်

Previous Post

သာသနာ့ဘောင်ထဲမှာ (၁၁)ရက်ကြာ တရားအားထုတ်သွားမယ့် မေသန်းနု

Next Post

မျှော်လင့်ချက်ကင်းမဲ့နေတဲ့ မီးမီးခဲရဲ့ ကျန်းမာရေးအတွက် ဆုတောင်းပေးဖို့ တောင်းဆို

Next Post

မျှော်လင့်ချက်ကင်းမဲ့နေတဲ့ မီးမီးခဲရဲ့ ကျန်းမာရေးအတွက် ဆုတောင်းပေးဖို့ တောင်းဆို

လူတွေကြားထဲ မသွားချင်လောက်အောင် စိတ်ဓာတ်ကျနေပြီဆိုတဲ့ ထက်ထက်မိုးဦး

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!