• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Sunday, January 17, 2021
No Result
View All Result

သိက္ခာကျမှာစိုးလို့ မိသားစုကို ဖွက်ထားသလို ဖြစ်ခဲ့တဲ့ စည်သူ (ပလပ်ကျွတ်)

We Love Cele by We Love Cele
August 1, 2020
in အနုပညာ
0

ဖက်ရှင် ထူထူးဆန်းဆန်းတွေ ဝတ်ဆင်တတ်တဲ့ ဟာသ သရုပ်ဆောင် စည်သူ(ပလပ်ကျွတ်)ကတော့ ၂၀၀၄ ခုနှစ်ကတည်းက အိမ်ထောင်ကျခဲ့တာဖြစ်ပြီး သိက္ခာကျမှာစိုးလို့ မိသားစုကို ဖွက်ထားသလို ဖြစ်ခဲ့တယ်လို့ ဧရာဝတီကို ပြောပါတယ်။ “ကျနော် အိမ်ထောင်ကျတာ ၂၀၀၄ ခုနှစ်ကတည်းက။ ဦးကျော်ဟိန်းနဲ့ ဇာတ်ကားရိုက်ပြီးမှ အိမ်ထောင်ကျတာပေါ့။ ပလပ်ကျွတ်ဆိုတာ အပေါအရူးလို့ သတ်မှတ်ထားတာလေ။ အနုပညာလောကရော အပြင်လောကရောကပါ အဲ့လို သတ်မှတ်ထားတော့ ကျနော့်သားနဲ့ ကျနော့် မိန်းမကလည်း ကျနော့်ကို အရမ်းချစ်တော့ သိက္ခာကျမှာစိုးလို့ ဖွက်ထားတဲ့ ပုံစံမျိုး ဖြစ်နေတယ်”

Image may contain: 1 person, smiling

“ကျနော်က တည်တည်ငြိမ်ငြိမ် မဟုတ်ဘူးလေ။ သူများဆို ရိုက်စရာရှိရိုက်ပေမယ့် တည်တည်ငြိမ်ငြိမ်ပဲ။ သူတို့နောက်မှာ အမည်းစက်မရှိဘူး။ ကျနော်တို့ကျတော့ နောက်မှာ အမည်းစက်ကြီး ငပေါ ဆိုတဲ့ အမည်းစက်ရှိတယ်။ ဒါကလည်း ကျနော်ကိုယ်တိုင်က စိတ်ချမ်းသာအောင် နေတယ်။ သူတပါးကိုလည်း စိတ်ချမ်းသာအောင် ထားတယ်”

Image may contain: 1 person, hat and closeup

“အဲ့လို မျိုးနေတော့ အမြဲ ကျနော့်ကို နှိမ်တယ်။ ဒါပေမယ့် ကျနော်က ဘာမှမဖြစ်ပါဘူး။ ဟုတ်ကဲ့ဆိုပြီး ပြုံးပြုံးလေးနေပေမယ့် ရင်ထဲတော့ မကောင်းဘူးပေါ့။ အဲ့ဒါတွေက မိသားစုကို ထိခိုက်မှာစိုးလို့ သူတို့ကို ထုတ်မပြတာပါ”လို့ စည်သူ(ပလပ်ကျွတ်) က ပြောပါတယ်။အမျိုးသမီးက ခရစ်ယာန် ဘာသာဝင်ဖြစ်ပေမယ့် သူ့အပေါ် ပါရမီဖြည့်ဖက်ကောင်းဖြစ်ပုံကိုလည်း စည်သူ (ပလပ်ကျွတ်)က အခုလို ဆိုပါတယ်။

Image may contain: 2 people, people standing and closeup

“ကျနော့် အမျိုးသမီးက ခရစ်ယာန်ဘာသာဆိုပေမယ့် ကျနော် ခရီးတွေ သွားရင် မျက်နှာသစ်တော်ရေ ကပ်ပေးတယ်။ ဆီမီးအမွှေးတိုင် ထွန်းပေးတယ်။ ဘုရား မရှိခိုးရုံတမယ် အကုန်လိုက်လုပ်ပေးပါတယ်။ ကျနော့်အတွက် အရမ်းတော်တဲ့ မိန်းမပါ။ အရမ်းအလိုက်သိတဲ့ မိန်းမပါ။ ဖုန်း Password တောင် ပေးမသိလည်း ဘာမှ မပြောဘူး”လို့ စည်သူ (ပလပ်ကျွတ်)က ပြောပါတယ်။ ယခင်ကတော့ မိသားစုကို ထုတ်မပြခဲ့ပေမယ့် ရှေ့ဆက်ပြီး အသိသတိထားပြီး မိသားစုကိုပဲ ချစ်ပါတော့မယ်လို့လည်း စည်သူ(ပလပ်ကျွတ်)က ဆိုပါတယ်။

No photo description available.

“ကျနော် Facebook မှာ Single လို့ ရေးထားတာ လူပျိုပုံစံမျိုးနဲ့ နေတာဆိုတော့ ပရိသတ်တွေက ချစ်တာလည်း ပါမယ်။ ကိုယ်လည်း ကြောင်တာတွေ ပါမယ်။ အဲ့ဒါတွေ မြင်ရင်မကောင်းဘူးလေ။ ကျနော် ဇူလိုင် ၁၉ ကစပြီး အသိသတိထားပြီး ဖြတ်လိုက်ပါပြီ။ အဲ့လို စိတ်တွေ မရှိတော့ပဲဖြတ်ပြီး မိသားစုကို ပဲချစ်ပါတော့မယ် ”လို့ စည်သူ(ပလပ်ကျွတ်) က ပြောပါတယ်။

Image may contain: 1 person, smiling

စည်သူ (ပလပ်ကျွတ်) ကတော့ ရုပ်ရှင်နှင့် ဗီဒီယို ဇာတ်ကားပေါင်းများမှာ ဟာသ သရုပ်ဆောင် အဖြစ် ပါဝင် သရုပ်ဆောင်ပြီး စူပါဟီးရိုး ဝတ်စုံတွေ ဝတ်ဆင်လေ့ရှိတာကြောင့် လူသိများသူ တဦးပါ။ စည်သူ (ပလပ်ကျွတ်) ကတော့ “ကိုပေါ” ရုပ်ရှင် ဇာတ်ကားထဲမှာလည်း ပါဝင် သရုပ်ဆောင်ထားပါတယ်။

တရုတ်တွေကြားမှာ တစ်မူထူးခြားစွာ ...

ဆယ်လီရပ်ကွက်

Previous Post

ရဟန်းတစ်ပါးဖြစ်ဖို့ စည်းကမ်းတွေကို လေ့လာသင်ယူနေတဲ့ မင်းသန့်မောင်မောင်

Next Post

သီလရှင် ထွက်တုန်းက ထိုးထားတဲ့ ထီ ပထမဆုံးအကြိမ် ပေါက်လို့ ဝမ်းသာနေတဲ့ စမိုင်းလ်

Next Post

သီလရှင် ထွက်တုန်းက ထိုးထားတဲ့ ထီ ပထမဆုံးအကြိမ် ပေါက်လို့ ဝမ်းသာနေတဲ့ စမိုင်းလ်

အိမ်အသစ် ကားအသစ်ဝယ်ပေးပြီး မိဘနှစ်ပါးကို Surprise လုပ်ခဲ့တဲ့ ပိုင်တံခွန်

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!