• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Wednesday, April 14, 2021
No Result
View All Result

Quarantine ဝင်နေတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးကို ကလေးမွေးပေးနိုင်ခဲ့တဲ့ ဝေဠုကျော်

We Love Cele by We Love Cele
September 5, 2020
in အနုပညာ
0

အမှတ်တရတွေ ပြောပြလာပါတယ်။ ဝေဠုကျော်ကတော့ တောင်ဒဂုံမှာ Quarantine ဝင်နေတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးကို ကလေးမွေးပေးနိုင်ခဲ့တဲ့ အကြောင်းပြောပြလာပါတယ်။

Image may contain: 3 people, people smiling

ဝေဠုကျော်ကတော့ Covid ကာလမှာ ဝေဠုကျော်ဖောင်ဒေးရှင်း အဖွဲ့သားတွေနဲ့ အတူ Quarantine နေတဲ့သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးနေတာ တွေ့ရပါတယ်။ သူ့အနေနဲ့ Quarantine ဝင်နေရတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးကို အကူအညီပေးခဲ့ရတဲ့ အမှတ်တရတွေကို  အခုလို ပြောပြလာပါတယ်။

Image may contain: 1 person

“တောင်ဒဂုံ Q Center က အမျိုးသမီးတစ်ယောက် ကလေးမွေးဖို့အတွက် ရေမြွှာပေါက်ပြီဆိုပြီးတော့ အဲဒီမှာ တာဝန်ကျတဲ့ ကိုအောင်ကျော်ဆန်းက ကျွန်တော့်ကို ဖုန်းဆက်လာတယ်။ အဲဒီကို ကားလွှတ်ပေးခါနီးမှာ သူ့ကို ထပ်မေးတယ် ကလေးမွေးပြီလား၊ ကလေး မွေးတတ်တဲ့လူ ရှိလားမေးတယ်။ အဲဒီမှာ ကျွန်တော် ကြက်ခြေနီသင်တန်းတက်ထားတုန်းက အရေးပေါ် ကလေးမွေးနည်းပညာရပ်ကိုလည်း သင်ထားရတဲ့ အတွက် ကျွန်တော်ကိုယ်တိုင် PPE ဝတ်စုံဝတ်ပြီးလိုက်သွားခဲ့တယ်” ဆိုပြီးတော့ စက်တင်ဘာလ(၃) ရက်နေ့ က မီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ ဖြေဆိုခဲ့တာပါ။

ဒီ ကိုယ်ဝန်ဆောင် အမျိုးသမီးကိုလည်း တောင်ဒဂုံ Quarantine စင်တာကနေတဆင့် ဗဟို အမျိုးသမီးဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ ဆေးရုံကိုသွားနေတဲ့ လမ်းတစ်လျှောက်မှာပဲ ဒီအမျိုးသမီးကို ဝေဠုကျော်က ကလေးမွေးပေးနိုင်ခဲ့တယ်လို့ သူကဆိုပါတယ်။

သတင်းများ

“ အဲဒီအမျိုးသမီးက မလေးရှားကနေ ပြန်လာပြီး Q ဝင်နေရတာ (၂၁) ရက်ပြည့်ဖို့ ၈ ရက်ပဲ လိုတော့တာတဲ့။ သူ့ အမျိုးသားကလည်း မလေးရှားမှာ ကျန်ခဲ့တယ်။ သူ့မှာ လူနာစောင့်ကလည်း မရှိဘူး။ အဲဒီမှာ သူက ကလေးမွေးချင်တယ်ဆိုမှ ကျွန်တော်က မွေးပေးလို့ရမှာလေ။ ကျွန်တော်ကလည်း သူမွေးမယ်ဆိုမှ မွေးပေးလို့ရမှာ ဆရာဝန်လည်း မဟုတ်ဘူး။ ဒါပေမယ့် သားဖွားတာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်က သင်ထားပြီးသားပါလို့ ပြောပြခဲ့ရတယ်။ ရွာသာကြီးကနေ ဗဟိုအမျိုးသမီးဆေးရုံ အထိကို ညဘက်မောင်းတာ (၁) နာရီလောက်ကြာတယ်။ ဒါပေမယ့် ကားပေါ်မှာပဲ ကလေးကို ကောင်းကောင်းမွန်မွန် မွေးဖွားပေးနိုင်ခဲ့ပါတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။

ရုပ်ရှင်နှစ်ကား ရိုက်ကူးထားတယ်ဆိုတဲ့ ဝေဠုကျော် - Latest News

သရုပ်ဆောင် ဝေဠုကျော် ဦးဆောင်တဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းဟာ အခုလက်ရှိ COVID-19 ရောဂါ ကာကွယ်ရေးအတွက် သံသယလူနာများ သယ်ယူပို့ဆောင်ခြင်း၊ ဆေးဖြန်းခြင်းများဆောင်ရွက်လျှက်ရှိပါတယ်။ အဲဒီနောက် အမှန်တကယ် လိုအပ်မှု ရှိနေတဲ့ နေရာဒေသတွေမှာလည်း စားနပ်ရိက္ခာတွေ လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ မေလအတွင်းမှာလည်း နာဂဒေသအတွက် လိုအပ်တဲ့ ဆေးဝါးတွေကို ဝေဠုကျော် ဖောင်ဒေးရှင်းက လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ ဒါ့အပြင်ကျူးကျော်ရပ်ကွက်တွေမှာ နေထိုင်ရတဲ့ လူကြမ်းသရုပ်ဆောင်တွေ နဲ့ ဆိုက်ကား နင်းပြီး မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်နေရသူတွေကို အဝတ်အစား ၊ စားနပ်ရိက္ခာနဲ့ ငွေကြေးထောက်ပံ့မှုတွေ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။

ဆယ်လီရပ်ကွက်

Previous Post

ဆုပန်ထွာတို့ ဇနီးမောင်နှံကြောင့် ဘာသာရေးလုပ်ဖြစ်ခဲ့တာဆိုတဲ့ ညီနန္ဒ

Next Post

နတ်ဝတ်စုံတွေက ဝတ်နေကျပုံစံ မဟုတ်ဘဲ အထူးအဆန်း ဖြစ်ခဲ့တယ်ဆိုတဲ့ မင်းသူ

Next Post

နတ်ဝတ်စုံတွေက ဝတ်နေကျပုံစံ မဟုတ်ဘဲ အထူးအဆန်း ဖြစ်ခဲ့တယ်ဆိုတဲ့ မင်းသူ

ခင်ပွန်းဖြစ်သူနဲ့ သူငယ်ချင်း ဓမ္မမိတ်ဆွေအဖြစ်ရှိနေတယ်ဆိုတဲ့ ချမ်းမီမီကို

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!