• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Friday, March 5, 2021
No Result
View All Result

၎ လပြည့်သွားပြီဖြစ်တဲ့ ချစ်သမီးလေးရဲ့ မွေးနေ့မှာ အမှတ်တရပုံလေးတွေ ဖန်တီးပေးခဲ့တဲ့ ဖေဖေ R ဇာနည်

We Love Cele by We Love Cele
September 15, 2020
in အနုပညာ
0

မိသားစု အတူတူမွေးနေ့ကိတ်လေး ခွဲခဲ့ကြပါတယ်။ R ဇာနည်နဲ့ ဝမ်း တို့ရဲ့ တတိယမြောက် သမီးလေး မစ်မစ်တုန်ကတော့ အသက်(၄)လပြည့်ပြီ ဖြစ်ပါတယ်။

Image may contain: 5 people, people sitting, table and indoor

အဆိုတော် R ဇာနည်နဲ့ သရုပ်ဆောင် ဝမ်းတို့ရဲ့ သမီးလေး မစ်မစ်တုန်ကတော့ စက်တင်ဘာလ(၁၅) ရက်နေ့တုန်းက အသက်(၄)လပြည့်သွားပြီဖြစ်ပါတယ်။ မိသားစု ဓာတ်ပုံလေးတွေ အမှတ်တရ ရိုက်ပြီး သမီးလေးကြီးလာရင် ပြချင်တယ်လို့ R ဇာနည်က ပြောပါတယ်။

Image may contain: 1 person, baby and closeup

” ချစ်တဲ့သမီးလေး ဒီကမ္ဘာကြီးပေါ် ရောက်လာတာ လေးလပြည့်တဲ့နေ့ အမှတ်တရလေးပေါ့။ ဒီအချိန်မှာ လူအများမပျော်ရွှင်နိုင်မှန်းသိပါတယ်။ တစ်ချိန် သမီးလေးကြီးလာရင် ပြန်ကြည့်လို့ရအောင် အမှတ်တရပုံလေးတွေ ရိုက်ဖြစ်တယ် ။ အများနဲ့အတူ ကပ်ဆိုးကြီးကိုရင်ဆိုင်ကျော်လွှားနေရတဲ့ထဲမှာ အပြစ်မသိတေးတဲ့ ခလေးငယ်တွေကို ပိုလို့သနားမိတယ်။ ဒီကမ္ဘာမြေကြီးအမြန်ကျန်းမာပြီး သာယာလှပနိုင်ပါစေ ကမ္ဘာသူကမ္ဘာသား အားလုံးနဲ့အတူ သတ္တဝါအားလုံး ကျန်းမာပျော်ရွှင်နိုင်ကြပါစေ” ဆိုပြီးတော့ စက်တင်ဘာလ (၁၄) ရက်နေ့ ည (၈) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Image may contain: 3 people, people eating, people sitting and baby

အဆိုတော် R ဇာနည်ရဲ့ ဇနီးဖြစ်သူ သရုပ်ဆောင် ဝမ်းကတော့ ၂၀၂၀ ခုနှစ် မေလ(၁၄) ရက်နေ့ မနက်ပိုင်းက တတိယမြောက်ရင်သွေးလေးဖြစ်တဲ့ သမီးလေးကို ရွှေဂုံတိုင်မှာရှိတဲ့ Women Center မှာ အောင်အောင်မြင်မြင် မွေးဖွားခဲ့တာဖြစ်ပါတယ်။ သူတို့ နှစ်ဦးရဲ့ သားကြီး ဖစ်ဖစ်တုန်ကတော့ အခုဆိုရင် အသက် (၁၁) နှစ် ရှိပြီဖြစ်ပါတယ်။ သားငယ်လေး ချစ်ချစ်တုန်ကတော့ အသက်(၂) နှစ်ကျော် ရှိပါပြီ။

Image may contain: 9 people, people sitting

Rဇာနည်နဲ့ ဝမ်း တို့ဟာ ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေက မင်္ဂလာသက်တမ်း (၁၆) နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ အခုဆိုရင်တော့ သားနှစ်ယောက်၊ သမီးလေး တစ်ယောက်နဲ့ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။ Rဇာနည် (R Zar Nyi)က င့ါကိုချစ်တဲ့သူ၊ စည်းတစ်ဖက်ခြား စတဲ့ တစ်ကိုယ်တော်အခွေတွေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့ပြီး အတွဲခွေတွေ များစွာမှာလည်း ပါဝင်သီဆိုခဲ့သူပါ။

ထို့နောက် Owntune သီချင်းတွေချည်း ပါဝင်တဲ့ ကမ္ဘာသား သီချင်းခွေကလည်း ပရိသတ်တွေကြားပေါက်ခဲ့တဲ့ သီချင်းခွေတစ်ခွေ ဖြစ်ခဲ့ပါတယ်။ Rဇာနည်ဟာ လက်ရှိမှာ သားနှစ်ယောက် ပိုင်ဆိုင်ထားပါတယ်။ သာယာတဲ့ မိသားစုလေးနဲ့ သူဝါသနာပါတဲ့ အနုပညာအလုပ်တွေကို လုပ်ဆောင်နေတဲ့ အောင်မြင်နေဆဲ အဆိုတော်တစ်ဦးဖြစ်ပါတယ်။

Image may contain: 1 person

ဆယ်လီရပ်ကွက်

Previous Post

ကိုဗစ် ကူးစက်ခံရသူတွေကို အားပေးစေချင်တယ်လို့ သရုပ်ဆောင် ကျော်သူ ပြော

Next Post

သားလေး ကိုယ်ဝန်စရှိတဲ့နေ့ကစလို့ ဒီနေ့အထိ သိမ်းဆည်းထားတဲ့ ပုံလေးတွေကို ချပြပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့ ဆုပန်ထွာ

Next Post

သားလေး ကိုယ်ဝန်စရှိတဲ့နေ့ကစလို့ ဒီနေ့အထိ သိမ်းဆည်းထားတဲ့ ပုံလေးတွေကို ချပြပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့ ဆုပန်ထွာ

မမျှော်လင့်ဘဲ ကိုဗစ် Positive ဖြစ်သွားပြီး ရိုးမအိမ်ယာမှာ ရောက်နေတဲ့ မိခင်အတွက် စိတ်အပူလွန်နေရတဲ့ ခင်ဘုဏ်း

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!