• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Friday, March 5, 2021
No Result
View All Result

မမျှော်လင့်ဘဲ ကိုဗစ် Positive ဖြစ်သွားပြီး ရိုးမအိမ်ယာမှာ ရောက်နေတဲ့ မိခင်အတွက် စိတ်အပူလွန်နေရတဲ့ ခင်ဘုဏ်း

We Love Cele by We Love Cele
September 16, 2020
in အနုပညာ
0

အဆိုတော် ခင်ဘုဏ်းကတော့ လက်ရှိအချိန်မှာ နိုင်ငံရပ်ခြားမှာ ရောက်ရှိနေထိုင်နေတာပဲဖြစ်ပါတယ်။ မြန်မာပြည်မှာ ရှိနေတဲ့ အသက် (၇၂) နှစ်အရွယ် မိခင်ဟာ မမျှော်လင့်ဘဲ ကိုဗစ် Positive ဖြစ်ခဲ့တာကြောင့် ရိုးမအိမ်ယာမှာ ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။ မိခင်ဖြစ်သူဟာ ဆီးချိုရောဂါအခံရှိသူဖြစ်တာကြောင့် စိတ်အပူလွန်နေရတဲ့ သူမရဲ့ ခံစားချက်တွေကို ယခုလိုပဲရေးသားဖော်ပြလာခဲ့တာပါ။

Image may contain: 3 people, people smiling, people standing

“ခင်ဘုဏ်း အမေ ၇၂နှစ် က မမျှော်လင့်ပဲ Covid positive ဖြစ်လို့ ရိုးမအိမ်ယာ မှာ ရောက်နေပါတယ် 😢😢 လူနာထားဖို့ မသင့်တော်တဲ့နေရာမှာ လူနာတွေ စု ထားပြီး ဂရုစိုက်စောင့်ရှောက် မှုလည်းမရှိပါဘူး။ အမေက အသက်ရှုမဝတတ်သူမို့ ပြတင်းပေါက်ဘေးနားမှာ တံခါးဖွင့်ပြီးအိပ်နေရတယ်။ တစ်ကယ်ဆို အခြေအနေ မဆိုးတဲ့ Positive ဖြစ်တဲ့သူတွေ Hotel Quarantine ပဲ ဖြစ်ဖြစ် Home Quarantine ပဲဖြစ်ဖြစ် Positive တွေအတွက် Center လုပ်ပြီးထားလိုက် သင့်ပါတယ်။ဒါဆိုရင် တကယ်အခြေအနေဆိုးပြီးလိုအပ်တဲ့သူတွေကို ပိုပြီးအပြည့်အဝ စောင့်ရှောက် မှုပေးနိုင်မှာပါ။”

“အခြေအနေဆိုးရင်တော့ ဘယ်မှာပဲရောက်ရောက်ဆေးရုံပို့ပေါ့။ လူတွေအများကြီး ကို တာဝန်ယူတာကို တကယ် ကျေးဇူးတင်ပါတယ် 🙏 ခက်ခဲမှာလည်း နားလည်ပါတယ်။ လူအများကြီး ကို ကျွေးရတာမို့ အခက်အခဲဖြစ်တာလည်း နားလည်ပါတယ်။ ညနေလေးနာရီထိ နေ့လည်စာထမင်းရောက် မလာတာ ကတော့ လူနာအတွက် အဆင် မပြေလှပါဘူး။ အမေက ဆီးချိုရောဂါ အခံရှိတဲ့ သူမို့ စိတ်ပူရတဲ့အထဲ ထမင်းချိန်မမှန်၊ ဆေးတိုက် မယ့်သူ အဖျားတိုင်းပေးမယ့်သူတောင်မရှိ၊ နေရတာ နေရာထိုင်ခင်းအဆင်မပြေနဲ့မို့ ရောဂါထပ်ရမှာလည်း စိတ်ပူရ၊ လေစိမ်းတွေမိပြီး ဖျားမှာလည်းပူရ၊ အစာအချိန်မှန်မှန် မပို့လို့ အစားမဝင်ရင် ဆီးချိုကျပြီး ဒုက္ခများပါတော့မယ်”

Image may contain: 2 people, people smiling, outdoor and closeup

Image may contain: 2 people, people standing, tree, plant, outdoor and nature

“အမေ အသက်၇၀ ကျော်ကို အဝေးကနေပြီး စိတ်တွေပူရလွန်းလို့ ကျမအိပ်လို့တောင်မရဘူး 😞 သေချာစဉ်းစားပြီး အကောင်းဆုံး အချိန်မှီ ပြင်ဆင်ကြပါလို့ တောင်းပန်ပါတယ် 🙏ကျမ ရင်တွေနာနေရပါပြီ 😢 ရောဂါအခံရှိတဲ့ အသက် ၇၂နှစ် ကျမ အမေ ကို တစ်နေရာ ပြောင်းပေးကြပါတော့ 🙏🙏🙏”

Image may contain: 1 person, standing, outdoor and nature

Image may contain: 2 people

အဆိုတော်ခင်ဘုဏ်းက သူမရဲ့ မိခင်ကို လက်ရှိရောက်ရှိနေတဲ့ ရိုးမအိမ်ယာမှတဆင့် အခြားနေရာသို့ ပြောင်းရွှေ့ပေးဖို့ တောင်းဆိုနေတာပဲဖြစ်ပါတယ်။ အဝေးတနေရာကနေ မိခင်ဖြစ်သူကို စိတ်ပူနေရတဲ့ သားသမီးတစ်ယောက်ရဲ့ ခံစားချက်တွေကိုလည်း ပရိသတ်တွေက ကိုယ်ချင်းစာခံစားပေးမိကြမယ်လို့ ထင်ပါတယ်နော်။ ခင်ဘုဏ်းရဲ့ မိခင်တစ်ယောက် ကိုဗစ်ရောဂါဆိုးကြီးကနေ အမြန်ဆုံးပျောက်ကင်းသွားနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်နော်။

Image may contain: 2 people, people smiling

ဆယ်လီစတား

Previous Post

သားလေး ကိုယ်ဝန်စရှိတဲ့နေ့ကစလို့ ဒီနေ့အထိ သိမ်းဆည်းထားတဲ့ ပုံလေးတွေကို ချပြပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့ ဆုပန်ထွာ

Next Post

နိုင်ငံကျော် ဝါရင့်လူရွှင်တော်ကြီး ဦးပလာတာ ကွယ်လွန်

Next Post

နိုင်ငံကျော် ဝါရင့်လူရွှင်တော်ကြီး ဦးပလာတာ ကွယ်လွန်

သံဃာတော်များရဲ့ ပရိယတ္တိစာမေးပွဲမေးခွန်းလွှာမှာ ပါဝင်ခဲ့တဲ့ သူမရဲ့နာမည်လေးကြောင့် ကြည်နူးနေတဲ့ ဖြူဖြူထွေး

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!