• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Tuesday, March 2, 2021
No Result
View All Result

နိုင်ငံကျော် ဝါရင့်လူရွှင်တော်ကြီး ဦးပလာတာ ကွယ်လွန်

We Love Cele by We Love Cele
September 17, 2020
in အနုပညာ
0

Image may contain: 1 person, closeup

ပရိသတ်တွေကလည်း စိတ်မကောင်းဖြစ်လို့နေပါတယ်။ ရေဒီယိုခေတ်ဦးကာလကတည်းက လူရွှင်တော် တစ်ယောက်အဖြစ် ပရိသတ်တွေကို ဖျော်ဖြေပေးခဲ့တဲ့ လူရွှင်တော်ကြီး ဦးပလာတာကတော့ ဒီနေ့ (စက်တင်ဘာလ ၁၇ ရက်) မှာ ကွယ်လွန်သွားပြီဖြစ်ပါတယ်။

အသက်(၈၉) နှစ် ရှိပြီ ဖြစ်တဲ့ ဟာသလူရွှင်တော် ဦးပလာတာကို တတ်အားနိုင်သလောက်  အလှူငွေကန်တော့ခဲ့တဲ့ စည်ဖြိုး - Myanmarload

နိုင်ငံကျော် ဝါရင့်လူရွှင်တော်ကြီး ဦးပလာတာကတော့ ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့ မနက် (၂) နာရီက နေအိမ်မှာ ကွယ်လွန်သွားခဲ့ပြီလို့ သိရပါတယ်။ ဦးပလာတာအနေနဲ့ လူကြီးရောဂါ ခံစားနေရတာလည်း အချိန်ကြာနေပြီလို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူ ဦးချစ်ဆွေက ပြောပြလာပါတယ်။

အသက်(၈၉) နှစ် ရှိပြီ ဖြစ်တဲ့ ဟာသလူရွှင်တော် ဦးပလာတာကို တတ်အားနိုင်သလောက်  အလှူငွေကန်တော့ခဲ့တဲ့ စည်ဖြိုး - Myanmarload

“ ဦးပလာတာကတော့ ဒီနေ့ မနက် သူ့ရဲ့ နေအိမ်မှာပဲဆုံးသွားတာပါ။ အသက်က (၈၉) နှစ်ရှိပြီ။ သူက အသက်က ကြီးပြီလေ (၉၆) ပါးရောဂါနဲ့ပဲ ကွယ်လွန်တာပါ။ ကျန်းမာရေး မကောင်းတာလည်းကြာပြီ ရုပ်ရှင်သက်ကြီး ပူဇော်ပွဲတွေတောင် သူ မတတ်နိုင်ခဲ့ဘူး။ သူ့ရဲ့ ဈာပနကို ဒီနေ့မှာပဲ သဂြိုဟ်သွားမှာပါ။ အချိန်တော့ သေချာ မသိရသေးဘူး။ လောလောဆယ် ဆရာဝန်လက်မှတ်တွေ လိုက်ယူနေပါတယ်” ဆိုပြီးတော့ အခုလို ပြောပြခဲ့တာပါ။

အသက်(၈၉) နှစ် ရှိပြီ ဖြစ်တဲ့ ဟာသလူရွှင်တော် ဦးပလာတာကို တတ်အားနိုင်သလောက်  အလှူငွေကန်တော့ခဲ့တဲ့ စည်ဖြိုး - Myanmarload

ဦးပလာတာရဲ့ ကွယ်လွန်သွားတဲ့ သတင်းကြောင့် စိတ်မကောင်းဖြစ်နေကြတဲ့ အနုပညာလောကသးတွေ၊ ပရိသတ်တွေကလည်း အများကြီးပါပဲ။သူဟာ ရေဒီယိုအငြိမ့် ခေတ်ဦးကာလကတည်းက လူရွှင်တော် တစ်ယောက်အဖြစ် အနုပညာလောကထဲမှာ ကျင်လည်ခဲ့တာဖြစ်ပါတယ်။ သူဟာ လူရွှင်တော်ကြီး ဦးစံမတူ အမြဲတတွဲတွဲ တွေ့ရလေ့ရှိတဲ့ လူရွှင်တော် တစ်ဦးဆိုလည်း မမှားပါဘူး။ အဲဒီနောက် အဖြူအမဲ ရုပ်ရှင်ခေတ်မှာလည်း သရုပ်ဆောင် တစ်ဦးအဖြစ် ပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာ ရရှိခဲ့ပါသေးတယ်။ ဦးပလာတာရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း(၇၀) ခန့်ရှိပြီဖြစ်ပါတယ်။

Image may contain: 1 person, closeup

ဆယ်လီရပ်ကွက်

Previous Post

မမျှော်လင့်ဘဲ ကိုဗစ် Positive ဖြစ်သွားပြီး ရိုးမအိမ်ယာမှာ ရောက်နေတဲ့ မိခင်အတွက် စိတ်အပူလွန်နေရတဲ့ ခင်ဘုဏ်း

Next Post

သံဃာတော်များရဲ့ ပရိယတ္တိစာမေးပွဲမေးခွန်းလွှာမှာ ပါဝင်ခဲ့တဲ့ သူမရဲ့နာမည်လေးကြောင့် ကြည်နူးနေတဲ့ ဖြူဖြူထွေး

Next Post

သံဃာတော်များရဲ့ ပရိယတ္တိစာမေးပွဲမေးခွန်းလွှာမှာ ပါဝင်ခဲ့တဲ့ သူမရဲ့နာမည်လေးကြောင့် ကြည်နူးနေတဲ့ ဖြူဖြူထွေး

(၂၄) နှစ်ပြည့်မွေးနေ့မှာ တစ်ယောက်သောသူဆီက Surprise လုပ်ခံလိုက်ရတဲ့ ပိုင်တံခွန်

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!