• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Tuesday, March 2, 2021
No Result
View All Result

သံဃာတော်များရဲ့ ပရိယတ္တိစာမေးပွဲမေးခွန်းလွှာမှာ ပါဝင်ခဲ့တဲ့ သူမရဲ့နာမည်လေးကြောင့် ကြည်နူးနေတဲ့ ဖြူဖြူထွေး

We Love Cele by We Love Cele
September 17, 2020
in အနုပညာ
0

ဖြူဖြူထွေးကတော့ ကျောင်းကပွဲဗီဒီယိုမှတဆင့် လူမှုကွန်ယက်စာမျက်နှာမှာ ကျော်ကြားလာပြီး တစ်နိုင်ငံလုံးက လူကြီးလူငယ်မရွေး အားပေးချစ်ခင်ကြတဲ့အထိ အောင်မြင်လာသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

Image may contain: 1 person, standing and text

ဖြူဖြူထွေးရဲ့ ရိုးသားတဲ့ဟန်ပန်အမူအယာနဲ့ ပွင့်လင်းစွာပြောဆိုနေထိုင်တတ်မှုကလည်း ပရိသတ်တွေကို ဆွဲဆောင်နိုင်တဲ့ အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။ ဖြူဖြူထွေးကတော့ သူမရဲ့ အောင်မြင်မှုအပေါ်မှာ မာန်မာနထားရှိခြင်းမရှိပဲ သူမရဲ့ ပင်ကိုယ်ပကတိပုံစံလေးအတိုင်း ပျော်ပျော်နေရင်း အလှူအတန်းတွေပြုလုပ်ပြီး ဘဝကိုအေးချမ်းစွာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။

Image may contain: 1 person, standing and outdoor, text that says 'AMAZING GRACE'

တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ချစ်ခင်မှုတွေရရှိနေတဲ့ ဖြူဖြူထွေးက ဒီကနေ့မှာလည်း သံဃာတော်များရဲ့ ပရိယတ္တိစာမေးပွဲမေးခွန်းလွှာမှာ ပါဝင်ခဲ့တဲ့ သူမရဲ့နာမည်လေးကြောင့် ကြည်နူးခဲ့ရတာပဲ ဖြစ်ပါတယ်။ ထိုမေးခွန်းကတော့ ညောင်ရွှေမြို့၊ ကန်ကြီးပရိယတ္တိစာသင်တိုက်ရဲ့ အပတ်စဉ်လေ့ကျင့်ခန်းစာမေးပွဲမှာ ပါဝင်ခဲ့တာဖြစ်ပြီး အဘိဓမ္မတ္ထသင်္ဂဘာသာမှာ မေးခဲ့တာဖြစ်ကြောင်း အခုလိုပဲ တွေ့ရပါတယ်။

ဖြူဖြူထွေးကတော့ ဘယ်လောက်တောင် လူချစ်လူခင်ပေါများလဲဆိုရင် သံဃာတော်များရဲ့ ပရိယတ္တိစာမေးပွဲမေးခွန်းလွှာမှာပါတဲ့အထိကိုပါပဲ။ ပရိသတ်ကြီးလည်း မေးခွန်းလွှာမှာပါတဲ့ ဖြူဖြူထွေးရဲ့ နာမည်ကြောင့် အံ့သြနေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

ဆယ်လီကွန်နက်ရှင်

Previous Post

နိုင်ငံကျော် ဝါရင့်လူရွှင်တော်ကြီး ဦးပလာတာ ကွယ်လွန်

Next Post

(၂၄) နှစ်ပြည့်မွေးနေ့မှာ တစ်ယောက်သောသူဆီက Surprise လုပ်ခံလိုက်ရတဲ့ ပိုင်တံခွန်

Next Post

(၂၄) နှစ်ပြည့်မွေးနေ့မှာ တစ်ယောက်သောသူဆီက Surprise လုပ်ခံလိုက်ရတဲ့ ပိုင်တံခွန်

Volunteer အင်အားမမျှဘဲ အခက်အခဲတွေဖြစ်နေကြတဲ့ Quarantine Center တွေအတွက် တထောင့်တနေရာကနေ ပံ့ပိုးကူညီမယ့် မေလသံစဉ်

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!