မင်းသားချော ပိုင်တံခွန်ကတော့ ချောမောတဲ့ရုပ်ရည်၊ ဆံပင်ရှည်တွေနဲ့ မိန်းကလေးတွေရဲ့ စိတ်ကူးထဲက ကိုကိုတစ်ယောက်ပဲ ဖြစ်ပါတယ်။
ပိုင်တံခွန်က ပြည်တွင်းမှာသာမကပဲ ပြည်ပအိမ်နီးချင်းနိုင်ငံတွေမှာပါ သူ့ကို အားပေးတဲ့ ပရိသတ်အခိုင်အမာရရှိထားသူတစ်ယောက်ဆိုလည်း မမှားပါဘူး။ လက်ရှိမှာတော့ ပိုင်တံခွန်က သူ့ရဲ့ အနုပညာအလုပ်တွေကို နိုင်ငံတကာနဲ့ ရင်ဘောင်တန်း လုပ်ကိုင်နေလျက်ရှိတာကို တွေ့ရပါတယ်။
ဒီကနေ့ စက်တင်ဘာလ (၁၇) ရက်နေ့ကတော့ ပိုင်တံခွန်ရဲ့ မွေးနေ့လေးပဲဖြစ်ပါတယ်။ ပိုင်တံခွန်က သူ့ရဲ့ မွေးနေ့မှာ ထူးထူးခြားခြား အစီအစဉ်တွေမလုပ်ကိုင်ဖြစ်ပေမယ့် တစ်ယောက်သောသူဆီကတော့ Birthday Surprise လုပ်ခံခဲ့ရပါတယ်။ ပိုင်တံခွန်က ဖယောင်းတိုင်၊ ပန်းစည်းတွေနဲ့ တန်ဖိုးကြီး လက်ဆောင်ပစ္စည်းတွေကို လက်ဆောင်ရရှိခဲ့တာကို အခုလိုပဲ တွေ့မြင်ရပါတယ်။
ပိုင်တံခွန်ကတော့ အချစ်ရေးကိစ္စနဲ့ ပက်သတ်ပြီး ကောလဟာလတွေ ထွက်ရှိခဲ့ပေမယ့် သူ့ရဲ့ဘက်ကတော့ ဘာကိုမှ တုံ့ပြန်ပြောဆိုထားခြင်းမရှိပါဘူး။
ပရိသတ်ကြီးလည်း ပိုင်တံခွန်ကို ပျော်ရွှင်ရအောင် Birthday Surprise လုပ်ခဲ့တာ ဘယ်သူများဖြစ်မလဲဆိုတာ သိချင်နေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
ဆယ်လီကွန်နက်ရှင်