နိုင်ငံကျော် အနုပညာရှင်၊ ပရဟိသမားနဲ့ ပညာရေးသံတမန်တစ်ယောက်ဖြစ်တဲ့ ချစ်သုဝေကတော့ လက်ရှိ ကိုဗစ်ကာလမှာ အလုပ်တွေများစွာကို ဦးစီးလုပ်ကိုင်နေရပေမယ့် သမီးလေးနှစ်ယောက်ကြောင့် ပင်ပန်းသမျှ အမောပြေနေရတာပဲ ဖြစ်ပါတယ်။
ခေတ်နဲ့သစ်ရဲ့ ချစ်စရာကောင်းတဲ့ အပြုအမူ၊ အမူအယာလေးတွေနဲ့ စကားသံလေးတွေက မေမေချစ်သုဝေကို အချစ်ပိုစေပြီး ခွန်အားတွေ ဖြစ်စေတာပဲ ဖြစ်ပါတယ်။ ခေတ်နဲ့သစ်ကတော့ ဖေဖေ၊ မေမေရဲ့ အချစ်တွေအပြင် ပရိသတ်တွေရဲ့ အချစ်တွေကိုပါ ရရှိပိုင်ဆိုင်ထားတဲ့ ကံကောင်းလွန်းတဲံ ကလေးလေးတွေပဲ ဖြစ်ကြပါတယ်။
လက်ရှိကိုဗစ်ကာလမှာ ကျောင်းလည်းမသွားရ အပြင်လည်းလျှောက်မလည်ရတဲ့ ခေတ်နဲ့သစ်ကတော့ အိမ်ထဲမှာပဲနေပြီး တစ်ယောက်ကိုတစ်ယောက် အဖော်ပြုကာ ဆော့နေရတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း ခေတ်နဲ့သစ်က အဝတ်အစား၊ အပြင်အဆင် ဒီဇိုင်းမျိုးစုံနဲ့ စတိုင်လ်အမျိုးမျိုးထုတ် ပဲများနေကြတာကို ချစ်သုဝေက အခုလိုပဲ မျှဝေပေးထားပါတယ်။
ခေတ်လေးနဲ့ သစ်လေးကတော့ အိမ်ထဲက အိမ်ပြင်မထွက်ရပေမယ့် ဆော့နည်းမျိုးစုံကို ဆော့ကစားနေရလို့ ပျင်းချိန်တောင်ရှိမယ် မထင်ပါဘူး။ ပရိသတ်ကြီးလည်း ခေတ်နဲ့သစ်ရဲ့ အသည်းယားဖွယ် ပုံရိပ်လေးကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်။
ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
ဆယ်လီကွန်နက်ရှင်