• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Friday, March 5, 2021
No Result
View All Result

ဖခင်ကို ဆုံးရှုံးလိုက်ရတဲ့ ထူးပိုင်ဇော်ဦးအတွက် စိတ်မကောင်းဖြစ်နေတဲ့ လွင်မိုး

We Love Cele by We Love Cele
September 30, 2020
in အနုပညာ
0

Quarantine ဝင်နေရတာဆိုတော့ မိဘဆုံးတာတောင် မမြင်ရလိုက်ဘူး။ ဒါရိုက်တာ ထူးပိုင်ဇော်ဦးဟာ Quarantine ဝင်နေရတာဖြစ်တဲ့အတွက် ဖခင်ဖြစ်သူ ကွယ်လွန်သွားတာ တောင် မမြင်လိုက်ရတာဟာ အင်မတန် ဝမ်းနည်းဖို့ကောင်းတယ်လို့ လွင်မိုးက ဆိုလာပါတယ်။

အကယ်ဒမီ လွင်မိုးကတော့ “သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်ကားအတူ ရိုက်ခဲ့ဖူးတဲ့ ဒါရိုက်တာ ထူးပိုင်ဇော်ဦးရဲ့ ဖခင် ကွယ်လွန်သွားတဲ့ အပေါ် စိတ်မကောင်းဖြစ်လို့နေပါတယ်။ လက်ရှိမှာ ထူးပိုင်ဇော်ဦးနဲ့ သူ့ရဲ့ မိခင်တို့က Quarantine ဝင်နေရတာ ဖြစ်တဲ့အတွက် ဖခင်ရဲ့ ဈာပနကို မမြင်လိုက်ရတဲ့ အပေါ် လွင်မိုးက ပိုလို့ စိတ်မကောင်းဖြစ်မိတယ်လို့ ပြောပြလာပါတယ်။ “ သူရေးထားတဲ့ စာလေးကို ဖတ်ရတော့ တော်တော်စိတ်မကောင်းဖြစ်ရပါတယ်။ သိရသလောက်ကတော့ သူ့ အဖေက အလုပ်သွားရင်းနဲ့ ကူးတာလို့ သိရတယ်။ တော်တော် ဝမ်းနည်းမိပါတယ်၊ စိတ်မကောင်းလည်း ဖြစ်ရပါတယ်။ ပြီးတော့ အခြေအနေက သူလည်း Quarantine Center ရောက်နေသလို၊ သူ့ အမေကလည်း Quarantine Center ကိုရောက်နေတာ ဆိုတော့ ဆုံးပါးသွားတဲ့ မိဘကို မတွေ့ရ၊ မမြင်ရ၊ မကြည့်ရတဲ့ အခြေအနေက တော်တော်ကို ဆိုးရွားတဲ့ အခြေအနေပါ။ ကြောက်စရာကောင်းပါတယ်” လို့ သူကဆိုပါတယ်။

လွင်မိုး အနေနဲ့ ထူးပိုင်ဇော်ဦးဟာ တိုးတက်မှုရှိလာနိုင်တဲ့ ဒါရိုက်တာ တစ်ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။ အခုလို ဝမ်းနည်း ကြေကွဲနေတဲ့အခြေအနေကိုလည်း ကိုယ်ချင်းစာမိတယ်လို့ သူက ပြောပါတယ်။ “ ထူးပိုင်ဇော်ဦးက သူ့ဘဝရဲ့ အလွန်ဝမ်းနည်းစရာကောင်းတဲ့ အခိုက်အတန့် တစ်ခုကို ကြုံတွေ့လိုက်ရတာပေါ့။ သေဆုံးခြင်းဆိုတာ လူတိုင်း ကြုံတွေ့ရမှာပဲလေ၊ ပုံစံခြင်းသာကွာမှာ ကျန်ခဲ့တဲ့ သူတွေကလည်း ကိုယ်လုပ်နေကျ အလုပ်ကို တစိုက်မတ်မတ်လုပ်ရမယ်၊ အောင်မြင်အောင် လုပ်ရမယ်။ ကြေကွဲဝမ်းနည်းရမယ့် အရာဆိုရင်လည်း ကြေကွဲ ဝမ်းနည်းရမှာပဲ။ ထူးပိုင်ဇော်ဦးက တကယ်ကို တိုးတက်အောင်မြင်မယ့် ဒါရိုက်တာ တစ်ယောက်ပါ။ အခုချိန်မှာ သူ ကြေကွဲ ဝမ်းနည်းနေရမှာ ကိုယ်ချင်းစာပါတယ်၊ နားလည်ပေးပါတယ်” လို့လည်း ဆက်လက် ပြောပြလာပါတယ်။

ဒါရိုက်တာ ထူးပိုင်ဇော်ဦးကတော့ ” ည” ရုပ်ရှင်ဇာတ်ကား၊ ” သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်ကား တို့ကို ဖန်တီးခဲ့တဲ့ ဒါရိုက်တာ တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ ဖခင်ကတော့ Covid ရောဂါ ကူးစက်ခံရသူ ဖြစ်ပြီး စက်တင်ဘာလ ၂၇ ရက်နေ့က ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။ ဒီသတင်းကြောင့် သူနဲ့ အလုပ်အတူတူ လုပ်ခဲ့ဖူးတဲ့ အနုပညာရှင်တွေကလည်း စိတ်မကောင်းဖြစ်လို့နေကြပါတယ်။

Image may contain: 9 people, people sitting and indoor

လွင်မိုးက အနုပညာလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၄၀ ကျော်ရှိနေပြီဖြစ်ပါတယ်။ သူဟာ လက်ရှိမှာတော့ အနုပညာအလုပ်တွေထက် ကိုယ်ပိုင်စီးပွားရေးကို ဦးဆောင်နေသူတစ်ယောက်ဖြစ်ပါတယ်။ အဲဒီနောက် မိသားစု ကိုလည်း အချိန်ပေးနေရသူပါ။ သူ့မှာတော့ ချစ်စရာကောင်းတဲ့ မြေးလေး Liam လေးကို ပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။

Image may contain: 1 person

ဆယ်လီရပ်ကွက်

Previous Post

ကိုဗစ်ကူးစက်ခံရပြီး မသေရုံတမယ်ဖြစ်ခဲ့ရပုံကို ပြောပြလာတဲ့ အစီအစဉ်တင်ဆက်သူ ဇော်ဝင်းနိုင်

Next Post

မိခင်ကို ဆုံးရှုံးလိုက်ရတဲ့ မို့မို့မြင့်အောင်အတွက် စိတ်မကောင်းဖြစ်နေတဲ့ ရန်အောင်

Next Post

မိခင်ကို ဆုံးရှုံးလိုက်ရတဲ့ မို့မို့မြင့်အောင်အတွက် စိတ်မကောင်းဖြစ်နေတဲ့ ရန်အောင်

အလုပ်ကိစ္စတွေကိုပြန်တွေးတိုင်း ရင်လေးမိတယ်ဆိုတဲ့ လွင်မိုး

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!