• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Friday, January 22, 2021
No Result
View All Result

ပြည်ပမှာနေထိုင်နေတဲ့ အဆိုတော် မီးမီးခဲ ကွယ်လွန်

We Love Cele by We Love Cele
October 16, 2020
in အနုပညာ
0

ခံစားချက်သီချင်းပေါင်းများစွာနဲ့ ပရိသတ်တွေကို ဖျော်ဖြေခဲ့တဲ့ အဆိုတော် မီးမီးခဲတစ်ယောက်ကွယ်လွန်သွားခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

Image may contain: 4 people, child

မီးမီးခဲဟာ သြစတြေးလျမှာ မိသားစုနဲ့အတူသွားရောက်နေထိုင်နေခဲ့တာဖြစ်ပြီးတော့ ကင်ဆာရောဂါကိုအံတုရင်ဆိုင်နေခဲ့တာပါ။ အိမ်ထောင်သစ်တစ်ခုကို တည်ဆောက်ခဲ့ပြီး သားသမီး (၂) ဦးထွန်းကားခဲ့တဲ့ မီးမီးခဲက သူမရင်ဆိုင်ခဲ့ရတဲ့ ရောဂါဆိုးကြီးအကြောင်းကိုလည်း ပရိသတ်တွေကို ပြောပြလေ့ရှိသူပါ။

Image may contain: 1 person, stripes, closeup and indoor

ဒီရောဂါဆိုးကြီးသက်သာလာတဲ့အချိန်မှာတော့ မြန်မာပြည်ကိုခေတ္တပြန်လာပြီး တစ်ကိုယ်တော် ရှိုးပွဲလေးပြုလုပ်ခဲ့ပါသေးတယ်။ ဒါဟာ သူမရဲ့အဖြစ်ချင်ဆုံးဆန္ဒတွေထဲက တစ်ခုပဲဖြစ်ပါတယ်။ မီးမီးခဲက သူမရဲ့ တစ်ကိုယ်တော်ရှိုးပွဲဟာ နောက်ဆုံးပွဲလေးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်လို့ မီဒီယာတွေရဲ့အင်တာဗျူးမှာလည်း ဖြေခဲ့ဖူးပါသေးတယ်။

Image may contain: text that says 'Htoo El Lynn 9m GE ကောင်းရာသုဂတိလားပါ ...မီးမီးခဲ C'

နိုင်ငံရပ်ခြားကိုပြန်သွားပြီး ဆေးကုနေရတဲ့ မီးမီးခဲတစ်ယောက် ဒီရောဂါဆိုးကြီးကနေ လွတ်မြောက်သွားခဲ့ပါပြီ။ သူမရဲ့ ခင်ပွန်းဟောင်းဖြစ်သူ အဆိုတော်ထူးအယ်လင်းကိုယ်တိုင် သူ့ရဲ့ဖေ့ဘုတ်ကနေပြီး ဝမ်းနည်းကြောင်း ပို့စ်တင်ခဲ့တာဖြစ်ပါတယ်။ အနုပညာလောကက ခင်မင်သူတွေကလည်း မီးမီးခဲရဲ့ ကွယ်လွန်သွားတဲ့သတင်းအတွက် စိတ်မကောင်းဝမ်းနည်းနေကြတာဖြစ်ပါတယ်။

Image may contain: 1 person

ပရိသတ်တွေချစ်ခဲ့ရတဲ့ ၊ ပရိသတ်တွေကိုချစ်တဲ့ မီးမီးခဲတစ်ယောက် သူမချစ်တဲ့ အနုပညာနဲ့အတူ ထပ်မံမွေးဖွားလာနိုင်ပါစေလို့တောင်းဆုပြုလိုက်ရင်း ကောင်းရာမွန်ရာဘုံဘဝကိုရောက်ရှိနိုင်ပါစေ။

 

 

Previous Post

မြင့်မြတ်လို လူမျိုး အများကြီးရှိစေချင်တယ်ဆိုတဲ့ ထူးခြား

Next Post

သမီးလေးအတွက် စိတ်မကောင်းဖြစ်နေတဲ့ ထူးအယ်လင်း

Next Post

သမီးလေးအတွက် စိတ်မကောင်းဖြစ်နေတဲ့ ထူးအယ်လင်း

မီးမီးခဲက အမှတ်တရကောင်းတွေ အများကြီးချန်ပေးခဲ့တယ်ဆိုတဲ့ ဆုန်သင်းပါရ်

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!