• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Friday, January 22, 2021
No Result
View All Result

သံမဏိ လူသားမဟုတ်လို့ ကိုဗစ်ဖြစ်တာ မဆန်းပါဘူးလို့ ဆိုလာတဲ့ ထွန်းကိုကို

We Love Cele by We Love Cele
October 27, 2020
in အနုပညာ
0

ဝေဘာဂီမှာ ဆေးကုသမှု ခံယူနေရတာပါ။ ထွန်းကိုကိုဟာ ကိုဗစ်ပိုးကူးစက်ခံထားရတဲ့ ဦးကျော်သူကို ဝေဘာဂီမှာ လိုက်လံပြုစုစောင့်ရှောက်ပေးရင်း သူ့ဆီမှာလည်း ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီလို့ ဆိုပါတယ်။

ထွန်းကိုကို ကတော့ ဝေဘာဂီမှာ ဦးကျော်သူရဲ့ ကျန်းမာရေး အခြေအနေအရ ပြုစုစောင့်ရှောက်ပေးရင်း အောက်တိုဘာလ (၂၄) ရက်နေ့က Swab testing ပြုလုပ်ခဲ့တာပါ။ ဒီနေ့ အောက်တိုဘာလ (၂၇) ရက်နေ့မှာတော့ ကျန်းမာရေးဆေးစစ်ချက် အဖြေကို ထွန်းကိုကို က ပရိသတ်သိအောင် ပြောပြလာပါတယ်။

” သံမဏိ လူသားလည်း မဟုတ်ဘူး။ စက်ရုပ်လူသားလဲ မဟုတ်ဘူး။ ပါဝါရိန်းဂျားလည်း မဟုတ်ဘူး။ P ဖြစ်တာ မဆန်း ပါဘူး” ဆိုပြီးတော့ အောက်တိုဘာလ (၂၇) ရက်နေ့ မနက် (၉) နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

လက်ရှိမှာတော့ ဝေဘာဂီမှာ ဆေးကုသမှုခံယူနေရတဲ့ ဦးကျော်သူရော၊ ထွန်းကိုကိုရော ကျန်းမာရေး အခြေအနေက ကောင်းမွန်နေကြောင်း အောက်တိုဘာ(၂၃) ရက်နေ့က အင်တာဗျူးမှာပြောပြခဲ့ပါတယ်။ ဦးကျော်သူကတော့သူတို့ရဲ့ အခြေအနေတွေ အားလုံးကို ပရိသတ်၊ သူငယ်ချင်း မိတ်ဆွေများသိအောင် ဖေ့စ်ဘွတ်ကနေ အမြဲတမ်း အသိပေး ပြောပြနေတာတွေ့ရပါတယ်။

Image may contain: 1 person, closeup

ဦးကျော်သူနဲ့ ထွန်းကိုကိုတို့ရဲ့ ကျန်းမာရေး အခြေအနေ ပြန်ကောင်းလာနိုင်ဖို့အတွက် နာရေးကူညီမှု အသင်းသားတွေရော၊ အနုပညာမောင်နှမတွေနဲ့ ပရိသတ်တွေက ဆုတောင်းပေးနေကြတာကိုလည်း တွေ့ရပါတယ်။ ထွန်းကိုကို က Covid ကာလအတွင်း နာရေးကူညီမှုအသင်းကနေတဆင့် ဈာပန လုပ်ငန်းတွေ၊ ပရဟိတလုပ်ငန်းတွေကို ကြိုးကြိုးစားစား လုပ်ကိုင်ပေးနေသူဖြစ်ပါတယ်။

ဆယ်လီရပ်ကွက်

Previous Post

ရင်သွေးလေး ပိုင်ဆိုင်ရတော့မယ့် စည်ဖြိုး

Next Post

မိဘတွေကို အဝေးကနေ Video Call နဲ့ ကန်တော့ခဲ့တဲ့ ထွန်းထွန်း

Next Post

မိဘတွေကို အဝေးကနေ Video Call နဲ့ ကန်တော့ခဲ့တဲ့ ထွန်းထွန်း

ဇာတ်ပို့သရုပ်ဆောင် ဦးကြည်စိုး IC ကိုဗစ် နဲ့ ကွယ်လွန်

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!