• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Friday, January 22, 2021
No Result
View All Result

သမီးလေး ပြေသုဒြာအတွက် ဂုဏ်ယူနေတဲ့ ပြေတီဦး

We Love Cele by We Love Cele
October 31, 2020
in အနုပညာ
0

လေလံဈေးက (၆)သိန်းအထိရှိနေပါပြီ။ ပြေတီဦးရဲ့ သမီးလေး ပြေသုဒြာ ဆွဲထားတဲ့ (Running Free) ပန်းချီကားလေးကို အဆိုတော် အားတီက (၆)သိန်းနဲ့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။

ပြေတီဦးရဲ့ သမီးလေး ပြေသုဒြာက သူကိုယ်တိုင်ဆွဲထားတဲ့ ပန်းချီကားလေးကို ရောင်းပြီး ကိုဗစ်ကာလမှာ အလှူအတန်းတွေ ပြုလုပ်သွားမယ့် အစီအစဉ်မှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ သမီးလေးရဲ့ အလှူအတန်းတစ်ခုမှာ ပါဝင်ချင်တဲ့ စိတ်လေးကို ပြေတီဦးက ဂုဏ်ယူမဆုံး ဖြစ်လို့နေပါတယ်။

အလှူအတန်းတခုမှာ ပါဝင်ချင်တဲ့သမီးလေးရဲ့စိတ်ကို အဖေတယောက်အနေနဲ့ ဂုဏ်ယူမိပါတယ်..။လှူဒါန်းချင်တဲ့စိတ် သမီးလေးကိုချစ်တဲ့စိတ်နဲ့ ကလေးကိုစိတ်ဓါတ်ခွန်အားရအောင် ဝင်ရောက်လေလံဆွဲ ပေးနေကြသူများကို လည်းလေးစားစွာ ဦးညွှတ်ဂုဏ်ပြုအပ်ပါတယ်” ဆိုပြီး ပြေတီဦးရဲ့ လူမှုကွန်ယက် ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားထားတာတွေ့ရပါတယ်။

3color ပန်းချီပြခန်းပေ့ခ်ျမှာ အနုပညာရှင် (၁၆) ဦး ကိုယ်တိုင်ရေးဆွဲထားတဲ့ ပန်းချီကားတွေကို ရောင်းချသွားပြီး အဲဒီကနေ ရလာတဲ့ပိုက်ဆံတွေကို ဆေးရုံတွေမှာ ကိုဗစ်ကုသရေးအတွက် အသုံးပြုဖို့ ပြန်လည်လှူဒါန်းသွားမှာပါ။ အဲဒီ အနုပညာရှင် (၁၆) ဦးထဲမှာ ပြေတီဦးရဲ့ သမီးလေး ပြေသုဒြာလေးလည်း ပါဝင်နေပြီး သူမဆွဲထားတဲ့ ပန်းချီကားလေး (Running Free) ကတော့ လက်ရှိအချိန်မှာ ‌ငွေကျပ် (၆) သိန်းနဲ့ အဆိုတော် အားတီက ကမ်းလှမ်းထားတယ်လို့သိရပါတယ်။

Image may contain: 1 person, sitting and eyeglasses

ကိုဗစ် အလှူအတွက် 3 Color ပန်းချီပြခန်းဆိုတဲ့ အစီအစဉ်လေးကိုတော့ အောက်တိုဘာလ (၂၀) ရက်နေ့ ကတည်းက ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီ အလှူမှာ ပါဝင်ကြမယ့် အနုပညာရှင်တွေကလည်း ပရိသတ် အခိုင်အမာ ရရှိထားကြသူတွေ ဖြစ်ပြီး လက်ရှိမှာလည်း အောင်မြင်မှုတွေ အများကြီး ပိုင်ဆိုင်ထားကြသူတွေပါ။

ဆယ်လီရပ်ကွက်

Previous Post

ဇာတ်ပို့သရုပ်ဆောင် ဦးကြည်စိုး IC ကိုဗစ် နဲ့ ကွယ်လွန်

Next Post

လက်မထပ်ရသေးဘဲရလာတဲ့ ကလေးကို မိသားစုတွေကလက်ခုပ်တီးကြိုဆိုကြလို့ အံ့သြမိတယ်ဆိုတဲ့ သရုပ်ဆောင်စည်ဖြိုး

Next Post

လက်မထပ်ရသေးဘဲရလာတဲ့ ကလေးကို မိသားစုတွေကလက်ခုပ်တီးကြိုဆိုကြလို့ အံ့သြမိတယ်ဆိုတဲ့ သရုပ်ဆောင်စည်ဖြိုး

မိဘနှစ်ပါးဆီက မေတ္တာရိပ်မြုံလေးတစ်ခုကို မင်္ဂလာလက်ဖွဲ့ရခဲ့တဲ့ စည်ဖြိုးတို့ ဇနီးမောင်နှံ

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!