• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Sunday, March 7, 2021
No Result
View All Result

ကိုယ်ဝန်ရှိနေပြီဟု တေးသံရှင် ချမ်းချမ်းက လူမှုကွန်ရက်တွင် ရေးသား

We Love Cele by We Love Cele
December 1, 2020
in အနုပညာ
0

တေးသံရှင် ချမ်းချမ်းက သူမတွင် ဒုတိယ ကိုယ်ဝန်ရှိနေပြီ ဖြစ်ကြောင်းကို ချမ်းချမ်း၏ တရားဝင် facebook လူမှုကွန်ရက်တွင် ရေးသားထားသည်။ချမ်းချမ်း ရေးသားထားသည်ကို အပြည့်အစုံ ပြန်လည် ဖော်ပြလိုက်ပါသည်။

ပထမဆုံး ချမ်းချမ်း အရာအားလုံးအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်ဒုတိယအနေနဲ့ အခုချိန်ထိဘဝ မှာဘယ်နှစ်ကြိမ်ပဲလဲကျခဲ့ပါစေ အမြဲအနားမှာစောင့်ရှောက်အား ပေးခဲ့တဲ့အဖေနဲ့အမေ၊ မိတ်ဆွေ သူငယ်ချင်း တွေအားလုံးကိုကျေးဇူးအရမ်းတင်ပါတယ်။ တတိယ အခု က အခု မှ စပြောမှာ၊ဘဝမှာ ပထမ ဆုံးသမီးလေး ဂင်္ဂါကို ကိုယ်ဝန်ဆောင်ပြီး ၆နှစ်ကျော်အကြာမှာ အခုတော့ ဒုတိယအ ကြိမ်အဖြစ် နောက် ထပ်ရင်သွေး လေး ကိုအောင်မြင်စွာနဲ့ ကိုယ်ဝန်ဆောင်နိုင်ခဲ့ပါပြီ၊Covid ကာလမှာသမီးလေး အထီးကျန်စွာ နဲ့အိမ်ထဲမှာ ပျင်းနေတာ ကိုမြင်ရတာစိတ်မချမ်းသာခဲ့ဘူး၊အမြဲတမ်းမောင်လေးဖြစ်ဖြစ် ညီမလေး ဖြစ်ဖြစ် လိုချင်တယ်လို့ အမေ့သမီးလေး တောင်းဆိုခဲ့တာ ဒီနှစ်တော့ အဆိုးထဲကအကောင်းပါပဲ Bankok women’s health hospital ကနေ ချမ်းချမ်း ကို စေတနာအပြည့်နဲ့ အမျိုးသမီးကျန်းမာရေးစစ်ဆေးပေးဖို့ မေတ္တာနဲ့ ကမ်း လှမ်းလာလို့ နှစ်ယောက်သား တိုင် ပင်ပြီး၂၀၂၀ မေလလောက်က ကျန်းမာရေးအတွက် သွားရောက်စစ်ဆေးပြီး ရောဂါရှာဖွေခြင်းတွေပြု လုပ်အပြီး ရင်သွေးလေးတယောက်လောက်ယူချင်လို့ ကြိုးစားချင် တယ်ပြောခဲ့တယ်။

မီးယပ်သားဖွား ပါမောက္ခဒေါက်တာ ဒေါ်သင်းသင်းအောင်ရဲ့ စေတနာနဲ့ အခု ဒုတိယ ကိုယ်ဝန်ကို ဆောင်နိုင်ခဲ့ပါတယ်။ Bankok woman’s health hospital မှ တာဝန် ရှိသူများနဲ့ တကွ ပါမောက္ခဒေါက်တာဒေါ်သင်းသင်းအောင် အခုလက်ရှိ တာဝန်ယူ ကြည့်ရှု စောင့်ရှောက်ပေးနေတဲ့ပါမောက္ခဒေါက်တာ ဒေါ်စန်းစန်းမြင့်ကိုလဲ အထူးကျေးဇူးတင်ပါတယ်ရှင်။ အမှန်အတိုင်း ပြောရရင် ကျမအသက်က နောက် ၃ နှစ်လောက်ဆို ၃၅နှစ်ပြည့်တော့မယ်။အခုလိုအချိန်ရှိတုန်း ငယ်ရွယ်တုန်း နားချိန်ရတုန်းလေးမှာ ကလေးတယောက်လောက် လိုချင်မိတယ် ယူမယ်လို့လဲ အစထဲက ဆုံးဖြတ်ထားပြီး သားမို့ ယူဖြစ်ခဲ့တာပါ။

နောက်တခုက သမီးလေးလည်းအဖော်ရအောင် ပေါ့။ကလေးမယူတာ ၆ နှစ်လောက် ခြားသွားတော့ အစစအရာရာ အကုန်လုံး အသစ်ကနေ ပြန်ပြီး ပြင်ဆင်ခဲ့ရပါတယ်။ မိခင်ယောက်ဖြစ်ဖို့အတွက် က ကျန်းမာဖို့က အရမ်း အရေးကြီးတဲ့အတွက် အစစအရာရာ ပြင်ဆင်ပြီး နောက်ထပ် ၂လလောက်ထပ် စောင့် ကြည့်တယ်။ ကံကောင်းစွာနဲ့ July လမှာ ကိုယ်ဝန်ရှိနေပြီလို့ ဆရာဝန်ကပြောတယ်။ကျွန်မ မယုံနိုင်ခဲ့ဘူး။ သမီးလေးအတွက် အဖော်ရပြီ။မိသားစုဆိုတာ သိုက်သိုက်ဝန်းဝန်းနဲ့ နွေးထွေးတဲ့ အသိုက်အမြုံ တစ်ခုပဲလေ အထီးကျန်ဖို့မွေးဖွားလာကြတာမဟုတ်ဘူး ။အဲတော့ ဘုရားကို ကျွန်မအားကိုးဆုတောင်းခဲ့တယ်။ ကျွန်မ အတွက် နွေးထွေးတဲ့ အသိုက်အမြုံလေးရဖို့အတွက်ဒီနှစ်ရဲ့ ဘုရားပေးတဲ့လက်ဆောင်တွေထဲမှာတော့ ဒီလက် ဆောင်လေးဟာ အရာအားလုံးကိုပြည့်စုံစေခဲ့ပီလေ။ကျန်ခဲ့တဲ့ တစ်ပတ်က ultra sound ရိုက်တော့ ၅ လရှိပြီ ကျန်းကျန်းမာမာပဲတဲ့။ဘာလေးပဲရရပါ။အဓိက က ခြေလက်အင်္ဂါ စုံဖို့ရယ် ကျန်းမာဖို့ရယ် ညဏ်ရည် ကောင်းဖို့ ရယ်ပါပဲ။ကျန်တာဘုရားပေးသလောက်ပေါ့။ဘဝဆိုတာ တစ်ခါတလေမှာ စွန့်ပစ်ခြင်းခံရလို့ ထားခဲ့ခြင်း ခံရလို့ ဝမ်းနည်းခဲ့ရ ရင်တွေကွဲ ခဲ့ရပေမဲ့ အချိန်တချိန်ချိန်မှာတော့ ကိုယ့်ကိုချစ်မယ့်လူ တန်ဖိုးထားမယ့် လူက တော့ ရှိနေစမြဲပါပဲ Single parent ဘဝဆိုတာ အမေအဖြစ်ရော အဖေတယောက်လိုပါ အစစအရာ ရာကိုယ် တိုင်ရုန်းကန်ခဲ့ရလို့ပင်ပန်းပေမဲ့ဘယ်သူ့ကိုမှအပြစ်မတင်ပါဘူး။

ဖူးစာကံဆိုတာပါသလောက်ပဲဆုံကြရတာမို့ ဆုံစည်းခဲ့ကြရချိန်တွေ ပျော်စရာတွေကိုပဲ ဘဝတစ်လျှောက်လုံးသယ်ဆောင်သွားဖို့ဆုံးဖြတ်ထားပါတယ်။ မိသားစု ဘဝလေး ပြိုကွဲခဲ့ရချိန်တွေ နာကျင်ခဲ့ရချိန်တွေ အားလုံးကို အကောင်းမြင်စိတ်နဲ့ကျော်ဖြတ်လာခဲ့တာ အခုဆို အချိန်တောင်၃နှစ်ရှိခဲ့ပါပြီ။ အခုလက်ရှိဘဝမှာ ကိုယ့်ကိုတန်ဖိုးထားပြီးချစ်ပေးတဲ့ဗိုက်ထဲက ကလေး လေးရဲ့ ဖေဖေ Enrico ကိုလည်းကျေးဇူးအထူးတင်ပါတယ်။လက်တွဲလာခဲ့တာ အချိန်၂နှစ်အတွင်းpositive အမြင်နဲ့ဘဝကိုဖြတ်သန်းဖို့သင်ကြားပေးတဲ့အတွက်ရယ်ကျွန်မရဲ့ အတိတ်တွေ နားလည်ပေးပြီးကျွန်မနဲ့ သမီး လေးဂင်္ဂါကို မိသားစုဝင်အဖြစ်သတ်မှတ် လက်ခံပေးတဲ့အတွက်ရယ် တစ်ယောက်တည်းပင်ပန်း နေချိန်တွေမှာ အစစအရာရာနားလည်ခွင့်လွှတ်ဖေးမပေးလို့အတိုင်းမသိဝမ်းသာမိရပါတယ်။ကျေးဇူးလည်းတင်တယ်။သူ့ရဲ့ September လတုန်းက အသက် ၃၄နှစ်ပြည့်မွေးနေ့မှာလက်ဆောင်ဘာပေးရမှန်းမသိဘူးလို့ပြောတော့ အခု ဗိုက်ထဲမှာရောက်နေတဲ့ ဒီကလေးလေးဟာ ကျွန်မတို့နှစ်ယောက်အတွက် ဘုရားကပေးတဲ့ အနာဂတ်လက် ဆောင်လေးပဲတဲ့ ဘာမှမလိုဘူး ကလေးနဲ့မိခင်ကျန်းမာဖို့အရေးကြီးတယ်ဆိုတဲ့။ သူ့စကားကြောင့်အရမ်းပျော်ခဲ့ ရတယ်။သမီးလေးဂင်္ဂါနဲ့ နောက်ထပ်ကလေးလေး နေဖို့အတွက် ကျွန်မရဲ့ သန်လျင်အိမ်လေးကို နောက်ထပ်တိုး ပြီး ကလေးတွေအတွက် အိပ်ခန်းရေချိုးခန်းအိမ်သာလေးတွေ ကြမ်းခင်းသစ်သားပါကေးလေးတွေ အသံလုံ ခြင်မကိုက်အောင် ခြင်လုံစကာလေးတွေတံခါးလေးတွေကိုသူကိုယ်တိုင် အပင်ပန်းခံပြင်ပေးနေတာတွေ့ရတော့ အတိုင်းမသိကြည်နူးရပါတယ်။အတူတူ ဆေးတွေသုတ်ကြ ၊ အိမ်သန့်ရှင်းရေးတွေလုပ်ကြ၊ကလေးတွေအတွက် ရေကူးကန်ကိုပြန်ပြင်နဲ့ မနားတမ်းလုပ်ခဲ့ကြတယ်၊တခြားသူတွေအတွက် ဘယ်လိုခံစားရမယ်မသိပေမဲ့ ကျွန်မအတွက်တော့ မေတ္တာတရားဆိုတာတန်ဖိုးထား ကြည့်မြင်တတ်သူတွေအတွက်သာ အဖိုးမဖြတ် နိုင်ဘူးလို့ထင်ပါတယ် ။ အတိတ်ကအတိတ်ပါပဲ၊ကျန်ရှိနေသေးတဲ့ ကျွန်မရဲ့ အနာဂတ်ကိုတော့ ကျွန်မကို တန်ဖိုးထားချစ်တဲ့သူတွေနဲ့ ကျွန်မချစ်ရတဲ့သူတွေနဲ့သာ ဘဝကို ပျော်ရွှင်စွာနဲ့ ဖြတ်သန်းသွားမှာ ဖြစ်တဲ့ အကြောင်းလေး ကျွန်မကို ချစ်တဲ့ ကျွန်မ ချစ်တဲ့ ပရိသတ်အတွက် စကားလေးပါးရင်း အားလုံး Happy Sweet December ပါနော်၊ကျန်းမာပျော်ရွှင်ကြပါစေ။

Previous Post

ရုရှားနိုင်ငံက ပေးအပ်တဲ့ အကောင်းဆုံး ဒါရိုက်တာဆုကို လူမင်း ရရှိ

Next Post

အဖေနဲ့သားကြားမှာ နွေးထွေးမှုလေး ရစေချင်တဲ့ ပိုးအိအိခန့်

Next Post

အဖေနဲ့သားကြားမှာ နွေးထွေးမှုလေး ရစေချင်တဲ့ ပိုးအိအိခန့်

ဒုတိယမြောက်ရင်သွေးလေးကို အီတလီနိုင်ငံမှာ သွားရောက်မွေးဖွားမယ့် ချမ်းချမ်း

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!