နိုင်ငံကျော် အကယ်ဒမီ မင်းသမီးကြီး ခင်ဇာခြည်ကျော်ရဲ့ သားအကြီးဖြစ်သူ ဘုန်းမင်းနေလကတော့ အကယ်ဒမီရွှေကြိုမောင်တစ်ယောက်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီးနောက် ပရိသတ်တွေရဲ့ သတိထားအားပေးခြင်းကို ခံခဲ့ရသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဘုန်းမင်းနေလကတော့ အခုဆိုရင် အသက် (၁၈) နှစ် ကျော်အရွယ်သာရှိသေးပေမယ့် အနုပညာအလုပ်တွေကို လုပ်ကိုင်နေပြီး ကြော်ငြာတွေမှာလည်း ပါဝင်သရုပ်ဆောင်နေပြီပဲ ဖြစ်ပါတယ်။
ဘုန်းမင်းနေလက အလုပ်တွေလုပ်ကိုင်လာတာနဲ့အမျှ သူတို့မောင်နှမကို Single Mother တစ်ယောက်အနေနဲ့ ရပ်တည်ကျွေးမွေးလာခဲ့တဲ့ မိခင် ခင်ဇာခြည်ကျော်ကိုလည်း ပြန်လည်ပြုစုစောင့်ရှောက်နိုင်ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။
မိခင်အပေါ် သားကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေတဲ့ ဘုန်းမင်းနေလက သူ့ရဲ့ ဖခင်နဲ့ အတူတူမနေပေမယ့် စိတ်ထဲမှာ အမြဲတမ်းရှိသူတစ်ယောက် ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း ဘုန်းမင်းနေလက သီဟသုဓမ္မမဏိဇောတဓရဘွဲ့တံဆိပ်ကို ရရှိသွားခဲ့တဲ့ ဖခင်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း Congratulation Dad.. Good For You eh? ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ် My Day ကနေတဆင့် ပြောလာတာပဲ ဖြစ်ပါတယ်။
ဘုန်းမင်းနေလကတော့ ငယ်ငယ်ကတည်းက အနေဝေးသွားခဲ့တဲ့ ဖခင်ရဲ့ နိုင်ငံတော်က ပေးအပ်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ရရှိမှုအပေါ် ဝမ်းသာဂုဏ်ယူကြောင်းပြောလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
ဆယ်လီကွန်နက်ရှင်