• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Thursday, February 25, 2021
No Result
View All Result

(၄၆) နှစ်ပြည့်မွေးနေ့မှာ ပြင်ဦးလွင်က သူပိုင်ဆိုင်တဲ့ မြေ(၁)ဧကကို သာသနာ့နယ်မြေအဖြစ် လှူဒါန်းခဲ့တဲ့ ကိုပေါက်

We Love Cele by We Love Cele
January 6, 2021
in အနုပညာ
0

ပြည်သူချစ်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ကိုပေါက်ကတော့ ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်အဖြစ်ကနေ အနုပညာပညာရပ်တွေကို လေ့လာဆည်းပူးပြီး နိုင်ငံကျော်ဒါရိုက်တာတစ်ယောက် ဖြစ်လာသူပါ။ အနုပညာမှာလည်း ထူးချွန်သလို စိတ်သဘောထားလည်း ကောင်းမွန်တဲ့ ကိုပေါက်က ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသလို လူချစ်လူခင်ပေါများသူတစ်ယောက်ဆိုလည်း မမှားပါဘူး။ မနေ့က ဇန်နဝါရီလ (၅) ရက်နေ့က ကိုပေါက်ရဲ့ မွေးနေ့လေးဖြစ်ပြီး ကိုပေါက်က သူ့ရဲ့ မွေးနေ့မှာ ကောင်းမှုကုသိုလ်တွေပြုလုပ်ခဲ့ကြောင်း အခုလိုပဲ ပြောပြလာပါတယ်။

Image may contain: 2 people, people standing

၄၆ နှစ်ပြည့် မွေးနေ့အလှူ ကျေးဇူးရှင်မိဘနှစ်ပါးကို ဦးထိပ်တင်လျှက် ဘုရား တရား သံဃာ နဲ့ ခင်ပွန်းကြီး ၁၀ ပါးကိုရိုသေစွာကန်တော့ပါတယ်။ အရင်နှစ်တွေက ဒီနေ့ဆိုရင် လမ်းထဲမှာ စတုဒီသာ ထမင်း/ဟင်း ကျွေးပြီးခဲ့ပြီပေါ့။ ကိုဗစ်ကြောင့် လူစုဝေးရမှာကြောက်လို့ လူနည်းနည်းနဲ့ အလှူလုပ်ဖြစ်ခဲ့ပါတယ်။ အမြန်လမ်း ၁၁၆မိုင် ၆ဖာလုံ ကမ္ဘာငြိမ်းအေးစေတီတစ်ထောင်ဆရာတော် စမဘုန်းဘုန်းကို ပြင်ဦးလွင် အောင်ချမ်းသာကျေးရွာအုပ်စု၊အင်သာကျေးရွာရှိ မြေ (၁)ဧက ကို စမဘုန်းဘုန်းသာသနာပြုရာတွင် လိုအပ်သလိုအသုံးပြုနိုင်ရန် ရည်ရွယ်၍ လှူဒါန်းခဲ့ပါသည်။🙏🙏🙏

Image may contain: 4 people, people sitting

ယခုပြုရ သောဒါန သီလ ဘာဝနာ ကုသိုလ်အစုစုတွက် နတ် လူ သာဓု ခေါ်စေသော်.. အားလုံး အမျှ အမျှ အမျှ ရကြပါစေ။🙏🙏🙏 (အထူးသဖြင့် ချစ်ရတဲ့ဇနီး ၊ဘဝခရီဖော် ၊လက်တွဲဖော်၊လမ်းပြကြယ် ချစ်ဇနီးအသည်းလေးမမနီနီ ကို အထူးကျေးဇူးတင်ပါတယ်။ သူသာမရှိရင် ကျွန် တော်အခုလိုအောင်မြင်လာဖို့မလွယ်ပါဘူး။ အမြဲတမ်းသည်းခံနားလည် ပေးတဲ့အတွက် အရမ်ကျေးဇူးတင်ရပါတယ်။နောက်ပြီး သူ့ရဲ့နောက်ကမိသားစု ဝင်များအားလုံးကျေးဇူးပါ။) မွေးနေ့ဆုတောင်းပေးကြတဲ့ တစ်ယောက်ချင်းစီကိုအထူးကျေးဇူးတင်ပါသည်။ စာပြန်မရေးနိုင်တာ ခွင့်လွှတ်ပါနော်ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။

Image may contain: 5 people, people sitting and indoor

ကိုပေါက်ကတော့ အသက်တစ်နှစ်ကြီးသွားတဲ့မွေးနေ့မှာ ကောင်းမှုကုသိုလ်တွေပြုလုပ်ရင်း ဖြတ်သန်းခဲ့တာပဲ ဖြစ်ပါတယ်။ ကိုပေါက်တစ်ယောက် မွေးနေ့မှသည် အောင်မြင်မှုတွေများစွာရရှိပြီး ဒီထက်မက လှူနိုင်တန်းနိုင်သော လက်တစ်စုံကို ပိုင်ဆိုင်ခွင့်ရရှိပါစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Image may contain: 1 person, sitting

ဆယ်လီကွန်နက်ရှင်

Previous Post

လူငယ်တစ်ယောက်ရဲ့ဘဝ အညွှန့်တုံးသွားမှာမလိုလားလို့ စွဲဆိုထားတဲ့ ဥပဒေ ပုဒ်မကိုသက်ညှာစွာပြင်ဆင်ပေးဖို့ တောင်းဆိုလိုက်တဲ့ ရွှေစင်

Next Post

ချစ်သူလေးရဲ့ မွေးနေ့အတွက် နောက်ဆုံးပေါ် PS5 ဂိမ်းစက်ကြီး အမှတ်တရလက်ဆောင်ပေးခဲ့တဲ့ နန်းဆုရတီစိုး

Next Post

ချစ်သူလေးရဲ့ မွေးနေ့အတွက် နောက်ဆုံးပေါ် PS5 ဂိမ်းစက်ကြီး အမှတ်တရလက်ဆောင်ပေးခဲ့တဲ့ နန်းဆုရတီစိုး

(၄) နှစ်နီးပါး အလုပ်လုပ်ပြီးရှာထားတဲ့ ပိုက်ဆံနဲ့ သိန်း (၂၈၉၀) တန် ကားကြီး ဝယ်စီးခဲ့တဲ့ နေခြည်ဦး

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!