• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Saturday, February 27, 2021
No Result
View All Result

ချစ်သူသက်တမ်း (၁) နှစ်ပြည့်နေ့လေးမှာ ချစ်သူမိန်းကလေးနဲ့စုံတွဲပုံရိပ်တွေကို ပရိသတ်တွေဆီအလင်းပြလာတဲ့ ရေမွန်

We Love Cele by We Love Cele
January 9, 2021
in အနုပညာ
0

Image may contain: 2 people

လူငယ်ကြိုက် Idiots Band ရဲ့ ပင်တိုင်အဆိုတော်တစ်ဦးဖြစ်တဲ့ ရေမွန်ဟာ သီချင်းကောင်းလေးတွေ ကိုယ်တိုင်ခံစားရေးသားသလို သီဆိုခဲ့တာကြောင့် အောင်မြင်မှုတွေရရှိခဲ့သူတစ်ယောက် ဖြစ်ပါတယ်။

Image may contain: 2 people, people standing and indoor

ရေမွန်ရဲ့ သီချင်းတွေက လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားပြီး ဘယ်အချိန်နားထောင်ထောင် မရိုးသွားတဲ့ သီချင်းတွေအဖြစ် ကျော်ကြားတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ရေမွန်က သူ့ရဲ့ Idiots Band နဲ့အတူတူ သီချင်းသစ်တွေကို ဆက်လက်ဖန်တီးရင်း ဂီတလမ်းကြောင်းမှာ အောင်မြင်မှုတွေနဲ့ လျှောက်လှမ်းနေဆဲ ဖြစ်ပါတယ်။

Image may contain: 2 people, people standing and indoor

လူငယ်တစ်ယောက်ပီပီ လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးနေထိုင်တတ်တဲ့ ရေမွန်က ဒီကနေ့မှာတော့ သူ့ရဲ့ ချစ်သူမိန်းကလေးနဲ့ ချစ်သူသက်တမ်း (၁) နှစ်ပြည့်နေ့လေးမှာ ပရိသတ်ကို သူ့ရဲ့အချစ်ရေးနဲ့ ပက်သတ်ပြီး ချပြလာခဲ့ပါပြီ။ ရေမွန်က သူ့ရဲ့ချစ်သူမိန်းကလေးကို Happy 1 Year Anniversary ပါ ဘေဘီ.. ကိုယ်တို့ဒီလောက်ကြာကြာတွဲနေခဲ့တာမယုံနိုင်ဘူး။

Image may contain: 2 people, people standing

ဒါပေမယ့် တို့နှစ်ယောက်အတူတူ အမှတ်တရကောင်းတွေ အများကြီး ဖန်တီးနိုင်ခဲ့တယ်။ ကိုယ်နဲ့အတူရှိနေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် 😘 ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် ချစ်စကားဆိုလာတာပဲ ဖြစ်ပါတယ်။

Image may contain: 2 people, people standing

ရေမွန်ကတော့ ချစ်သူသက်တမ်း (၁) နှစ်ပြည့်နေ့လေးမှာ သူ့ရဲ့မိန်းကလေးကို လူသိရှင်ကြားမိတ်ဆက်ပေးလာတာပဲ ဖြစ်ပါတယ်။။ ရေမွန်တို့ ချစ်သူနှစ်ဦး ချစ်သက်တမ်း (၁) နှစ်ပြည့်မှသည် နောက်နှစ်တွေများစွာတိုင် ထာဝရလက်တွဲနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Image may contain: 2 people, people standing, guitar and indoor

ဆယ်လီကွန်နက်ရှင်

 

Previous Post

ချစ်သူရဲ့ ဓာတ်ပုံကို စော်ကားသလို ဝိုင်း Troll နေကြသူတွေကို တစ်ခွန်းတည်းတုံ့ပြန်လိုက်တဲ့ စွမ်းဇာနည်ရဲ့ချစ်သူ

Next Post

တစ်ချိန်လုံး ညီမလေးပဲလိုချင်တယ်လို့ပြောနေတဲ့သားလေးကို မေမေကနတ်သမီးဆိုတော့ နေ့ချင်းကြီးမွေးပေးလိုက်မယ်ဆိုတဲ့ မယ်လိုဒီ

Next Post

တစ်ချိန်လုံး ညီမလေးပဲလိုချင်တယ်လို့ပြောနေတဲ့သားလေးကို မေမေကနတ်သမီးဆိုတော့ နေ့ချင်းကြီးမွေးပေးလိုက်မယ်ဆိုတဲ့ မယ်လိုဒီ

ကျွန်းပေါ်မှာ ကျန်ရစ်ခဲ့တဲ့ ခင်ပွန်းဖြစ်သူကို စကားလေးတစ်ခွန်းနဲ့ အလွမ်းပိုစေခဲ့တဲ့ ခင်လေးနွယ်

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!