• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Thursday, February 25, 2021
No Result
View All Result

အမြန်လမ်းပေါ်မှာ အကယ်ဒမီ ထွန်းထွန်း ကြုံတွေ့ခဲ့ရတဲ့ အသက်ဆုံးရှုံးနိုင်ဖွယ် ဖြစ်ရပ်

We Love Cele by We Love Cele
January 10, 2021
in အနုပညာ
0

အကယ်ဒမီ ထွန်းထွန်းဟာ ဇန်နဝါရီ ၉ ရက် မနေ့က ညပိုင်းက အမြန်လမ်းမကြီးပေါ်မှာ မထင်မှတ်ထားတဲ့ အန္တရာယ်တစ်ခုနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ပါတယ်။

Image may contain: 1 person, standing

အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး အကယ်ဒမီ ထွန်းထွန်းအား အကုန်သိသတင်းဌာနမှ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရသေးတာကြောင့် မိတ္ထီလာမြို့ “မျိုးဆက်သစ်မြတ်ပါရမီလူမှုကူညီရေးအသင်း” ဖော်ပြချက်အတိုင်း ရေးသားဖော်ပြလိုက်ပါတယ်။

Image may contain: one or more people, people standing, people dancing, night and outdoor, text that says 'SHOT ON MI CC' AEA AI TRIPLE CAMERA'

ဇန်နဝါရီလ ၉ ရက် ည ၁၀ နာရီ မိနစ် ၃၀ အချိန်ခန့်က ရန်ကုန်မြို့ဘက်မှ မန္တလေးဘက်သို့ အကယ်ဒမီ ထွန်းထွန်း မောင်းနှင်လာသော Alphard အဖြူရောင်ယာဉ်သည် အမြန်လမ်းမိုင်တိုင် (၂၂၆) အရောက် အတက်/အဆင်းနေရာမှာ (​ခန့်မှန်း) အရှည် ၆ ပေ၊ အချင်း ၅ လက်မ/ ၆ လက်မခန့်ရှိတဲ့ သစ်လုံးတစ်လုံးကြီးကို အမြန်လမ်း လမ်းအလယ်မှာ ကန့်လန့်ပိတ်ထားတာကို ရုတ်တရက်တွေ့ရှိလိုက်ရတာကြောင့် ကီလို (၁၀၀)အရှိန်နဲ့မောင်းလာတဲ့ ထွန်းထွန်းက သစ်လုံးကို ရသလောက်ရှောင်တိန်းမောင်းခဲ့ရပြီး ယာဉ်ရဲ့ဘယ်ဘက်ဘီး၊ ကားဝမ်းဗိုက်တို့နှင့် တိုက်မိသဖြင့် ကားဘီးပေါက်၊ ဂီယာဘောက်တိုက်/ကွဲ ကာ ကားအောက်ပိုင်းတစ်ခုလုံး သစ်လုံးနဲ့ပွတ်တိုက်မိခဲ့တယ်လို့ သိရပါတယ်။

Image may contain: one or more people, night and outdoor, text that says '危 SHOT ON Mi T AI TRIPLE CAMERA'

ဒါ့အပြင် ယာဉ်က မရပ်တန့်သွားခြင်းမရှိခဲ့ဘဲ ရှေ့ဘီးအပေါက်ဖြင့် လေးဖာလုံလောက် ဆက်မောင်းနှင်ပြီးမှ ကားရပ်တန့်သွားခဲ့တယ်လို့သိရကာ ရှေ့ဘီး မြန်မြန်လဲပြီး ကားဆက်မောင်းလာခဲ့ရတယ်လို့သိရပါတယ်။ ကားပေါ် စီးနင်းလိုက်ပါလာတဲ့ အမျိုးသား(၂) ယောက်လုံး ဒဏ်ရာရရှိမှု မရှိခဲ့ပေမယ့် အမြန်လမ်း မိုင်တိုင် (၂၃၀) အရောက်မှာ ယာဉ်ကို ဆက်မောင်းလို့မရတော့ဘဲ စက်သေသွားခဲ့တယ်လို့သိရပါတယ်။

Image may contain: one or more people, people standing, night and outdoor, text that says '危 PUSO SHOT ON MICCO Al TRIPLE CAMERA'

ည ၁၀ နာရီ ၅၅ မိနစ်မှ ထွန်းထွန်းတို့က အမြန်လမ်းမျိုးဆက်သစ်မြတ်ပါရမီအသင်း ကိုဆက်သွယ်အကူအညီတောင်းခံခဲ့ကြကာ “၎င်းတို့ မနက် အရေးကြီးအလုပ်ကိစ္စတစ်ခုရှိကြောင်း နှင့် လမ်းမှာ သစ်လုံးကို အရှိန်ဖြင့် တက်နင်းမိကြောင်း” ဆက်သွယ်ခဲ့တာကြောင့် မျိုးဆက်သစ်မြတ်ပါရမီအသင်း မှ အရေးပေါ် ကယ်ဆယ်ရေးယာဉ်တစ်စီးနဲ့ အရေးပေါ် သွားရောက်ကူညီခဲ့ရတယ်လို့သိရပါတယ်။

Image may contain: night and outdoor, text that says 'EMS RESCUE R SHOT ON CC9 CC MI AI TRIPLE CAMERA'

မျိုးဆက်သစ်မြတ်ပါရမီအသင်းအနေနဲ့ ည(၁၂)နာရီ အချိန်မှာ ထွန်းထွန်းတို့ရှိရာ အမြန်လမ်းမိုင်တိုင် (၂၃၀)သို့ ရောက်ရှိခဲ့ကြပြီး မောင်းမရတော့တဲ့ ယာဉ်ကို ကရိန်းဖြင့် ရွှေ့ပြောင်းသယ်ဆောင်ခဲ့ကာ ထွန်းထွန်းတို့အဖွဲ့ကိုတော့ ကယ်ဆယ်ရေးယာဉ်ဖြင့် မန္တလေးသို့ ပို့ဆောင်ကူညီပေးခဲ့တယ်လို့သိရပါတယ်။

Image may contain: one or more people, night and outdoor, text that says 'SHOT ON MI CC CC-9 Al TRIPLE CAMERA'

အကုန်သိ

Previous Post

ကျွန်းပေါ်မှာ ကျန်ရစ်ခဲ့တဲ့ ခင်ပွန်းဖြစ်သူကို စကားလေးတစ်ခွန်းနဲ့ အလွမ်းပိုစေခဲ့တဲ့ ခင်လေးနွယ်

Next Post

သေခြင်းတရားနဲ့ အနီးကပ်ကြုံခဲ့ရတဲ့ အတွေ့အကြုံကို မျှဝေလာတဲ့ မိုးဒီ

Next Post

သေခြင်းတရားနဲ့ အနီးကပ်ကြုံခဲ့ရတဲ့ အတွေ့အကြုံကို မျှဝေလာတဲ့ မိုးဒီ

သမာအာဇီဝကျကျရှာဖွေထားတဲ့ ချွေးနည်းစာလေးနဲ့ ဆွေမျိုးလေးယောက်ကို ရှင်သာမဏေအဖြစ် သွတ်သွင်းကုသိုလ်ယူခဲ့တဲ့ နေဆန်း

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!