• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Friday, March 5, 2021
No Result
View All Result

ကိုယ်ပိုင်စီးပွားရေးတစ်ခုကို အစပြုနေပြီဖြစ်တဲ့ သမီးကြီး Portia Maung အတွက် မေမေစမိုင်းလ်ရဲ့ မွေးနေ့ဆုတောင်း

We Love Cele by We Love Cele
January 11, 2021
in အနုပညာ
0

Portia Maung ရဲ့ မွေးနေ့ပါ။ ကိုယ်ပိုင်စီးပွားရေးလေးတစ်ခုကို စတင်လုပ်ဆောင်နေပြီဖြစ်တဲ့ သမီးကြီး Portia Maung ရဲ့ မွေးနေ့မှာ စမိုင်းလ်က အခုလို မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။

မိခင်ဖြစ်သူ စမိုင်းလ်ရဲ့ ခြေရာကို နင်းမယ့် Portia Maung ကတော့ ဒီနေ့မှာ အသက် (၁၆) နှစ်ပြည့်ပြီလို့ သိရပါတယ်။ ဒါကြောင့် စမိုင်းလ်က သူမရင်ထဲက လာတဲ့ စကားတွေနဲ့ အခုလို မွေးနေ့ ဆုတောင်း ပေးထားပါတယ်။

” မေမေ့သမီးကြီး (၁၆) နှစ်လည်းပြည့်ပြီဆိုတော့ပိုပြီးစဉ်းစားတတ်လာရမယ်၊ လူတွေအကြောင်းသိအောင်ကြိုးစားရမယ်။ ကိုယ်တိုင်လည်း Online shop လေးလုပ်နေပြီဆိုတော့လူတွေကိုဘယ်လိုပြောဆိုရမယ်ဆိုတာတွေလည်းဖြေးဖြေးချင်းသဘောပေါက်နေပြီ။ ပိုက်ဆံရှာရတာထင်သလောက်မလွယ်ဘူးဆိုတာသိလာပြီနော်။ အလုပ်တွေအဆင်ပြေလာလေ ပိုပင်ပန်းလေဆိုတာလည်းသိလာပြီနော်။ ဘဝမှာလုပ်စရာတွေအများကြီးကျန်သေးတယ် အေးဆေး ကလေးလေးလုပ်အုန်းနော်။ လိမ္မာသိတတ်တဲ့ကလေးလေးမေမေနဲ့ daddy ရဲ့အသဲကြီးသမီး Portia Happy sweet sixteen birthday” ဆိုပြီးတော့ ဇန်နဝါရီလ (၁၀) ရက်နေ့ ည ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာပါ။

Portia Maung ရဲ့ မြန်မာနာမည်အရင်းကတော့ ဆုနဒီမောင် လို့ခေါ်ပါတယ်။ သူမဟာ အခုဆိုရင် Photo Model တစ်ယောက်အဖြစ် အနုပညာလှုပ်ရှားမှုတွေ စတင်လုပ်ဆောင်နေတာဖြစ်ပြီး မိခင်ဖြစ်တဲ့ စမိုင်းလ် နဲ့ အတူတွဲကာ အလှဓာတ်ပုံတွေလည်း ရိုက်ကူးနေတာ ဖြစ်ပါတယ်။ အနုပညာအလုပ်ကို ဝါသနာပါတဲ့ သမီးကြီးအတွက် မိဘ နှစ်ပါးကလည်း ပံ့ပိုးကူညီပေးနေတာကို တွေ့ရပါတယ်။

Image may contain: 1 person

သရုပ်ဆောင် စမိုင်းလ် ဟာ အခုချိန်မှာ ကိုယ်ပိုင်စီးပွားရေးတွေလည်း အများကြီးပိုင်ဆိုင်ထား သလိုကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေး ကိုလည်း စီစဉ်ဆောင်ရွက်နေသူတစ်ဦးပါ။ အခုဆိုရင် စမိုင်းလ်ရုပ်ရှင်ထုတ်လုပ်ရေးကိုပါ ဦးဆောင်နေသလို ပရိသတ်နဲ့ အဆက်အသွယ်မပြတ်ဖို့ သရုပ်ဆောင် အလုပ်တွေပါ ပြန်လုပ်နေပြီလို့ သိရပါတယ်။ လက်ရှိမှာတော့ အဘွားဖြစ်သူ ဝါရင့်သရုပ်ဆောင်ကြီး ဒေါ်ခင်လေးဆွေရယ်၊ သူချစ်ရတဲ့ ခင်ပွန်းရယ်၊ သမီးလေး နှစ်ယောက်ရယ် နဲ့ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ဖြတ်သန်းနေတာ ဖြစ်ပါတယ်။

Image may contain: 1 person

ဆယ်လီရပ်ကွက်

Previous Post

သမာအာဇီဝကျကျရှာဖွေထားတဲ့ ချွေးနည်းစာလေးနဲ့ ဆွေမျိုးလေးယောက်ကို ရှင်သာမဏေအဖြစ် သွတ်သွင်းကုသိုလ်ယူခဲ့တဲ့ နေဆန်း

Next Post

မျှတစွာဆောင်ရွက်ပေးတဲ့ သက်ဆိုင်ရာလူကြီးတွေကြောင့် အချုပ်ကလွတ်လာတဲ့ ခြိမ့်ကေကိုအတွက် ထပ်တူဝမ်းသာနေတဲ့ ယုန်လေး

Next Post

မျှတစွာဆောင်ရွက်ပေးတဲ့ သက်ဆိုင်ရာလူကြီးတွေကြောင့် အချုပ်ကလွတ်လာတဲ့ ခြိမ့်ကေကိုအတွက် ထပ်တူဝမ်းသာနေတဲ့ ယုန်လေး

အင်တာဗျူးတစ်ခုမှာ သမီးလေးအကြောင်းပြောနေရင်း မျက်ရည်ကျမိခဲ့လို့ ပရိသတ်တွေ အထင်မလွဲရအောင် ဖြေရှင်းလာတဲ့ ရန်ကျော်

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!