• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Saturday, February 27, 2021
No Result
View All Result

မိဘတွေကို သံသရာမှာပါမယ့် ကုသိုလ်ရေးတွေပြုလုပ်နိုင်ဖို့ လစဉ်လတိုင်း ငွေအပုံလိုက်ကြီးနဲ့ ကန်တော့ဖြစ်တဲ့ ပိုင်တံခွန်

We Love Cele by We Love Cele
January 15, 2021
in အနုပညာ
0

နိုင်ငံကျော်ရုံသာမကပဲ ကမ္ဘာကျော်တဲ့ မင်းသားချော ပိုင်တံခွန်ကတော့ ရုပ်ရည်ချောမောသလို စိတ်သဘောထားကောင်းမွန်ပြည့်စုံသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ စိတ်ထားကောင်းပြီး ကြင်နာတတ်တဲ့ ပိုင်တံခွန်ကတော့ အရွယ်ကောင်း အောင်မြင်နေတဲ့ လူငယ်တစ်ယောက်ဖြစ်ပေမယ့် အပျော်အပါးထက် အလုပ်ကိုသာ ကြိုးစားလုပ်ကိုင်နေသူဖြစ်ပြီး သူပိုင်ဆိုင်သမျှ ငွေကြေးတွေကိုလည်း ချင့်ချင့်ချိန်ချိန် သုံးစွဲတတ်တာပဲ ဖြစ်ပါတယ်။ လူငယ်ပေမယ့် ရင့်ကျက်တည်ငြိမ်တဲ့ အချက်တစ်ချက်ကလည်း ပရိသတ်တွေ ပိုင်တံခွန်ကို အချစ်ပိုစေတဲ့ အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။

Image may contain: 1 person, tree and outdoor

အသက် (၂၃) နှစ်အရွယ်သာရှိသေးပေမယ့် ပိုက်ဆံတွေအများကြီးရှာနိုင်ပြီဖြစ်တဲ့ ပိုင်တံခွန်က သူ့ရဲ့မိဘတွေအပေါ်မှာလည်း အင်မတန်သိတတ်တဲ့ သားလိမ္မာလေးတစ်ယောက် ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း ပိုင်တံခွန်က ကျွန်တော်က နည်းနည်းတော့ လောဘကြီးတယ်။ မိဘတွေကို ဒီဘဝမှာလည်း ပြည့်စုံစေချင်တယ်။ သံသရာမှာလည်း ပြည့်စုံစေချင်တယ်။

Image may contain: 2 people, indoor

ဒါက အဖေ နဲ့ အမေ ရဲ့ သံသရာ မှာပါမဲ့ ကုသိုလ်ရေးတွေလုပ်ဖို့အတွက် ကျွန်တော့်ရဲ့ လစဉ်ထောက်ပံ့ကြေးငွေပါ။မိဘတွေ သက်ရှိထင်ရှားရှိနေတဲ့ချိန်မှာ သူတို့လက်နဲ့ သူတို့ကိုယ်တိုင်လှူဒါန်းလို့ရအောင်ပါဆိုပြီး မိဘတွေကို သံသရာမှာပါမယ့် ကုသိုလ်ရေးတွေပြုလုပ်နိုင်ဖို့ လစဉ်လတိုင်း ငွေအပုံကြီးနဲ့ ကန်တော့ဖြစ်တဲ့အကြောင်း ပြောလာပါတယ်။

Image may contain: 3 people, people standing, child, tree, shoes and outdoor

ပိုင်တံခွန်ကတော့ ငွေအတော်ရှာနိုင်တဲ့ လူငယ်တစ်ယောက်ဖြစ်ပေမယ့် သူကိုယ်တိုင် အဖိုးတန်ပစ္စည်းတွေ အကောင်းစားပစ္စည်းကြီးတွေ ဝယ်သုံးတာထက် မိဘတွေအတွက်ကိုသာ ဦးစားပေးသူဖြစ်ပြီး ပြီးခဲ့တဲ့ (၂၀၂၀) ခုနှစ်မှာလည်း မိဘတွေအတွက် တိုက်တစ်လုံးဝယ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ မိဘကို သိတတ်တဲ့ ပိုင်တံခွန်တစ်ယောက် ဒီထက်မက အောင်မြင်တိုးတက်ကြီးပွားဦးမှာ ဧကန်မုချပါပဲနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Image may contain: 1 person, standing and outdoor

ဆယ်လီကွန်နက်ရှင်

Previous Post

စေ့စပ်လက်စွပ်တွေကို ဘုရားလှူလိုက်တဲ့ အိမ့်ချစ်တို့ဇနီးမောင်နှံ

Next Post

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်အကြီးဆုံးသတင်းဝဘ်ဆိုဒ်မှာ ကိုရီးယားအနုပညာရှင်တွေနဲ့နှိုင်းယှဉ် ဖော်ပြခံနေရတဲ့ ပိုင်တံခွန်

Next Post

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်အကြီးဆုံးသတင်းဝဘ်ဆိုဒ်မှာ ကိုရီးယားအနုပညာရှင်တွေနဲ့နှိုင်းယှဉ် ဖော်ပြခံနေရတဲ့ ပိုင်တံခွန်

ချစ်သူသက်တမ်း (၈) လပြည့်မှာ သားအမိနှစ်ယောက်လုံးကို တန်ဖိုးထားပြီး ချစ်ပေးတဲ့ ချစ်သူကို ကျေးဇူးတင်ကြောင်းပြောလာတဲ့ အေသင်ချိုဆွေ

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!