• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Sunday, February 28, 2021
No Result
View All Result

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်အကြီးဆုံးသတင်းဝဘ်ဆိုဒ်မှာ ကိုရီးယားအနုပညာရှင်တွေနဲ့နှိုင်းယှဉ် ဖော်ပြခံနေရတဲ့ ပိုင်တံခွန်

We Love Cele by We Love Cele
January 16, 2021
in အနုပညာ
0

နိုင်ငံကျော် သရုပ်ဆောင် မော်ဒယ် ပိုင်တံခွန်က လက်ရှိမှာတော့ သူ့ရဲ့ ဆန်းအတက်ဆုံးအချိန်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ ပိုင်တံခွန်က ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံတွေထိပါ ထိုးဖောက်အောင်မြင်နေပြီး နိုင်ငံတကာက ပရိသတ်တွေ အာရုံစိုက်ခံနေရတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။

Image may contain: 1 person, standing

ပိုင်တံခွန်ရဲ့ ကြံခိုင်သန်စွမ်းတဲ့ ခန္ဓာကိုယ်နဲ့ အပြစ်ဆိုဖွယ်ရာမရှိအောင် ပြီးပြည့်စုံတဲ့ ချောမောတဲ့ရုပ်ရည်က ပြည်တွင်းပြည်ပ မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားတာပါ။ ပိုင်တံခွန်ကလည်း သူ့ကိုအားပေးကြတဲ့ နိုင်ငံတကာက ပရိသတ်တွေနဲ့ ထိတွေ့နိုင်ဖို့ အနုပညာအလုပ်တွေကို အကျယ်တဝင့်လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

အရင်ကတည်းက ထိုင်းနိုင်ငံမှာ အောင်မြင်မှုရရှိနေပြီးသား ပိုင်တံခွန်က ဒီကနေ့မှာတော့ တရုတ်နိုင်ငံက နာမည်ကြီးလူမှုကွန်ယက်ဖြစ်တဲ့ Weibo Weibo မှာ Hot Search No (19) ကနေ ရေပန်းစားနေသလို အခုတစ်ခါမှာလည်း တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးသတင်းဝဘ်ဆိုဒ်ဖြစ်တဲ့ Naver မှာ အကျယ်တဝင့် ဖော်ပြခြင်းခံနေရတာပဲ ဖြစ်ပါတယ်။

Naver မှာ ပိုင်တံခွန်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်များနဲ့ အနုပညာလှုပ်ရှားမှုတွေကို ဖော်ပြထားပြီး ကိုရီးယားအနုပညာရှင်တွေနဲ့တူတယ်လို့လည်း ရေးသားထားပါတယ်။ Naver က ပိုင်တံခွန်က ဆံပင်အတိုနဲ့မှာလည်း Super Junior အဖွဲ့က Choi Siwon လိုပုံစံမျိုးရှိတယ်၊ ဘေးတစောင်းအနေအထားနဲ့ ပန်းချီဆွဲနေတဲ့ ဓာတ်ပုံမှာ မင်းသား Kim Soo Hyun နဲ့တူတယ်၊ အရပ်အမောင်းက Lee Kwang Soo လိုမျိုးရှိတယ်ဆိုပြီး ရွှန်းရွှန်းဝေအောင် ဖော်ပြထားတာပဲ ဖြစ်ပါတယ်။

Image may contain: 1 person, sitting, indoor and food

Naver Website က တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး အနုပညာရှင်သတင်းတွေပဲ တင်တဲ့ သတင်းဝဘ်ဆိုဒ်တစ်ခုဖြစ်ပြီး ပိုင်တံခွန်ကတော့ လတ်တလောမှာ လူစိတ်ဝင်စားမှုအရှိဆုံး မြန်မာသရုပ်ဆောင်ဖြစ်တာကြောင့် ဖော်ပြခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။ ပိုင်တံခွန်ရဲ့ သတင်းအတွက် ပရိသတ်ကြီးလည်း ထပ်တူဝမ်းသာဂုဏ်ယူနေမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့  ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ဆယ်လီကွန်နက်ရှင်

 

Previous Post

မိဘတွေကို သံသရာမှာပါမယ့် ကုသိုလ်ရေးတွေပြုလုပ်နိုင်ဖို့ လစဉ်လတိုင်း ငွေအပုံလိုက်ကြီးနဲ့ ကန်တော့ဖြစ်တဲ့ ပိုင်တံခွန်

Next Post

ချစ်သူသက်တမ်း (၈) လပြည့်မှာ သားအမိနှစ်ယောက်လုံးကို တန်ဖိုးထားပြီး ချစ်ပေးတဲ့ ချစ်သူကို ကျေးဇူးတင်ကြောင်းပြောလာတဲ့ အေသင်ချိုဆွေ

Next Post

ချစ်သူသက်တမ်း (၈) လပြည့်မှာ သားအမိနှစ်ယောက်လုံးကို တန်ဖိုးထားပြီး ချစ်ပေးတဲ့ ချစ်သူကို ကျေးဇူးတင်ကြောင်းပြောလာတဲ့ အေသင်ချိုဆွေ

ဆရာဝန်ဖြစ်ချင်တဲ့ သမီးလေးဆန္ဒ ပြည့်တော့မှာမို့ ပီတိဖြစ်နေတဲ့ ဂေါ်ဇီလာ

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!