ကာယကံရှင်တွေကိုယ်စား မခံစားနိုင် လွန်းလို့တင်ပြလိုက်ပါတယ်
ဒီဖြစ်ရပ်မှာ တာဝန်အရှိဆုံး ” ချမ်းသာသုခ (အထူးကုဆေးရုံအမည်ခံ)ဆေးရုံကဘယ်လို တာဝန်ယူ တာဝန်ခံမှာလဲ ”
ကျွန်တော့်မိတ်ဆွေရဲ့အဖေ ကျန်းမာရေးမကောင်းလို့ ချမ်းသာသုခဆေးရုံမှာ (၂၄-၈-၁၈) ရက်နေ့က စပြီးဆေးရုံတက်တယ်….Special Room မှာအခန်းယူပြီးတက်တယ်..အခန်းကျဉ်း လို့ပိုကျယ်တဲ့အခန်း ကိုပြောင်းချင်လို့ပြောတော့ အခန်းနံပါတ်(၁၀၂)ကို စီစဉ်ပေးတယ် တကယ်ဆို အဲဒီအခန်းနံပါတ်(၁၀၂)ရဲ့ရေချိုးခန်းက ဓါတ်လိုက်မှန်း ဝန်ထမ်းအားလုံးသိတယ်..(ဒါကိုကာယကံရှင်တွေကိုသတိပေးပြောကြားခြင်းလုံးဝမရှိဘူး)
ဒါကိုကာယကံရှင်ဖြစ်သူ ကျွန်တော့်မိတ်ဆွေကမသိတော့ ရေဝင်ချိုးတယ် ” အဲဒီမှာ ဓါတ်လိုက်တယ် / ဓါတ်လိုက်ပြီးလဲကျသွားတယ် ဒါကို ရေချိုးခန်းအပြင်မှာရှိတဲ့ လူနာကကြားတော့ ဆေးရုံကတာဝန်ရှိသူတွေကို ဖုန်း(ဆေးရုံတွင်အရေးပေါ်အခြေနေတွင်သုံးရန်စဉ်ထားသော Ph)နဲ့ခေါ်တယ် ….ဆေးရုံတာဝန်ရှိသူတွေ ရောက်မလာဘူး…..လူနာလုပ်သူက မနေနိုင်တော့လို့ (သားဇောနဲ့) လည်ပင်းမှာတပ်ထားရတဲ့ပိုက်တွေကိုဖြုတ်ပြီး လမ်းကိုကြိုးစားလျှောက်ကာ အပြင်ကိုအကူအညီထွက်တောင်းရတယ်…
ဒါတောင်ချက်ချင်းရောက်မလာကြဘဲ တော်တော်ကြာမှ ညစောင့်နဲ့ အမျိုးသမီး ၂ ယောက်ရောက်လာတယ်…. 🙁 ဖြစ်စဉ်ကိုပြောပြတော့ ရေချိုးခန်း တံခါးကိုဖွင့်ပြီး လူတစ်ယောက်လုံးကြမ်းပြင်မှာလဲနေတာကို ဘာမှမလုပ်ဘဲ သွားမကိုင်နဲ့ဓါတ်လိုက်လိမ့်မယ်ဆိုပြီး သူတို့အချင်းချင်းပြောနေကြတယ်….. 🙁 ဖြစ်ပုံများ သူတို့ကြတော့ ဓါတ်လိုက်သေမှာ ကြောက်တယ်.. 🙁 ဓါတ်လိုက်မှန်းသိရဲ့နဲ့လည်း လူနာနဲ့လူနာရှင်တွေကိုသတိမပေးဘူး 🙁
လူနာရှင်ကရေချိုးခန်းထဲမှာ ဓါတ်လိုက်ခံရပြီး ခံစားနေရတာကိုတောင် ပြစ်ထားပြီး သူတို့ကျသေမှာကြောက်လို့မကိုင်ရဲဘူး 🙁 တကယ်ဆိုဖြစ်ဖြစ်ခြင်း ဓါတ်လိုက်ခံရတဲ့ လူနာရှင်ကိုကူညီကယ်ဆယ်ပေးမယ်ဆိုရင် တန်ဖိုးရှိလှတဲ့ လူ့အသက်တစ်ချောင်း အလကားဆုံးရှုံးစရာမလိုဘူးလေ ….အခုတော့ … :'( ကျန်းမာသန်စွမ်းတဲ့လူတစ်ယောက်ရဲ့ :'( အသက်
တစ်ချောင်းအလကားဆုံးရှုံးရတယ် :'( ဖြစ်သင့်ရဲ့လား ? ဒါတင်ဘဲလား …..မကသေးဘူး….
ဆရာဝန်ကချက်ချင်းမလာ ….ညစောင့်ကိုဘဲဆေးကုခိုင်းရမလို ဒါလားအထူးကုဆေးရုံ…. 🙁 ဒါလားလူ့အသက်ကိုကယ်တင်ဖို့အထူးကုအမည်ခံ ဘာမှပြည့်စုံမှုမရှိတဲ့အလကားဆေးရုံ. 🙁 နောက်လူတွေရဲ့တန်ဖိုးရှိတဲ့အသက်တွေထပ်ပြီးမဆုံးရှုံးနိုင်စေဖို့ ဒီလိုအထူးကုအမည်ခံပြီး ဘာမှ(ဘာတစ်ခုမှ)ပြည့်စုံမှုမရှိတဲ့ ဒီလိုဆေးရုံကို သက်ဆိုင်ရာတာဝန်ရှိသူများမှ အမြန်စစ်ဆေးအရေးယူပေးဖို့ တောင်းဆိုအပ်ပါတယ်……
ဓါတ်လိုက်နေတဲ့အခန်းတွေကိုပါ လူနာတွေကိုမပြောဘဲ သူတို့ပိုက်ဆံရဖို့တစ်ခုထဲကိုပဲကြည့်ပြီးအခန်း ငှါးစားနေတဲ့ဆေးရုံကိုဝေးဝေးကရှောင်ကြဖို့ လူတစ်ယောက်ရဲ့အသက်ကိုရင်းပြီး :'( စေတနာများစွာဖြင့်သတိပေးလိုက်ပါတယ် ….. :'(
မှတ်ချက်-ယခုပို့စ်ကို သံစဉ်လှိုင်းဖေ့ဘုတ်အကောင့်မှကူးယူဖော်ပြသည်။
—————————————————————
ရေပူရေအေး သုံးရင်း ဓါတ်လိုက်ဆုံးနိုင်ပါကြောင်း
မေမြို့ကအထူးကုဆေးရုံတစ်ခုရဲ့ ရေချိုးခန်းတစ်ခုကရေပူရေအေးစနစ်မှာ ဓ်ါတ်လိုက်ခံရပြီး R-I-T ကျောင်းက မြို့ပြဆရာကြီးတစ်ဦးရဲ့ သားကြီးဖြစ်သူက အဲဒီဆေးရုံတက်နေရတဲ့သူ့ အဖေဖြစ်သူကိုပြုစုဖို့ လူနာစောင့်လုပ်ရင်းကမနေ့ ညက ဆုံးသွားတယ်။ အသက်က ကျနော်တို့ နဲ့ ရွယ်တူ ၄၄လောက်ပဲရှိသေး။
ဗမာပြည်ထုံးစံအတိုင်း ဓ်ါတ်လိုက်လို့ ရုတ်တရက်ဆုံး သွားရင် အာမခံမရှိ အားနာပါးနာနဲ့ နေကြရင်း ဖြစ်တဲ့သူကကံဆိုးလို့ တရားစွဲလည်းရုံးကစားမှာနဲ့  အချိန်ကုန်မှာနဲ့  ဒီလိုနဲ့ ပဲ မစို့ မပို့ လျော်ကြေးလေးတွေနဲ့ အသက်ကသိန်းဆယ်ဂဏန်းပဲတန်သွားရော။
အဓိကပြောချင်တာက ဟိုတယ်တို့ အထူးကုဆေးရုံ တို့ မှာ အခုလို Exhaust Fan (လေစုတ်ထုတ်ပန်ကာ) ရေပူရေအေးစနစ်တပ်ထားတဲ့ မီးပလပ်ပေါက်တွေက သတ်မှတ်ခံနိင်ရည်မရှိတာကိုသုံးထားတာမျိုး (ဥပမာ -15A သရီးပင်ပလပ်ပေါက် ပင်တံကအလုံးသုံးရမှာကို ပြီးစလွယ် 5A Two-Pin ပလပ် ဒါမှမဟုတ် လေးထောင့်ပင်ထိုးMulti ပလပ်ပေါက်တွေသုံးထားတာမျိုး-)။
အဆောက်အဦတစ်ခုလုံးစာအတွက် မြေဓာတ်ချတာ(Earthing Resistance ) ရလာဒ် Ohm result ကောင်းမကောင်းမစစ်ဆေးပဲ ဖြစ်သလိုလုပ်နေကြတာ။ ဘယ်သူကမှလည်း မိုးဆိုကောင်း နွေနဲ့ ဆောင်းကျညံ့တတ်တဲ့ ရာသီအလိုက်အနည်းငယ်ပြောင်းတတ်တဲ့ EARTH ကိုမစစ်ဆေးမပြုပြင်ကြပဲ ကုန်ကျစရိတ်ချွေတာကြတာ။
ဓ်ါတ်လိုက်တာနဲ့ ပြုတ်တဲ့  Earth Leakage Circuit Breaker (ELCB) မသုံးကြတာမျိုး။ ဆေးရုံဆောက်ပြီး
Third Party inspection မရှိပဲရသလိုသုံးတာ လစဉ် အပတ်စဉ် ပြင်/ထိန်း (Check -Up Team) မထားပဲ ဓ်ါတ်လိုက်သလိုဖြစ်နေမှ ပြန်ပြင်တာမျိုး။
အဲသလို ဖြစ်စဉ်တွေဖြစ်ပြီးလည်းသေသောသူကြာရင်မေ့သလို ဘယ်အဖွဲ့ အစည်းကမှ မှတ်တမ်းမှတ်ရာမထားကြတော့ပဲ ဗမာပီပီ ဖြစ် ပျက် မှတ်ရှုပြီး၊ ပြီးပြီးရောလုပ်ကြတာ အဲဒါတွေမျိုးကို ထိန်းသိမ်းကြပ်မတ်ဖို့  နည်းဥပဒေ မူဝါဒတွေနဲ့  Enforcement မလုပ်နိုင်ကြတာကိုတွေးရင်း
သတိတစ်ချက်မဲ့လို့  အသက်တစ်ချောင်းဆုံးတာမဟုတ်တဲ့ ခုလို ဖခင်ကြီးဆေးရုံတက်တာကို ပြုစုရင်း ရေချိုးခန်းလေးတစ်ချက်ဝင်တာနဲ့ ရေပိုက်ခေါင်းဖွင့်ကျင်ကနဲဖြစ် သတိလစ်အသက်ဆုံးပါးသွားသူ ကိုနေသူရိန် အကြောင်းဖတ်ရင်း သူသေနေ့ စေ့ တယ်လို့ မတွေးပဲ ဆေ့ဖ် (safe) မဖြစ်လို့ သေနေ့ စေ့သွားတာကို ခံပြင်းရင်း မိတ်ဆွေများအားလုံးလည်းဘယ်နေရာခဏရောက်ရောက် ရေပူရေအေး သုံးခါနီး safety ဖြစ်ကြပါစေလို့ ဆုတောင်းပေးပါတယ်။
မြွေကိုက်ရင် ဖြေဆေးရှိနိင်တယ် လျှပ်စစ်ကိုက်ရင် ဖြေဆေးမရှိပါဘူး မိတ်ဆွေတို့ ။
ယုတ်စွအဆုံး ထဘီတန်း (လုံချည်တန်း)အဖြစ်သုံးထားတဲ့သွပ်နန်းကြိုးကအစ လျှပ်စစ်ဓာတ်ရှိနေသယောင်ခံစားပြီးသတိကပ်သုံးကြပါ။
Quality ကောင်းတဲ့ လျှပ်စစ်ပစ္စည်းများ အသုံးပြုနိင်ကြပါစေ။ လျှပ်စစ်နဲ့ ပါတ်သက်ပြီးကြီးကြပ်စစ်ဆေးခကုန်ကျစရိတ်တွေနှမျောခြင်းမျိုး ကင်းကြပါစေ။
မှတ်ချက်-Zaw Min Oo Facebook မှကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။