ရယ်လိုက်ရင် အရမ်းကိုချစ်စရာကောင်းတဲ့ မင်းသမီးချောလေး ပိုင်ဖြိုးသုကတော့ သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်တာမို့ အကယ်ဒမီဆုကြီးကို ပိုင်ဆိုင်ထားသူတစ်ဦးပါ။ သူမကတော့ လတ်တလောမှာ အနည်းငယ်ဝလာတာကြောင့် စိတ်ညစ်နေရတဲ့အကြောင်းနဲ့ မင်္ဂလာတောင်မဆောင်ရသေးတဲ့သူမကို နှမချင်းမစာမနာ မိန်းမချင်းမစာမနာ ဗိုက်ကြီးနေတာလားလို့ လာလာမေးကြတဲ့သူတွေကြောင့် အသဲပေါက်နေတဲ့အကြောင်းကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရင်ဖွင့်ပေးထားတာပါ။ ချစ်ပရိသတ်တွေအတွက် ပိုင်ဖြိုးသုရဲ့ခံစားချက်စာသားတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်နော်။
တစ်နေ့တစ်ခြား ပိုပိုပြီးလှလာတဲ့ ချစ်စရာမင်းသမီးလေး ပိုင်ဖြိုးသု
ပိုင်ဖြိုးသုကတော့ “ဝမ်းနည်းစရာ အကောင်းဆုံးက ဘာလဲသိလား????အသက်အရွယ်အရ ဘာစားစားဝ ရေသောက်လည်းဝ နောက်ဆုံးလေရှူရင်တောင်ဝမှာစိုးလို့ ချွေတာရှူနေရတဲ့ဘဝဖြစ်နေတာပဲ……??? အဲ့မှာ ဘာကိုအသဲအပေါက်ဆုံးလဲသိလား?????ကွကိုယ်ဝလာလို့ depressed နေပါတယ်ဆိုမှ မင်္ဂလာတောင်မဆောင်ရသေးတာကို ဗိုက်ကြီးနေတာလားဟင်လို့ နှမချင်းမစာမနာ မိန်းမချင်းမစာမနာ လာလာမေးကြတဲ့လူတွေကိုပဲ……????နာဝလာလည်းနင်တို့ကျွေးထားရတာမဟုတ်ဘူး လို့ပြန်ပြောမိရင်စိတ်မဆိုးနဲ့….ဂယ်ဘဲ……” ဆိုပြီး စိတ်တိုလွန်းစွာ ရေးသားထားတာပါ။
ပိုင်ဖြိုးသုကတော့ ပြီးခဲ့တဲ့ ဇွန်လ ၂၁ရက်နေ့က ချစ်ရသူနဲ့အတူ စေ့စပ်ခဲ့တာဖြစ်ပြီး မင်္ဂလာဆောင်ဖို့ကတော့ အဝေးကြီးလိုသေးတယ်လို့ သိရပါတယ်။ ချစ်ပရိသတ်တွေလည်း နှမချင်းမစာနာတဲ့ လူတစ်ချို့ကြောင့် စိတ်ညစ်သွားရှာတဲ့ ပိုင်ဖြိုးသုလေးကို အားပေးနှစ်သိမ့်တဲ့စကားလေးတွေ ပြောသွားခဲ့ပါဦးနော်။
မှတ်ချက်-မိုမိုလေးစာမျက်နှာထက်မှတဆင့်ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။