ရွှေထူးနဲ့ ရွှေမှုံရတီကတော့ ခရီးတွေအတူတူတွဲထွက်နေတာတွေ့ရပြီး ပျော်ရွှင်ကြည်နူးဖို့ကောင်းတဲ့ သူတို့နှစ်ယောက်ရဲ့ Activities လေးတွေကို အမြဲမပြတ်တင်ပေးနေတာလည်းတွေ့ရပါတယ်။
ဝေဖန်မှုတွေရှိနေပေမယ့်လည်း တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ချစ်ကြောင်း၊ ဂရုစိုက်ကြောင်း အမြဲရိုမန်တစ်ဆန်ဆန်ဗီဒီယို၊ ဓာတ်ပုံလေးတွေကို ပရိသတ်တွေရှေ့ အမြဲချပြနေတာလည်းဖြစ်ပါတယ်။
မကြာသေးခင်ကမှ သူမတို့နှစ်ယောက်ရဲ့ အနမ်းခြွေခဲ့တဲ့ ဗီဒီယိုဖိုင်ဟာလည်း ပ၇ိသတ်တွေကြား ပျံ့နှံ့သွားခဲ့တာဖြစ်ပါတယ်။
အချစ်ရေးမှာအရမ်းချစ်တတ်တဲ့ ရွှေမှုံရတီနဲ့ သူမအကြိုက်ကိုအမြဲလိုက်လျောပေးလေ့ရှိတဲ့ ရွှေထူးတို့ ချစ်သူနှစ်ဦးရဲ့ ပုံရိပ်တွေဟာ မနာလိုစရာကောင်းလောက်အောင် အရမ်းကိုရိုနေတာလည်းတွေ့ရပါတယ်။ ဒီလိုရိုမန်တစ်ဆန်တဲ့မြင်ကွင်းလေးကို ပရိသတ်တွေလည်းကြည့်ရှုလို့ရအောင် တင်ပေးလိုက်ပါတယ်နော်။We Love Cele