• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Saturday, August 6, 2022
No Result
View All Result

Profile ဆင်တူချိန်းပြီး ဘယ်လောက်ချစ်ကြကြောင်း သက်သေပြလိုက်တဲ့ ရွှေရွှေစုံတွဲ

We Love Cele by We Love Cele
September 4, 2018
in အနုပညာ
0

ပရိသတ်ကြီးရေ ရွှေထူးနဲ့ ရွှေမှုန်ရတီတို့စုံတွဲကတော့ လတ်တလောမှာ တစ်နိုင်ငံလုံးရဲ့ စိတ်ဝင်တစားစောင့်ကြည့် အားပေးခြင်းခံနေရတာ ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးရင်းမှ လူလွတ်တွေဖြစ်ကြတဲ့ သူတို့နှစ်ဦးက တစ်ဦးကိုတစ်ဦး သံယောဇဉ်တွေပိုလာခဲ့ပြီး ချစ်သူအဆင့်ကို ရောက်ရှိခဲ့ကြတာ ဖြစ်ပါတယ်။ ပရိသတ်တွေ လုံးဝမထင်မှတ်ထားခဲ့တဲ့ သူတို့စုံတွဲလေးက အခုချိန်မှာတော့ ချစ်သူတို့သဘာဝအတိုင်း အကြင်နာတွေပိုကာ ချစ်မဝဖြစ်နေကြပါတယ်။

သူတို့စုံတွဲလေးက မကြာသေးခင်ကမှ ပရိသတ်တွေအားလုံးကို အသိပေးပြီး Official အဖြစ် စတွဲခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာ ရွှေရွှေစုံတွဲလေးက ပရိသတ်တစ်ချို့ရဲ့ ဝေဖန်တိုက်ခိုက်မှုတွေ ခံနေရတာကြောင့် သူတို့နှစ်ဦးရဲ့ အမှတ်တရလေးတွေကိုတော့ My Story နဲ့ Instagram တို့မှာပဲ အမြဲတင်လေ့ရှိပါတယ်။ ဒါ့အပြင် လူတစ်ချို့ရဲ့ ပြင်းထန်တဲ့တိုက်ခိုက်ဝေဖန်ဒဏ်တွေကြောင့်လည်း ရွှေထူးက သူရဲ့ facebook Account ကို ယာယီပိတ်ထားတာ တွေ့ရပြီး IG ကိုတော့ ဆက်လက်အသုံးပြုနေဆဲ ဖြစ်ပါတယ်။

အနှောင့်အယှက်တွေကြားက အချစ်တွေ ခိုင်မြဲခဲ့တဲ့ သူတို့စုံတွဲလေးက အခုလည်း သူတို့နှစ်ဦးရဲ့ ကိုယ်ပိုင် IG Account မှာ Profile ဆင်တူချိန်းပြီး ချစ်သက်သေပြခဲ့တာ တွေ့ရပါတယ်။ သူတို့နှစ်ယောက်ရဲ့ Selfie ပုံလေးမှာတော့ နှစ်ယောက်လုံးက သွားပေါ်အောင်ရယ်နေကြတဲ့အထိ ကြည်နူးပြုံးပျော်နေတာ ဖြစ်ပါတယ်။ ရွှေထူးကတော့ သူရဲ့ချစ်သူလေးရွှေမှုန်က စိတ်ကောက်ရတာ ပျော်တဲ့သူဖြစ်ကြောင်းကို ပုံလေးနဲ့ တင်ထားတာ တွေ့ရပါတယ်။ ချစ်ပရိသတ်တွေအတွက် ရွှေထူးနဲ့ရွှေမှုန်တို့စုံတွဲလေးရဲ့ Profile ပုံလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

မှတ်ချက်-မြန်မာလုတ်စာမျက်နှာမှတဆင့်ကူးယူဖော်ပြထားပါသည်။

Previous Post

ကျပ်ငွေ ၁၉ သိန်းရှိရုံနဲ့ အိမ်ခန်းတစ်ခန်း ပိုင်ဆိုင်နိုင်ပါပြီ

Next Post

သုံးခွမြို့နယ်က ပိုင်ရှင်မဲ့သင်္ဘောအတွက် ကုမ္ပဏီ တောင်းပန်

Next Post

သုံးခွမြို့နယ်က ပိုင်ရှင်မဲ့သင်္ဘောအတွက် ကုမ္ပဏီ တောင်းပန်

သမီးလေးရဲ့ ချစ်စရာကောင်းလွန်းတဲ့ အပြုအမှုလေးတွေကြောင့် အပြုံးပန်းတွေဝေဆာခဲ့ရတဲ့ချစ်မေကြီး အိအိတုံ

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!