ပရိသတ်ကြီးရေ မော်ဒယ်သရုပ်ဆောင် ယွန်းဝတီလွင်မိုးကတော့ နိုင်ငံကျော်သရုပ်ဆောင် ဦးလွင်မိုးရဲ့ အကြီးဆုံးသမီးလေးပဲ ဖြစ်ပါတယ်။ အနုပညာအလုပ်အနေနဲ့ ကြော်ငြာတွေသာ အဓိကရိုက်ကူးခဲ့ပေမယ့် ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝပိုင်ဆိုင်ခဲ့ပါတယ်။ ယွန်းက ပြီးခဲ့တဲ့နှစ်က ချစ်သူနဲ့လက်ထပ်ခဲ့တာကြောင့် အားလုံးကငယ်ရွယ်လှပတဲ့ သူမကို နှမြောခဲ့ရပါတယ်။ အခုချိန်မှာတော့ ယွန်းက အိမ်ထောင်ရှင်မတစ်ဦးဖြစ်နေသလို မိခင်တစ်ဦးအဖြစ်လည်း ချစ်စရာကောင်းတဲ့ သားလေးကို ပိုင်ဆိုင်ထားရပြီ ဖြစ်ပါတယ်။
သြဂုတ်လ ၆ရက်နေ့မှာ Liam လို့အမည်ပေးထားတဲ့ သားဦးလေးကို ပိုင်ဆိုင်ခဲ့တဲ့ယွန်းက သားလေးနဲ့ပတ်သက်တဲ့အကြောင်းတွေနဲ့ပုံတွေကို ပရိသတ်တွေကို အချိန်အတော်ကြာ မပြောပြခဲ့ပါဘူး။သို့ပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းကတော့ ယွန်းက ပရိသတ်တွေသိချင်ကြတဲ့ သားလေးနဲ့ပတ်သက်တဲ့အကြောင်းတွေကို သေချာဖြေဆိုပေးခဲ့ပါတယ်။ ယွန်းက မွေးစကနေယနေ့အထိ သားလေးရဲ့ပုံကို မပြသခဲ့ပေမယ့် အခုချိန်မှာတော့ Liam လေးဘယ်လိုပုံရှိကြောင်းကို ပရိသတ်တွေ သေချာမြင်တွေ့ရပြီ ဖြစ်ပါတယ်။
ဒီနေ့ သြဂုတ်လ 4 ရက်နေ့ကတော့ ယွန်းညီမလေး ယွန်းနဒီလွင်မိုးရဲ့မွေးနေ့ပဲ ဖြစ်တာကြောင့် ယွန်းမေမေက သူမရဲ့အငယ်ဆုံးသမီးလေးကို ဗီဒီယိုလေးနဲ့အတူ IG မှာ Birthday Wish လုပ်ပေးထားတာ တွေ့ရပါတယ်။ ဒီဗီဒီယိုလေးမှာတော့ ယွန်းမပြသခဲ့တဲ့ သူမရဲ့သားလေးကို ညီမလေးကချီထားတဲ့ပုံလေး ပါဝင်ခဲ့ပါတယ်။ ဒီပုံလေးမှာ Liam လေး ဘယ်လိုတွေတောင် အသည်းယားစရာကောင်းနေလဲဆိုတာကို ပရိသတ်တွေ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေ အရမ်းမြင်တွေ့ချင်ကြတဲ့ သားလေး Liam ရဲ့ ချစ်စရာကောင်းတဲ့ပုံလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။
Source: maythu ;