မှတ်ချက်-မြန်မာလုတ်စာမျက်နှာထက်မှတဆင့် ကူးယူဖော်ပြထားပါသည်။
Unicode
သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ်စတီနားခီတို့ဇနီးမောင်နှံတို့ကတော့ ပရိသတ်တွေ အားပေးချစ်ခင်ဝန်းရံမှုတွေကို အခိုင်အမာရရှိပိုင်ဆိုင်ထားတဲ့ အနုပညာရှင်ဇနီးမောင်နှံနှစ်ဦးပဲ ဖြစ်ပါတယ်..။ဇဏ်ခီဟာ အနုပညာပိုင်းတင် မက နိုင်ငံရေးလှုပ်ရှားမှုတွေမှာလည်းတက်ကြွတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။လတ်တလော ဒေါ်အောင်ဆန်းစုကြည် ကို ပြည်တွင်းပြည်ပမှာဝေဖန်မှုတွေအပေါ် ဇဏ်ခီရဲ့ မှတ်ချက်ပေးမှုတစ်ခု လူမှုကွန်ယက်ပေါ်မှာပျံ့နှံလို့နေတာပါ ။
ဇဏ်ခီက တော့ အင်္ဂလိပ်ဘာသာဖြင့်ရေးသားထားတာလည်းဖြစ်ပါတယ်။ ဗမာဘာသာပြန်ဆိုရမယ်ဆိုရင် “အခု ဒေါ်အောင်ဆန်းစုကြည်ဟာ လွန်ခဲ့တဲ့ နှစ်သုံးဆယ် ကတည်းက ဒေါ်အောင်ဆန်းစုကြည် အတိုင်းပါပဲ။ ဝင်ကစားနေ ရတဲ့ပွဲ အခြေအနေ ကသာ ကွာသွားတာပါ။ သူမ အသက် ကြီးလာနေ သည့်တိုင်၊ တပ်နဲ့ ဆန့်ကျင်ပြီး ရပ်ပေးဖို့ ကျတော့ ဘယ်သူမှ မရှိပါဘူး။ မပြောကောင်း မဆိုကောင်း သူမ သာ သေသွားရင် တခြား ဘယ်သူမှ မကျန်တော့ဘူး။ တပ်ရဲ့ အစီအစဉ်က ဒီလို ဖြစ်လာစေဖို့ ဖြစ်ပြီး ဒါကို သူမလည်း သိပါတယ်။ ဒါကြောင့် သူမဟာ ဆန့်ကျင် လှုပ်ရှားဖို့ထက် အကွက်ရွှေ့ ကစားဖို့ကို ရွေးချယ်ခဲ့တာ ဖြစ်တယ်။” လို့ မှတ်ချက်ပေးထားတာပါ ။
ဇဏ်ခီတစ်ယောက် သူ့ရဲ့ နိုင်ငံရေးယုံကြည်ချက်တစ်ခုအရ အမေစု ကို တစိုက်မတ်မတ်ဝန်းရံလာခဲ့ယုံသာမက အခုတစ်ခေါက် လူမှုကွန်ယက်ပေါ်မှာပျံ့နှံနေတဲ့ မှတ်ချက်ကြောင့် လည်း အမေစုကို ဝန်းရံကြသူတွေက လေးစားနေကြတယ်လို့လည်းသိရပါတယ်။ ပရိသတ်ကြီးရော ဇဏ်ခီနဲ့ ရင်ဘတ်ချင်းတူတယ်ဆိုရင်ဖြင့် မှတ်ချက်မှာပြောပြပေးပါဦးနော်။