• ပင္မစာမ်က္ႏွာ
  • ျပည္တြင္းသတင္း
  • ျပည္ပသတင္း
  • အႏုပညာ
  • အားကစား
Saturday, August 6, 2022
No Result
View All Result

တကယ္ခ်စ္ျပီး တကယ္သစၥာရွိတ့ဲသူလာဦးမယ္ဆုိရင္ အိမ္ေထာင္ထပ္ျပဳမယ္ဆိုတဲ့ ခ်မ္းခ်မ္း

We Love Cele by We Love Cele
September 4, 2018
in အႏုပညာ
0

အဆိုေတာ္ ခ်မ္းခ်မ္းကေတာ့ ဘုဏ္းသိုက္နဲ႕ အိမ္ေထာင္ကြဲျပီး ေနာက္ပိုင္း single mother အျဖစ္နဲ႕ ဘဝကို ရပ္တည္ေနတာျဖစ္ပါတယ္။ စႏိႈက္ေက်ာ္မမေတြကို တစ္ခါသံုးခြက္နဲ႕ ႏႈိင္းျပီး ေျပာသြားခဲ့သလို အိမ္ေထာင္ေရးမွာ သည္းမခံႏိုင္လို႕ လမ္းခြဲခဲ့ရတာပါလို႕ အင္တာဗ်ဴးေတြမွာ ေျဖၾကားခဲ့ပါတယ္။ single အျဖစ္နဲ႕ ဘဝကို ေနသြားေတာ့မယ္ဆိုေပမဲ့ တကယ္ခ်စ္တဲ့သူ ေပၚလာခဲ့ရင္ေတာ့ အိမ္ေထာင္ထပ္ျပဳဦးမွာလို႕ ခ်မ္းခ်မ္းက အကုန္သိမီဒီယာနဲ႕ အင္တာဗ်ဴးမွာ ခုလိုေျပာသြားပါတယ္။

“ အမ အိမ္ေထာင္ျပဳခဲ့တာ ေနာင္တမရသလို ကြဲတာလည္း ေနာင္တမရဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ကိုယ္ျဖစ္ရင္ ကိုယ္ခံရဲတယ္။ ကိုယ္သည္းမခံႏိုင္လို႕ ကိုယ္လက္မခံလို႕ ခြင့္မလႊတ္လို႕ ျဖစ္ခဲ့တဲ့ အရာေတြဆိုေတာ့ ။ အဲ့ေတာ့ အတိုင္းအတာဆိုတာ လူတိုင္းမွာ ရွိတယ္။ အဲ့ဒီ့အတြက္ေၾကာင့္ အမ အိမ္ေထာင္ေရးကို စိတ္မပ်က္ဘူး။ အမကို တကယ္ခ်စ္ျပီးေတာ့ တကယ္အလိုလိုက္ သည္းခံျပီးေတာ့ သစၥာရွိမယ့္သူဆိုရင္ အမအိမ္ေထာင္ထပ္ျပဳခ်င္လည္း ျပဳဦးမွာ တြဲခ်င္လည္းတြဲဦးမွာ။ အဲ့ဒါေတာ့ အမ အာမမခံႏိုင္ဘူး။ ဘယ္လိုေျပာရမလဲ အမကေဖာက္ျပန္တာလည္း မဟုတ္ဘူး။ စႏႈိက္ေက်ာ္တာလည္း မဟုတ္ဘူး။ အမဘဝမွာ သူမ်ားမိသားစုကို ဖ်က္ဆီးဖို႕ တစ္ခါမွ စိတ္ကူးဆိုတာ မရွိခဲ့ဖူးဘူးေပါ့။” လို႕ဆိုပါတယ္။

အိမ္ေထာင္ေရးမွာ အဆင္အေျပမႈက စႏႈိက္ေက်ာ္ေၾကာင့္လို႕ ခံယူထားတဲ့ ခ်မ္းခ်မ္းက စႏႈိက္ေက်ာ္အေၾကာင္း ခုလိုေျပာျပသြားပါတယ္။

“ သူမ်ား မိသားစုကို ဖ်က္ဆီးဖို႕ စိတ္ကူးတဲ့ မိန္းကေလးေတြကိုလည္း အံ့ၾသတယ္။ ဘာ့ေၾကာင့္ ဘယ္လိုနည္းနဲ႕ သူတို႕ အသက္ရွင္လည္း မွန္မၾကည့္ဘူးလား မသိဘူး။ မွန္ၾကည့္ရင္ ကိုယ့္ကိုယ္ကို လံုလားေပါ့။ အဲ့တစ္ခုပဲ အမ ေမးခ်င္တယ္။ အမက ကိုယ့္ကိုယ္ကို စိတ္တိုင္းက်ေနခဲ့ျပီးျပီ။ ၾကိဳးစားခဲ့တယ္။ မျဖစ္ေတာ့တဲ့ အတြက္ေၾကာင့္ လမ္းခြဲခဲ့တယ္။

အဲ့ဒါေၾကာင့္ ကိုယ့္ကို တကယ္ခ်စ္ျပီး တကယ္သစၥာရွိတဲ့သူ လာဦးမယ္ဆိုရင္ အမကေတာ့ယူဦးမွာပဲ။ ဘာေၾကာင့္လဲဆိုေတာ့ အမက ေဖာက္ျပန္ေနတာမွ မဟုတ္တာ။ လူတိုင္းမွာ အခြင့္အေရး ရွိတာပဲ။ အမက သမီးကို အျမဲတမ္းစဥ္းစားတဲ့ အတြက္ေၾကာင့္ ယူဖို႕ဆိုတာထက္ သမီးမ်က္ႏွာ ေျပးျမင္တိုင္း ေယာက်္ားမယူခ်င္ဘူး။ ဒါေပမဲ့ ကိုယ့္ကိုခ်စ္မယ့္သူ တိုင္ပင္ေဖာ္ တစ္ေယာက္ေတာ့ ရွိခ်င္တယ္။ ဒီအခြင့္အေရးက အမမွာရွိသင့္တယ္ထင္တယ္။” လို႕ ဆိုပါတယ္။

အမွန္တရားက နားခါးတဲ့ အေၾကာင္းကိုလည္း ခ်မ္းခ်မ္းက “အိမ္ေထာင္ကြဲဆိုရင္ အထင္ေသးအျမင္ေသးတဲ့ သူေတြရွိတယ္။ အမက single mother ျဖစ္ရျခင္း အိမ္ေထာင္ကြဲရျခင္းေပၚမွာ ရွက္တာလည္း ေၾကာက္တာလည္း မရွိဘူး။ ဒီလိုျဖစ္ဖို႕ ကံပါလာတယ္။ ဘယ္တတ္ႏိုင္မလဲလို႕ လက္ခံထားတယ္။ အမွန္တရားကေတာ့ အခ်ိန္တန္ရင္ ေပၚတာပါပဲ။ မွန္တာေျပာလို႕ မုန္းမယ္ဆိုလည္း မုန္းပါေစ။ အမွန္တရားက နားေတာ့ ခါးတာေပါ့။ တစ္ခ်ိဳ႕က်ေတာ့ မွန္ကုန္တဲ့လူေတြကလည္း ဝိုင္းဆဲၾက block သြားၾကတာေတြရွိတယ္။ အမက ေမာ္ဒယ္စလုပ္ကတည္းက ရည္းစားရွိရင္ ရွိတဲ့ အေၾကာင္း ပြင့္ပြင့္လင္းလင္းေျပာတယ္။

အိမ္ေထာင္ျပဳေတာ့လည္း ျပဳတဲ့ အေၾကာင္းေျပာတယ္.။ ေနတတ္တဲ့အတိုင္း ေနတယ္။ အမခ်စ္တဲ့စိတ္နဲ႕ေတာ့ cover လုပ္ေပးျပီး စကားေတြ ျဖည္ေပးခဲ့ဖူးတယ္။ အမွန္ကို အမွန္တိုင္းေျပာရင္ ဘဝပ်က္သြားမွာစိုးလို႕ cover လုပ္ခဲ့ဖူးတယ္။ ဒါေပမဲ့ အမွန္တရားကေတာ့ အမွန္တရားပါပဲ။ အႏုပညာေမာင္ႏွမေတြ ဘဝတူေတြရင္ဖြင့္တဲ့အခါမွာလည္း အံ့ၾသရတယ္။ လူထက္စာရင္ ဘုရားရိုက္တဲ့ ဒဏ္ကပိုျပင္းတယ္။ အဲ့ဒါေလးေတာ့သတိေပးခ်င္ပါတယ္။” ဆိုျပီး ခ်မ္းခ်မ္းက ရင္ဖြင့္ခဲ့တာ ျဖစ္ပါတယ္။

ခ်မ္းခ်မ္းတစ္ေယာက္ တကယ္ခ်စ္တဲ့သူကို ထပ္ရွာေတြ႕ဦးမလားဆိုတာကိုေတာ့ အခ်ိန္က ဆံုးျဖတ္ေပးသြားပါလိမ့္မယ္။

မွတ္ခ်က္-ဟီးဟီးဟားဟား ေပ့ခ်္မွတဆင့္ ကူးယူေဖာ္ျပထားျခင္းျဖစ္ပါသည္။

Unicode

အဆိုတော် ချမ်းချမ်းကတော့ ဘုဏ်းသိုက်နဲ့ အိမ်ထောင်ကွဲပြီး နောက်ပိုင်း single mother အဖြစ်နဲ့ ဘဝကို ရပ်တည်နေတာဖြစ်ပါတယ်။ စနှိုက်ကျော်မမတွေကို တစ်ခါသုံးခွက်နဲ့ နှိုင်းပြီး ပြောသွားခဲ့သလို အိမ်ထောင်ရေးမှာ သည်းမခံနိုင်လို့ လမ်းခွဲခဲ့ရတာပါလို့ အင်တာဗျူးတွေမှာ ဖြေကြားခဲ့ပါတယ်။ single အဖြစ်နဲ့ ဘဝကို နေသွားတော့မယ်ဆိုပေမဲ့ တကယ်ချစ်တဲ့သူ ပေါ်လာခဲ့ရင်တော့ အိမ်ထောင်ထပ်ပြုဦးမှာလို့ ချမ်းချမ်းက အကုန်သိမီဒီယာနဲ့ အင်တာဗျူးမှာ ခုလိုပြောသွားပါတယ်။

“ အမ အိမ်ထောင်ပြုခဲ့တာ နောင်တမရသလို ကွဲတာလည်း နောင်တမရဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ်ဖြစ်ရင် ကိုယ်ခံရဲတယ်။ ကိုယ်သည်းမခံနိုင်လို့ ကိုယ်လက်မခံလို့ ခွင့်မလွှတ်လို့ ဖြစ်ခဲ့တဲ့ အရာတွေဆိုတော့ ။ အဲ့တော့ အတိုင်းအတာဆိုတာ လူတိုင်းမှာ ရှိတယ်။ အဲ့ဒီ့အတွက်ကြောင့် အမ အိမ်ထောင်ရေးကို စိတ်မပျက်ဘူး။ အမကို တကယ်ချစ်ပြီးတော့ တကယ်အလိုလိုက် သည်းခံပြီးတော့ သစ္စာရှိမယ့်သူဆိုရင် အမအိမ်ထောင်ထပ်ပြုချင်လည်း ပြုဦးမှာ တွဲချင်လည်းတွဲဦးမှာ။ အဲ့ဒါတော့ အမ အာမမခံနိုင်ဘူး။ ဘယ်လိုပြောရမလဲ အမကဖောက်ပြန်တာလည်း မဟုတ်ဘူး။ စနှိုက်ကျော်တာလည်း မဟုတ်ဘူး။ အမဘဝမှာ သူများမိသားစုကို ဖျက်ဆီးဖို့ တစ်ခါမှ စိတ်ကူးဆိုတာ မရှိခဲ့ဖူးဘူးပေါ့။” လို့ဆိုပါတယ်။

အိမ်ထောင်ရေးမှာ အဆင်အပြေမှုက စနှိုက်ကျော်ကြောင့်လို့ ခံယူထားတဲ့ ချမ်းချမ်းက စနှိုက်ကျော်အကြောင်း ခုလိုပြောပြသွားပါတယ်။
“ သူများ မိသားစုကို ဖျက်ဆီးဖို့ စိတ်ကူးတဲ့ မိန်းကလေးတွေကိုလည်း အံ့သြတယ်။ ဘာ့ကြောင့် ဘယ်လိုနည်းနဲ့ သူတို့ အသက်ရှင်လည်း မှန်မကြည့်ဘူးလား မသိဘူး။ မှန်ကြည့်ရင် ကိုယ့်ကိုယ်ကို လုံလားပေါ့။ အဲ့တစ်ခုပဲ အမ မေးချင်တယ်။ အမက ကိုယ့်ကိုယ်ကို စိတ်တိုင်းကျနေခဲ့ပြီးပြီ။ ကြိုးစားခဲ့တယ်။ မဖြစ်တော့တဲ့ အတွက်ကြောင့် လမ်းခွဲခဲ့တယ်။

အဲ့ဒါကြောင့် ကိုယ့်ကို တကယ်ချစ်ပြီး တကယ်သစ္စာရှိတဲ့သူ လာဦးမယ်ဆိုရင် အမကတော့ယူဦးမှာပဲ။ ဘာကြောင့်လဲဆိုတော့ အမက ဖောက်ပြန်နေတာမှ မဟုတ်တာ။ လူတိုင်းမှာ အခွင့်အရေး ရှိတာပဲ။ အမက သမီးကို အမြဲတမ်းစဉ်းစားတဲ့ အတွက်ကြောင့် ယူဖို့ဆိုတာထက် သမီးမျက်နှာ ပြေးမြင်တိုင်း ယောကျ်ားမယူချင်ဘူး။ ဒါပေမဲ့ ကိုယ့်ကိုချစ်မယ့်သူ တိုင်ပင်ဖော် တစ်ယောက်တော့ ရှိချင်တယ်။ ဒီအခွင့်အရေးက အမမှာရှိသင့်တယ်ထင်တယ်။” လို့ ဆိုပါတယ်။

အမှန်တရားက နားခါးတဲ့ အကြောင်းကိုလည်း ချမ်းချမ်းက “အိမ်ထောင်ကွဲဆိုရင် အထင်သေးအမြင်သေးတဲ့ သူတွေရှိတယ်။ အမက single mother ဖြစ်ရခြင်း အိမ်ထောင်ကွဲရခြင်းပေါ်မှာ ရှက်တာလည်း ကြောက်တာလည်း မရှိဘူး။ ဒီလိုဖြစ်ဖို့ ကံပါလာတယ်။ ဘယ်တတ်နိုင်မလဲလို့ လက်ခံထားတယ်။ အမှန်တရားကတော့ အချိန်တန်ရင် ပေါ်တာပါပဲ။ မှန်တာပြောလို့ မုန်းမယ်ဆိုလည်း မုန်းပါစေ။ အမှန်တရားက နားတော့ ခါးတာပေါ့။ တစ်ချို့ကျတော့ မှန်ကုန်တဲ့လူတွေကလည်း ဝိုင်းဆဲကြ block သွားကြတာတွေရှိတယ်။ အမက မော်ဒယ်စလုပ်ကတည်းက ရည်းစားရှိရင် ရှိတဲ့ အကြောင်း ပွင့်ပွင့်လင်းလင်းပြောတယ်။

အိမ်ထောင်ပြုတော့လည်း ပြုတဲ့ အကြောင်းပြောတယ်.။ နေတတ်တဲ့အတိုင်း နေတယ်။ အမချစ်တဲ့စိတ်နဲ့တော့ cover လုပ်ပေးပြီး စကားတွေ ဖြည်ပေးခဲ့ဖူးတယ်။ အမှန်ကို အမှန်တိုင်းပြောရင် ဘဝပျက်သွားမှာစိုးလို့ cover လုပ်ခဲ့ဖူးတယ်။ ဒါပေမဲ့ အမှန်တရားကတော့ အမှန်တရားပါပဲ။ အနုပညာမောင်နှမတွေ ဘဝတူတွေရင်ဖွင့်တဲ့အခါမှာလည်း အံ့သြရတယ်။ လူထက်စာရင် ဘုရားရိုက်တဲ့ ဒဏ်ကပိုပြင်းတယ်။ အဲ့ဒါလေးတော့သတိပေးချင်ပါတယ်။” ဆိုပြီး ချမ်းချမ်းက ရင်ဖွင့်ခဲ့တာ ဖြစ်ပါတယ်။

ချမ်းချမ်းတစ်ယောက် တကယ်ချစ်တဲ့သူကို ထပ်ရှာတွေ့ဦးမလားဆိုတာကိုတော့ အချိန်က ဆုံးဖြတ်ပေးသွားပါလိမ့်မယ်။

Previous Post

မုန္႔ဟင္းခါး ကိစၥတုန္းကလိုပဲ ထပ္မံ လုပ္ၾကံခံေနရေၾကာင္း အသိေပးလုိက္တဲ့ အဆိုေတာ္ အိအိ

Next Post

ေန႔စဥ္စားေနက် အကင္ေခ်ာင္းေတြရဲ႕ ေနာက္ကြယ္က ေၾကာက္စရာဇစ္ျမစ္

Next Post

ေန႔စဥ္စားေနက် အကင္ေခ်ာင္းေတြရဲ႕ ေနာက္ကြယ္က ေၾကာက္စရာဇစ္ျမစ္

ဘာမိတ္ကပ္မွမလိမ္းဘဲနဲ႔ သဘာဝအတုိင္းလွၾကတဲ့ ျမန္မာႏိုင္ငံက မင္းသမီး (၁၄) ဦး

ျပည္တြင္းျပည္ပသတင္းမ်ားအားစံုလင္စြာဖတ္ရွဳ႕ႏိုင္ပါသည္။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင္မစာမ်က္ႏွာ
  • ျပည္တြင္းသတင္း
  • ျပည္ပသတင္း
  • အႏုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!