ဧကရာဇာပေ့ခ်ျမှဖော်ပြထားသော ကြော်ငြာရိုက်ကွင်း
Unicode
ပရိသတ်တွေရဲ့ အသည်းနှလုံးတွေကို အပိုင်သိမ်းထားနိုင်တဲ့ မြန်မာအိုင်ဒေါဆုရှင်ဖြိုးမြတ်အောင်ကတော့ အကယ်ဒမီဆုရှင် မင်းသမီးလေး ပိုင်ဖြိုးသုနဲ့ ကြော်ငြာရိုက်ကူးနေတာဖြစ်ပါတယ်။
တောင်သူလယ်သမားများအတွက် ဧကရာဇာဓာတ်မြေသြဇာကြော်ငြာရိုက်ကူးနေတာဖြစ်ပြီး ပထမဆုံးကြော်ငြာရိုက်ကွင်းမို့ မင်းသမီးလေး ပိုင်ဖြိုးသုကို ဖက်ရမှာ ရှက်ကြောက်နေတာကိုလည်း တွေ့ရပါသေးတယ်။ ကြော်ငြာရိုက်ကူးတာပထမဆုံးဖြစ်ပေမယ့်လည်း သရုပ်ဆောင်ပိုင်းမှာတော့ အလိုအပိုမရှိ ကွက်တိ သရုပ်ဆောင်နိုင်တာကိုလည်း ဒီကြော်ငြာရိုက်ကွင်းမှာတွေ့ရတာဖြစ်ပါတယ်။
ယခု ကြော်ငြာရိုက်ကွင်းဗီဒီယိုလေးကိုကြည့်ပြီး ပရိသတ်တွေကလည်း ဖြိုးမြတ်အောင်ရဲ့ အရည်အချင်းကို ချီးကျူးနေကြတာဖြစ်ပါတယ်။ ကြော်ငြာသီချင်း Performance နဲ့အညီ လိုက်သရုပ်ဆောင်နေတဲ့ ဖြိုးမြတ်အောင်တစ်ယောက်ရဲ့ သရုပ်ဆောင်နိုင်စွမ်းဟာ တော်တယ်လို့လည်း ပရိသတ်တွေရဲ့ မှတ်ချက်ပေးခံနေရတာဖြစ်ပါတယ်။ ပရိသတ်တွေလည်း ဖြိုးမြတ်အောင်ရဲ့ကြော်ငြာရိုက်ကွင်းလေးကို ကြည့်နိုင်ဖို့ ယခုပဲတင်ပေးလိုက်ပါတယ်နော်။We Love Cele