႐ုပ္႐ွင္သ႐ုပ္ေဆာင္ သီဟတင္စိုးအေပၚမုဒိမ္းမႈျဖင့္ လိမ္လည္၍ အမႈဖြင့္တိုင္တန္းခဲ့ေသာ ေဒၚခင္မာညိဳက ရဲ တပ္ဖြဲ႔က ေျပာဆိုခိုင္းသည့္အတိုင္း ျပန္လႊတ္ေပးမည္ထင္၍ လီဆယ္တိုင္တန္းထားသည္ဟု ထြက္ဆိုခဲ့ျခင္း ျဖစ္ၿပီး သရုပ္ေဆာင္ သီဟတင္စိုးက ၎အား အမွန္တကယ္အဓမၼျပဳက်င့္ခဲ့ေၾကာင္း တရားရံုးတြင္ ေျပာဆိုခဲ့သည္။
သီဟတင္စိုးအေပၚ မုဒိမ္းမႈျဖင့္ လီဆယ္တိုင္တန္းသည့္အမႈႏွင့္ ပတ္သက္၍ (၅) ႀကိမ္ေျမာက္ရံုးခ်ိန္းအျဖစ္ စက္ တင္ဘာလ ၅ ရက္(ယေန႔)တြင္ သဃၤန္းကြၽန္းတရားရံုး၌ အိမ္အကူ ေဒၚခင္မာညိဳႏွင့္ ပြဲစားေဒၚညိဳတို႔ ႏွစ္ဦးအား ရံုးထုတ္စစ္ေဆးခဲ့ရာ အိမ္အကူခင္မာညိဳက တရားရံုးအတြင္းျပန္လည္ေခ်ပေမးခြန္းေျပာဆိုရာတြင္ ယခုလိုေျပာ ဆို ခဲ့ျခင္းျဖစ္သည္။
” အမွန္ေတာ့ သမီးကို ရဲေတြက အဲဒီလိုေျပာလို႔႐ွိရင္ ျပန္လႊတ္ေပးမယ္ေျပာလို႔ မုဒိမ္းမျပဳက်င့္ခဲ့ပါဘူးဆိုၿပီး ေျပာ ခဲ့တာပါ။ အမွန္တကယ္ေတာ့ သမီးကို သီဟတင္စိုးက အဓမၼတကယ္ျပဳက်င့္ေစာ္ကားခဲ့ပါတယ္။ ဒီကိစၥက သူ နဲ႔ သမီးနဲ႔ပဲ သိတဲ့ကိစၥပါ” ဟု အိမ္အကူ ေဒၚခင္မာညိဳက တရားရံုးအတြင္း၌ ျပန္လွန္ေခ်ပေျပာဆိုခဲ့ျခင္း ျဖစ္ သည္။
သို႔ရာတြင္ တရားလိုျဖစ္ေသာ သုဝဏၰနယ္ေျမစခန္းမွဴး ရဲအုပ္သန္းႏိုင္က ထိုကဲ့သို႔ ရဲတပ္ဖြဲ႔ဘက္က ေျပာဆိုခဲ့ ျခင္း မ႐ွိေၾကာင္း၊ ရပ္ကြက္လူႀကီးႏွစ္ဦးေ႐ွ႕တြင္ အိမ္အကူခင္မာညိဳကို အမႈႏွင့္ပတ္သက္၍ စစ္ေဆးခဲ့စဥ္က သီ ဟတင္စိုးမွ ၎အား မုဒိမ္းမႈမက်ဴးလြန္ခဲ့ေၾကာင္း၊ လိမ္လည္၍တိုင္တန္းခဲ့ျခင္းသာျဖစ္ေၾကာင္း အိမ္အကူ ခင္ မာျမင့္ ကိုယ္တိုင္ဝန္ခံထြက္ဆိုခဲ့ေသာ မွတ္တမ္းအားလံုး႐ွိေၾကာင္း ျပန္လည္ေခ်ပေျပာဆိုခဲ့သည္။
ယခုအမႈသည္ သုဝဏၰနယ္ေျမစခန္းမွဴးက သူတစ္ပါး ဂုဏ္သိကၡာက်ဆင္းေစရန္ မမႇန္မကန္လိမ္ညာ တိုင္တန္း သည့္ အတြက္ ရာဇသတ္ႀကီးပုဒ္မ-၂၁၁ ျဖင့္ ခင္မာညိဳအား တရားလိုျပဳလုပ္တိုင္တန္းခဲ့သည့္အေပၚ သဃၤန္း ကြၽန္းတရားရံုးက တြဲဖက္တရားသူႀကီး ေဒၚေဌးဇင္ေမာ္က စစ္ေဆးေနျခင္းျဖစ္သည္။
ယခုရံုးခ်ိန္း၌ အိမ္အကူပြဲစားေဒၚညိဳအေပၚ ၿခိမ္းေျခာက္ေငြညႇစ္ေတာင္းခံသည့္ ရာဇသတ္ႀကီးပုဒ္မ-၃၈၉ ျဖင့္ ေဒၚဇင္မာဦးမွ တရားလိုျပဳလုပ္တိုင္တန္းခဲ့ၿပီး တရားလိုအျဖစ္သက္ေသထြက္ဆိုရန္ ေရာက္႐ွိလာခဲ့ေသာ္လည္း အမႈတြဲဖိုင္မွာ အာမခံေလွ်ာက္ထားသည့္အတြက္ ခ႐ိုင္တရားရံုးသို႔ေရာက္႐ွိေနသျဖင့္ ေဒၚညိဳအား စစ္ေဆးႏိုင္ ျခင္း မ႐ွိေၾကာင္း ေဒၚညိဳေ႐ွ႕ေနမွ ေျပာသည္။
“ေဒၚညိဳရဲ႕အာမခံကိစၥနဲ႔ ပတ္သက္ၿပီး သဃၤန္းကြၽန္းတြဲဖက္တရားသူႀကီး ေဒၚေဌးဇင္ေမာ္က ပယ္ခ်တဲ့အတြက္ ခ႐ိုင္တရားရံုးကို အာမခံရဖို႔စာတင္ၿပီး သြားေလွ်ာက္ထားတဲ့အတြက္ အမႈတြဲဖိုင္က ခ႐ိုင္တရားရံုးကို ေရာက္ေန တယ္။ အဲဒါေၾကာင့္ ေဒၚညိဳအမႈကိုလည္း ေနာက္ရံုးခ်ိန္းမွ ျပန္စစ္ဖို႔ ခ်ိန္းဆိုလိုက္ပါတယ္” ဟု တရားလႊတ္ ေတာ္ေ႐ွ႕ေန ဦးခင္ေမာင္ေဌးက ေျပာသည္။
ထို႔ေၾကာင့္ အိမ္အကူ ခင္မာညိဳႏွင့္ ပြဲစားေဒၚညိဳတို႔အမႈကို လာမည့္ စက္တင္ဘာလ ၁၉ ရက္၌ ျပန္လည္ စစ္ ေဆးရန္ သဃၤန္းကြၽန္းတရားရံုးက တြဲဖက္တရားသူႀကီး ေဒၚေဌးဇင္ေမာ္က ျပန္လည္ခ်ိန္းဆိုခဲ့သည္။
မွတ္ခ်က္-အကုန္သိသတင္းဌာနမွေဖာ္ျပခ်က္မ်ားအား ကူးယူေဖာ္ျပထားျခင္းျဖစ္ပါသည္။
Photos-Myanmar Celebrity
Unicode
ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးအပေါ်မုဒိမ်းမှုဖြင့် လိမ်လည်၍ အမှုဖွင့်တိုင်တန်းခဲ့သော ဒေါ်ခင်မာညိုက ရဲ တပ်ဖွဲ့က ပြောဆိုခိုင်းသည့်အတိုင်း ပြန်လွှတ်ပေးမည်ထင်၍ လီဆယ်တိုင်တန်းထားသည်ဟု ထွက်ဆိုခဲ့ခြင်း ဖြစ်ပြီး သရုပ်ဆောင် သီဟတင်စိုးက ၎င်းအား အမှန်တကယ်အဓမ္မပြုကျင့်ခဲ့ကြောင်း တရားရုံးတွင် ပြောဆိုခဲ့သည်။
သီဟတင်စိုးအပေါ် မုဒိမ်းမှုဖြင့် လီဆယ်တိုင်တန်းသည့်အမှုနှင့် ပတ်သက်၍ (၅) ကြိမ်မြောက်ရုံးချိန်းအဖြစ် စက် တင်ဘာလ ၅ ရက်(ယနေ့)တွင် သင်္ဃန်းကျွန်းတရားရုံး၌ အိမ်အကူ ဒေါ်ခင်မာညိုနှင့် ပွဲစားဒေါ်ညိုတို့ နှစ်ဦးအား ရုံးထုတ်စစ်ဆေးခဲ့ရာ အိမ်အကူခင်မာညိုက တရားရုံးအတွင်းပြန်လည်ချေပမေးခွန်းပြောဆိုရာတွင် ယခုလိုပြော ဆို ခဲ့ခြင်းဖြစ်သည်။
” အမှန်တော့ သမီးကို ရဲတွေက အဲဒီလိုပြောလို့ရှိရင် ပြန်လွှတ်ပေးမယ်ပြောလို့ မုဒိမ်းမပြုကျင့်ခဲ့ပါဘူးဆိုပြီး ပြော ခဲ့တာပါ။ အမှန်တကယ်တော့ သမီးကို သီဟတင်စိုးက အဓမ္မတကယ်ပြုကျင့်စော်ကားခဲ့ပါတယ်။ ဒီကိစ္စက သူ နဲ့ သမီးနဲ့ပဲ သိတဲ့ကိစ္စပါ” ဟု အိမ်အကူ ဒေါ်ခင်မာညိုက တရားရုံးအတွင်း၌ ပြန်လှန်ချေပပြောဆိုခဲ့ခြင်း ဖြစ် သည်။
သို့ရာတွင် တရားလိုဖြစ်သော သုဝဏ္ဏနယ်မြေစခန်းမှူး ရဲအုပ်သန်းနိုင်က ထိုကဲ့သို့ ရဲတပ်ဖွဲ့ဘက်က ပြောဆိုခဲ့ ခြင်း မရှိကြောင်း၊ ရပ်ကွက်လူကြီးနှစ်ဦးရှေ့တွင် အိမ်အကူခင်မာညိုကို အမှုနှင့်ပတ်သက်၍ စစ်ဆေးခဲ့စဉ်က သီ ဟတင်စိုးမှ ၎င်းအား မုဒိမ်းမှုမကျူးလွန်ခဲ့ကြောင်း၊ လိမ်လည်၍တိုင်တန်းခဲ့ခြင်းသာဖြစ်ကြောင်း အိမ်အကူ ခင် မာမြင့် ကိုယ်တိုင်ဝန်ခံထွက်ဆိုခဲ့သော မှတ်တမ်းအားလုံးရှိကြောင်း ပြန်လည်ချေပပြောဆိုခဲ့သည်။
ယခုအမှုသည် သုဝဏ္ဏနယ်မြေစခန်းမှူးက သူတစ်ပါး ဂုဏ်သိက္ခာကျဆင်းစေရန် မမှန်မကန်လိမ်ညာ တိုင်တန်း သည့် အတွက် ရာဇသတ်ကြီးပုဒ်မ-၂၁၁ ဖြင့် ခင်မာညိုအား တရားလိုပြုလုပ်တိုင်တန်းခဲ့သည့်အပေါ် သင်္ဃန်း ကျွန်းတရားရုံးက တွဲဖက်တရားသူကြီး ဒေါ်ဌေးဇင်မော်က စစ်ဆေးနေခြင်းဖြစ်သည်။
ယခုရုံးချိန်း၌ အိမ်အကူပွဲစားဒေါ်ညိုအပေါ် ခြိမ်းခြောက်ငွေညှစ်တောင်းခံသည့် ရာဇသတ်ကြီးပုဒ်မ-၃၈၉ ဖြင့် ဒေါ်ဇင်မာဦးမှ တရားလိုပြုလုပ်တိုင်တန်းခဲ့ပြီး တရားလိုအဖြစ်သက်သေထွက်ဆိုရန် ရောက်ရှိလာခဲ့သော်လည်း အမှုတွဲဖိုင်မှာ အာမခံလျှောက်ထားသည့်အတွက် ခရိုင်တရားရုံးသို့ရောက်ရှိနေသဖြင့် ဒေါ်ညိုအား စစ်ဆေးနိုင် ခြင်း မရှိကြောင်း ဒေါ်ညိုရှေ့နေမှ ပြောသည်။
“ဒေါ်ညိုရဲ့အာမခံကိစ္စနဲ့ ပတ်သက်ပြီး သင်္ဃန်းကျွန်းတွဲဖက်တရားသူကြီး ဒေါ်ဌေးဇင်မော်က ပယ်ချတဲ့အတွက် ခရိုင်တရားရုံးကို အာမခံရဖို့စာတင်ပြီး သွားလျှောက်ထားတဲ့အတွက် အမှုတွဲဖိုင်က ခရိုင်တရားရုံးကို ရောက်နေ တယ်။ အဲဒါကြောင့် ဒေါ်ညိုအမှုကိုလည်း နောက်ရုံးချိန်းမှ ပြန်စစ်ဖို့ ချိန်းဆိုလိုက်ပါတယ်” ဟု တရားလွှတ် တော်ရှေ့နေ ဦးခင်မောင်ဌေးက ပြောသည်။
ထို့ကြောင့် အိမ်အကူ ခင်မာညိုနှင့် ပွဲစားဒေါ်ညိုတို့အမှုကို လာမည့် စက်တင်ဘာလ ၁၉ ရက်၌ ပြန်လည် စစ် ဆေးရန် သင်္ဃန်းကျွန်းတရားရုံးက တွဲဖက်တရားသူကြီး ဒေါ်ဌေးဇင်မော်က ပြန်လည်ချိန်းဆိုခဲ့သည်။