ေျပတီဦးကေတာ့ သားနဲ႔ သမီးက သူ႔အနားပုိကပ္လုိ႔ ေမေမ အူဝဲကေတာင္ မနာလုိ ျဖစ္ရတဲ့အေၾကာင္းကုိ သေဘာက် ရယ္ ေမာရင္း ေျပာျပခဲ့ ပါတယ္။ သူ႔အေနနဲ႔ သမီး ျဖစ္သူရဲ႕ ေနပုံထိုင္ပုံ ဝါသနာေတြနဲ႔ သားေလး ရဲ႕ အႀကိဳက္ႏွစ္သက္ဆုံး အရာ ေတြကုိ အခုလုိ ေျပာျပခဲ့ပါတယ္။
အကယ္ဒမီ ေျပတီဦးနဲ႔ အကယ္ဒမီအိၿႏၵာေက်ာ္ဇင္တုိ႔ရဲ႕ မိသားစုဘဝေလးကုိေတာ့ ပရိသတ္တုိင္းက အားက်လွ်က္ရွိပါတယ္။ အႏုပညာရွင္ ေတြ ျဖစ္ၾကတာေၾကာင့္လည္း သားသမီးေတြကုိ အခ်ိန္ေပးႏုိင္ဖုိ႔ ေတာ္ေတာ္ ႀကိဳးစားရတယ္လုိ႔ ေျပတီဦးက မီဒီယာေတြကေနတဆင့္ ေျပာျပခဲ့ပါတယ္။
” ကေလးေတြကုိ ကၽြန္ေတာ္တုိ႔ အခ်ိန္ေပးျဖစ္ပါတယ္။ အရင္တုန္းကဆုိ အခ်ိန္ေပးနုိင္ဖုိ႔အတြက္ ေတာ္ေတာ္ကုိ အခ်ိန္လုရတယ္။ ဗီဒီယုိေခတ္ ေတြ တုန္းက နားခ်ိန္အင္မ တန္နည္းတယ္။ ရုပ္ရွင္ဇာတ္ကားႀကီးေတြ ရုိက္တဲ့အခ်ိန္က်ေတာ့ တစ္ကားန႔ဲ တစ္ကား ၾကားမွာ ၅ ရက္၊ ၆ ရက္ ဆုိေတာ့ နားခ်ိန္ ဆြဲဆြဲ ထုတ္ လုိ႔ရတယ္၊ အခုက်ေတာ့ မိသားစုနဲ႔လည္း အတူတူေနလုိ႔ရတယ္၊ ေပ်ာ္ဖုိ႔လည္းေကာင္းတယ္” လုိ႔ဆုိပါတယ္။
ေျပတီဦးမွာ ခ်စ္စရာေကာင္းတဲ့ သမီးႀကီး ေျပသုဒၵါနဲ႔ ခ်စ္စရာေကာင္းတဲ့ သားငယ္ေလး ေျပဓီရ တုိ႔ကုိ ပုိင္ဆုိင္ထားတာျဖစ္ပါတယ္။ အရမ္းကုိ လည္လြန္း တတ္လြန္းၾကတဲ့ သားသမီးေလးေတြေၾကာင့္ ေမေမ အူဝဲကေတာင္ မနာလုိ ရတဲ့အေၾကာင္းကုိ စက္တင္ဘာလ ၄ ရက္ေန႔ ညေန ပုိင္းက ႏုိဗုိတယ္မွာ ျပဳလုပ္ခဲ့တဲ့ ”တရားလား” ရုပ္ရွင္ကန္ေတာ့ပြဲမွာ ေျဖဆုိခဲ့တာျဖစ္ပါတယ္။
” သားသားက ပုိကပ္တယ္။ သုသုက အရင္တုန္းက ေနတာအရမ္းေအးတယ္။ သူက သူ႔ဖီလင္ သူ႔ Mood နဲ႔ သူေနတာ။ အခုေနာက္ပုိင္း သား သားက အေဖကုိ အရမ္းခ်စ္ၿပီး အရမ္းကပ္တဲ့အခါက်ေတာ့ သူကပါ ေရာေရာၿပီးကပ္ေတာ့ သားေရာ၊ သမီးေရာက အေဖကုိ အရမ္းကပ္ ေနတယ္။ အဲ့ဒါကုိ သူတုိ႔ အေမက မနာလုိေတြ ျဖစ္ေနတာေပါ့” လို႔ ေျပတီဦးက ေျပာပါတယ္။
ေျပတီဦးနဲ႔ အိၿႏၵာေက်ာ္ဇင္ တုိ႔ရဲ႔ သမီးႀကီး ေျပသုဒၵါက ကုိယ္ပုိင္ Creation ေလးေတြ လုပ္ရတာ စိတ္ဝင္တစားရွိတယ္လုိ႔ ေျပတီဦးက ေျပာပါ တယ္။ သမီးေလးဟာ စူးစမ္းေလ့လာ လုိစိတ္ရွိတယ္လုိ႔ သိရပါတယ္။ သားေလး ေျပဓီရ ကေတာ့ Hero ေတြကုိသာ စိတ္ဝင္စားၿပီး အေဖ ျဖစ္သူနဲ႔ကေတာ့ ညတုိင္း နပန္းလုံးေနၾက လုိ႔ ဆုိပါတယ္။
” သားသားကေတာ့ အခုထိ အေဖနဲ႔ နပန္းလုံးေနတုန္းပဲ။ ညေရာက္ၿပီဆုိတာနဲ႔ အေဖလာၿပီဆုိရင္ နပန္းလုံးၿပီးမွ သူကအိပ္တယ္။ အေဖက ညဘက္ ရုိက္ကူးေရးေတြရွိလုိ႔ ေနာက္က်ၿပီဆုိရင္ အူဝဲကုိ နပန္းသြားလုံးေရာ။ အဲ့ဒီအခါက်ရင္ အူဝဲက ေအာ္ေရာပဲ။ သားသားကလည္း သူ႔ အင္အားနဲ႔ က်ေတာ့ နာတာေပါ့” လုိ႔ သူကဆုိပါတယ္။
ေျပတီဦးဟာ အာဒံရယ္၊ဧဝရယ္၊ဒႆရယ္ ရုပ္ရွင္ဇာတ္ကားနဲ႕ ၂၀၁၀ခုႏွစ္အေကာင္းဆံုး အမ်ိဳးသားဇာတ္ေဆာင္ဆုကို ရရွိခဲ့ၿပီး ၂၀၁၂ ခုႏွစ္ မွာ “လက္ပံ” ဇာတ္ကားနဲ႕ အေကာငး္ဆံုးအမ်ိဳးသားဇာတ္ေဆာင္ဆု၊ ၂၀၁၃ခုႏွစ္မွာ နင္ေစရင္ ရုပ္ရွင္ဇာတ္ကားနဲ႕ အေကာင္းဆံုး အမ်ိဳးသား ဇာတ္ေဆာင္ဆု၊ ၂၀၁၄ခုႏွစ္မွာ ႏွလံုးသားျဖင့္ ျပဳလုပ္သည္ ရုပ္ရွင္ဇာတ္ကားနဲ႕ အေကာင္းအမ်ိဳးသားဇာတ္ ေဆာင္ဆုကို ရရွိခဲ့သူတစ္ဦး ျဖစ္ ပါတယ္။
မွတ္ခ်က္-ဆယ္လီရပ္ကြက္စာမ်က္ႏွာထက္မွတဆင့္ ကူးယူေဖာ္ျပထားျခင္းျဖစ္ပါသည္။
Unicode
ပြေတီဦးကတော့ သားနဲ့ သမီးက သူ့အနားပိုကပ်လို့ မေမေ အူဝဲကတောင် မနာလို ဖြစ်ရတဲ့အကြောင်းကို သဘောကျ ရယ် မောရင်း ပြောပြခဲ့ ပါတယ်။ သူ့အနေနဲ့ သမီး ဖြစ်သူရဲ့ နေပုံထိုင်ပုံ ဝါသနာတွေနဲ့ သားလေး ရဲ့ အကြိုက်နှစ်သက်ဆုံး အရာ တွေကို အခုလို ပြောပြခဲ့ပါတယ်။
အကယ်ဒမီ ပြေတီဦးနဲ့ အကယ်ဒမီအိန္ဒြာကျော်ဇင်တို့ရဲ့ မိသားစုဘဝလေးကိုတော့ ပရိသတ်တိုင်းက အားကျလျှက်ရှိပါတယ်။ အနုပညာရှင် တွေ ဖြစ်ကြတာကြောင့်လည်း သားသမီးတွေကို အချိန်ပေးနိုင်ဖို့ တော်တော် ကြိုးစားရတယ်လို့ ပြေတီဦးက မီဒီယာတွေကနေတဆင့် ပြောပြခဲ့ပါတယ်။
” ကလေးတွေကို ကျွန်တော်တို့ အချိန်ပေးဖြစ်ပါတယ်။ အရင်တုန်းကဆို အချိန်ပေးနိုင်ဖို့အတွက် တော်တော်ကို အချိန်လုရတယ်။ ဗီဒီယိုခေတ် တွေ တုန်းက နားချိန်အင်မ တန်နည်းတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်တဲ့အချိန်ကျတော့ တစ်ကားနဲ့ တစ်ကား ကြားမှာ ၅ ရက်၊ ၆ ရက် ဆိုတော့ နားချိန် ဆွဲဆွဲ ထုတ် လို့ရတယ်၊ အခုကျတော့ မိသားစုနဲ့လည်း အတူတူနေလို့ရတယ်၊ ပျော်ဖို့လည်းကောင်းတယ်” လို့ဆိုပါတယ်။
ပြေတီဦးမှာ ချစ်စရာကောင်းတဲ့ သမီးကြီး ပြေသုဒ္ဒါနဲ့ ချစ်စရာကောင်းတဲ့ သားငယ်လေး ပြေဓီရ တို့ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ အရမ်းကို လည်လွန်း တတ်လွန်းကြတဲ့ သားသမီးလေးတွေကြောင့် မေမေ အူဝဲကတောင် မနာလို ရတဲ့အကြောင်းကို စက်တင်ဘာလ ၄ ရက်နေ့ ညနေ ပိုင်းက နိုဗိုတယ်မှာ ပြုလုပ်ခဲ့တဲ့ ”တရားလား” ရုပ်ရှင်ကန်တော့ပွဲမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။
” သားသားက ပိုကပ်တယ်။ သုသုက အရင်တုန်းက နေတာအရမ်းအေးတယ်။ သူက သူ့ဖီလင် သူ့ Mood နဲ့ သူနေတာ။ အခုနောက်ပိုင်း သား သားက အဖေကို အရမ်းချစ်ပြီး အရမ်းကပ်တဲ့အခါကျတော့ သူကပါ ရောရောပြီးကပ်တော့ သားရော၊ သမီးရောက အဖေကို အရမ်းကပ် နေတယ်။ အဲ့ဒါကို သူတို့ အမေက မနာလိုတွေ ဖြစ်နေတာပေါ့” လို့ ပြေတီဦးက ပြောပါတယ်။
ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင် တို့ရဲ့ သမီးကြီး ပြေသုဒ္ဒါက ကိုယ်ပိုင် Creation လေးတွေ လုပ်ရတာ စိတ်ဝင်တစားရှိတယ်လို့ ပြေတီဦးက ပြောပါ တယ်။ သမီးလေးဟာ စူးစမ်းလေ့လာ လိုစိတ်ရှိတယ်လို့ သိရပါတယ်။ သားလေး ပြေဓီရ ကတော့ Hero တွေကိုသာ စိတ်ဝင်စားပြီး အဖေ ဖြစ်သူနဲ့ကတော့ ညတိုင်း နပန်းလုံးနေကြ လို့ ဆိုပါတယ်။
” သားသားကတော့ အခုထိ အဖေနဲ့ နပန်းလုံးနေတုန်းပဲ။ ညရောက်ပြီဆိုတာနဲ့ အဖေလာပြီဆိုရင် နပန်းလုံးပြီးမှ သူကအိပ်တယ်။ အဖေက ညဘက် ရိုက်ကူးရေးတွေရှိလို့ နောက်ကျပြီဆိုရင် အူဝဲကို နပန်းသွားလုံးရော။ အဲ့ဒီအခါကျရင် အူဝဲက အော်ရောပဲ။ သားသားကလည်း သူ့ အင်အားနဲ့ ကျတော့ နာတာပေါ့” လို့ သူကဆိုပါတယ်။
ပြေတီဦးဟာ အာဒံရယ်၊ဧဝရယ်၊ဒဿရယ် ရုပ်ရှင်ဇာတ်ကားနဲ့ ၂၀၁၀ခုနှစ်အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး ၂၀၁၂ ခုနှစ် မှာ “လက်ပံ” ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု၊ ၂၀၁၃ခုနှစ်မှာ နင်စေရင် ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု၊ ၂၀၁၄ခုနှစ်မှာ နှလုံးသားဖြင့် ပြုလုပ်သည် ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းအမျိုးသားဇာတ် ဆောင်ဆုကို ရရှိခဲ့သူတစ်ဦး ဖြစ် ပါတယ်။