• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Sunday, August 7, 2022
No Result
View All Result

ခေတ်စားလူကြိုက်များနေတဲ့ Running Man အစီအစဉ် ရဲ့ အဖွဲ့သားများ မြန်မာနိုင်ငံ ရောက်ရှိ

We Love Cele by We Love Cele
September 7, 2018
in အနုပညာ
0

တောင်ကိုရီးယားနိုင်ငံရဲ့ acticvity Show တစ်ခုဖြစ်တဲ့ Running Man အစီအစဉ်ဟာ တောင်ကိုရီးယား၊ နိုင်ငံသာမက အာရှ ပါမကျန် ယူရိုတွေထိ နာမည်ရလာတဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း လူကြိုက်များတဲ့ အစီအစဉ်တစ်ခု ဖြစ်သလို Running Man ပရိသတ်Crazyလေးတွေ ကလည်း များသထက် များလို့ လာပါတယ်။

ဒီနေ့ စက်တင်ဘာလ(၇) ရက်နေ့မှာတော့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိလာကြတဲ့ အဖွဲ့သားနှစ်ဦးဖြစ်တဲ့ Jae Suk နဲ့ Kwang Soo ပုံရိပ် တချို့ ထွက်ရှိလာခဲ့ပြီး Running Man အစီအစဉ် ကို မြန်မာနိုင်ငံ မှာရိုက်ကူး မှာလား ရယ်လို့ ပရိသတ်များက မျှော်လင့်နေကြတာဖြစ်ပါတယ်။ Jae Suk နဲ့ Kwang Soo တို့ နှစ်ယောက်ကတော့ Diamond Plaza Ocean မှာ ပြုလုပ်မဲ့ အစီအစဉ်တစ်ခု အတွက် Guest အဖြစ်ပါဝင်ဖို့ Running Man အစီအစဉ်ရဲ့ အဖွဲ့သားတချို့နဲ့ အတူ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဒီနေ့ မနက်မှာ ပဲ ရောက်ရှိလာတာ ဖြစ်ပါတယ်။

ရန်ကုန်ကနေမှ တစ်ဆင့် မန္တလေးကိုက နေ့လည် 2နာရီဝန်းကျင်လောက် ပြန်ထွက်ဖို့ ရာ ရှိပြီး Running Man အတွက် မဟုတ်သလို Diamond Plaza Ocean မှာ စနေနေ့ (8.09.2018 ) ည ၇ နာရီကနေ ၉ နာရီထိ ရိုက်ကူးရေး ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီအတွက်နဲ့ Running Man အစီအစဉ် ကို အရူးအမူး ကြိုက်ရတဲ့ ပရိသတ်တွေလည်း သူတို့ရဲ့ Idol တွေနဲ့ ဆုံတွေနိုင်ဖို့ ဆုတောင်းနေကြသလို ဒိအစီအစဉ်လေး ထွက်ရှိလာဖို့ အရမ်းကို မျှော်လင့်နေကြပြီဖြစ်ပါတယ်။

မှတ်ချက်-မြန်မာလုတ်စာမျက်နှာထက်မှတဆင့်ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

Previous Post

(၁၀) နှစ်ကျော် တိတ်တခိုး ချစ်ခဲ့ရတဲ့ ကောင်လေးကို ရုတ်တရက် ဖွင့်ချပြလိုက်တဲ့ ဟန်နာယူရီ

Next Post

ကိုယ့်ကိုယ်ကို လိပ်ပြာမလုံဖြစ်လာတဲ့ အတွက် ဒီဗီဒီယိုကို တင်လိုက်တာပါ ဆိုတဲ့ ကျော်ကျော်ဗို

Next Post

ကိုယ့်ကိုယ်ကို လိပ်ပြာမလုံဖြစ်လာတဲ့ အတွက် ဒီဗီဒီယိုကို တင်လိုက်တာပါ ဆိုတဲ့ ကျော်ကျော်ဗို

စနှိုက်ကြော်မ မဖြစ်ချင်လို့ တစ်ဖက်သက်ပဲချစ်နေရတဲ့အချစ်ရေးအကြောင်း ပြောလာတဲ့ ပိုပို

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!