ကျော်ကျော်ဗိုလ်ဟာ မနေ့ညနေပိုင်းလောက်က သူ့ရဲ့လူမှုကွန်ယက်ပေါ်ကနေပြီး ကျတော်ရှက်လို့ ဆိုတဲ့ ဗီဒီယိုဖိုင်ကိုတင်လိုက်တာဖြစ်ပါတယ်။ ဒီဗီဒီယိုဖိုင်ဟာ တင်ပြီး နာရီပိုင်းအတွင်းမှာပဲ ကြည့်ရှုသူတွေကြားတဟုန်ထိုးပြန့်နှံ့သွားခဲ့တာဖြစ်ပါတယ်။
မြန်မာ့ရုပ်ရှင်လောကရဲ့ ဖြစ်ပျက်နေတဲ့ ယိုယွင်းနေတဲ့ အနေအထားတွေကို အကုန်ထောက်ပြသွားတဲ့ ဒီဗီဒီယိုဖိုင်လေးဟာ ပရိသတ်တွေရဲ့ ဆန္ဒနဲ့တထပ်တည်း ထပ်တူကျနေတာကိုလည်း တွေ့ရပါသေးတယ်။ ကျော်ကျော်ဗိုလ်ကတော့ ဒီဗီဒီယိုလေးကို ရိုက်ဖြစ်ခဲ့တာ သူ့ကိုယ်သူ လိပ်ပြာလုံချင်လို့ပါလို့ ဆိုလာပါတယ်။
“ကိုယ့်လောကနဲ့ကိုယ် အသိပညာပေးတဲ့သဘော Awareness ပေးတဲ့သဘောပေါ့ ကျတော်တို့ အနုပညာသမားတွေအနေနဲ့ ပရိသတ်တွေကို awareness တွေပေးတယ် အမှိုက်မပစ်ပါနဲ့ ဆေးလိပ်မသောက်ပါနဲ့ဆိုပြီးတော့ပေါ့။ အဲတော့ ကျတော်တို့လောကထဲမှာလည်း ကိုယ့်ကိုယ်ကို ပြန်ပေးဖို့ လိုတယ်လို့ ကိုယ့်ကိုယ်ကိုခံစားမိတယ် ကျတော့်ကိုယ်ကျတော်ပါ ကျတော်ကိုယ်တိုင်လည်း အဲ့လိုစကားမျိုးတွေ တကယ် ပြောခဲ့မိတဲ့အတိုင်းပဲ နည်းနည်းလေး စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုလိပ်ပြာမလုံဖြစ်လာတဲ့အတွက်ကြောင့် အဲဒါမျိုးလေး စိတ်ကူးနေတဲ့အချိန်မှာ ဟောလီးဝုဒ်က နာမည်ကြီးမင်းသား က အဲလိုပုံစံလေး ဆင်ဆင်လေးရိုက်လာတာတွေ့လို့ သူ့ဆီက Ref လေးယူပြီးရိုက်လိုက်တာပါ။”
“ကိုယ်စားလို့ကောင်းတဲ့ မုန့်တစ်ခုကို စားကြည့်စေချင်တယ် အဲတော့ စားကြည့်ပါလား ကောင်းတယ်နော် ဆိုတာမျိုးပဲရှိတယ် အဲတော့ ကျတော်တို့ ဖန်တီးထားတဲ့ အနုပညာ ကိုယ်ကိုတိုင်ကြိုက်မှ ပရိသတ်ကို ပြချင်တော့တာ ကြည့်ကြည့်ပါလား ကျတော်ကြိုးစားထားတယ် ကျတော်ကတော့ကြိုက်တယ် ကောင်းတယ် ပရိသတ်ကြီးကြည့်ကြည့်ပါလား ဘယ်လိုအခြေအနေရှိလဲ အဲလိုမျိုးပဲ ကျတော်ဖြစ်ချင်တော့တယ်။”
“ပြီးခဲ့တဲ့ တချို့တဝက်ကျတော်လုပ်ခဲ့တာတွေ ပြန်စဉ်းစားကြည့်မယ်ဆိုရင် ငါတောင်မကြိုက်ပဲနဲ့ ပရိသတ်ကိုဘာလို့ပြနေတာလဲဆိုတာ ပရိသတ်ကိုကြည့်ခိုင်းနေတာလဲဆိုတာကြီးက ကျတော်လိပ်ပြာမလုံဘူး။ ဘာလို့လဲဆိုတော့ ကျတော်တို့နိုင်ငံပရိသတ်တော်တော်များများက အနုပညာဖန်တီးမှုထက် လူပုဂိုလ်ချစ်ခင်မှု မေတ္တာရှိမှုနဲ့ သွားနေတဲ့ Trend တွေကလည်း ရှိသေးတယ်။ အဲတော့ ကျတော်ပါရင်ပြီးရုံနဲ့မဟုတ်ဘဲ ကျတော်တင်ဆက်တာက ကောင်းတယ်ဆိုတဲ့စိတ်နဲ့ဝင်ကြည့်တဲ့ပရိသတ်ပဲများစေချင်တယ်။ ကျတော်ကိုယ်တိုင်ကြိုက်မှပဲ ပရိသတ်ကိုကြည့်စေချင်တယ်။”
ဒါ့အပြင် ကျော်ကျော်ဗိုလ်ဟာ ပရိသတ်တွေနဲ့အဆက်အသွယ်မပြတ်ဖို့က အဓိက မျက်နှာ အမြဲမြင်ဖို့လိုအပ်တယ်ဆိုတဲ့ လွဲနေတဲ့ Mind Set ကိုလည်းပြောပြလာပါသေးတယ်။ ကျော်ကျော်ဗိုလ်မဟုတ်တဲ့ ကျော်ကျော်ဗိုလ်တစ်ယောက်အနေနဲ့ပဲ ပရိသတ်ကိုအမြဲတင်ဆက်နေချင်တယ်လို့ ဆိုပါသေးတယ်။ ကျော်ကျော်ဗိုလ်ကတော့ ပုံစံသစ်နဲ့ပဲ အနုပညာလမ်းကိုလျှောက်တော့မယ်ဆိုတာ ဒီဗီဒီယိုဖိုင်နဲ့ပရိသတ်ကို သက်သေပြလိုက်တာပဲဖြစ်ပါတယ်။We Love Cele
မှတ်ချက်-Myanmar Cele Crazy အင်တာဗျူးမှဖြေကြားချက်အချို့ကိုကောက်နှုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။