• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Tuesday, August 9, 2022
No Result
View All Result

ပေါင် ၁၇၀ ကနေ ၁၁၈ ပေါင်ဖြစ်အောင် တစ်လအတွင်းဝိတ်ချနိုင်ခဲ့တဲ့ ခသုံးလုံးရုပ်ရှင်ထုတ်လုပ်ရေးရဲ့ သရုပ်ဆောင်သစ် ထက်ဇာနည်ဟိန်း

We Love Cele by We Love Cele
September 7, 2018
in အနုပညာ
0

မကြာသေးခင်ကမှ ခသုံးလုံးရုပ်ရှင်ထုတ်လုပ်ရေးကနေပြီး ခန့်စည်သူ၊ ထွန်းအိန္ဒြာဗိုလ်၊ ခိုင်သင်းကြည်တို့က ရွေးချယ်တင်မြှောက်လိုက်တဲ့ သရုပ်ဆောင်သစ် (၄) ဦးပေါ်ထွက်လာတာဖြစ်ပါတယ်။ အဲ့ဒီ (၄) ယောက်ထဲမှာမှ ယောက်ကျားလေးတစ်ဦးဖြစ်တဲ့ ထက်ဇာနည်ဟိန်းကတော့ ယခုအချိန်မှာ ရုပ်ရှင်ရိုက်ကူးဖို့ လေ့ကျင့်ရေးတွေပြုလုပ်နေပြီဖြစ်ပါတယ်။

ထက်ဇာနည်ဟိန်းဟာ ခုမတိုင်ခင်မှာ ပေါင် 170 ရှိတဲ့ ခန္ဒာကိုယ်ကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ သူ့အနေနဲ့ အနုပညာလောကထဲကို ဝင်ရောက်နိုင်ဖို့ ရည်ရွယ်ချက် စိတ်ဓာတ်အင်အားပြင်းထန်လွန်းလို့ ပေါင် 170 ကနေ 118 ပေါင်ဖြစ်အောင် 1 လအတွင်းချနိုင်ခဲ့တာဖြစ်ပါတယ်။

ခုက ပေါင် 118 ပေါ့။ ကျတော်ချတာက တစ်လခွဲမှာ ပေါင် 170 ကနေ ပေါင် 125 လောက်ထိ ဖြစ်သွားတယ်။ လွန်ခဲ့တဲ့ သုံးလလောက်က ကျတော် ဝိတ်စချမယ်ဆိုပြီးတော့ အဲ့ရှေ့မှာလည်း ဝိတ်ချဖို့စီစဉ်ခဲ့တယ်။ Gym ဆော့တယ် ဆော့ပြီးပြန်လာရင် အစားအများကြီးစားပြီး မပိန်ဘူး ဒါပေမယ့် ကျတော်အရမ်းဖြစ်ချင်တဲ့စိတ်တွေပြင်းပြနေတယ်။ လွန်ခဲ့တဲ့ ၂ လ ၃ လလောက်ကပေါ့။ ဝိတ်စလျှော့မယ်ဆိုပြီးစဉ်းစားလိုက်တယ်။

မနက်မိုးလင်းတာနဲ့ ဘာမှမစားတော့ဘူး။ အအေးသောက်တယ် ပြီးရင် သစ်သီးစားတယ်။ ထမင်းလည်းမစားဘူး အဲလိုပဲနေတာ တခြားဘာမှမစားဘူး သစ်သီးတော့များများစားပေးပါတယ်။ ပန်းသစ်တော်သီးပဲစားတယ် တနေ့မှာ ၂ လုံးလောက်ပဲ စားဖြစ်တယ် ပြီးတော့ ရေများများသောက်တယ် နေ့တိုင်းအဲလိုပဲ တလခွဲတိတိ အဲလိုဘာမှမစားဘူး ကျသွားတယ် သူ့ဘာသူ တဖြေးဖြေးပိန် ပိန်သွားတယ်။

ထက်ဇာနည်ဟိန်းဟာ ယခုလက်ရှိမှာတော့ နောက်လတွေ Beach မှာသွားရောက်ရိုက်ကူးတော့မယ့် ဇာတ်ကားတွေအတွက် Six Pack ထွက်အောင် ကြိုးစားပြီး Gym ဆော့နေတယ်လို့လည်းသိရပါတယ်။We Love Cele

မှတ်ချက်-8 Days တီဗီရဲ့ အင်တာဗျူးဖြေကြားချက်အချို့ကိုကောက်နှုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။

Previous Post

ILBC ကျောင်းမှာ အမိုက်စား စွမ်းရည်တွေထုတ်ပြခဲ့တဲ့ မေမေမျိုးစန္ဒီကျော်ရဲ့ ချစ်သမီးလေး Jewel

Next Post

ဘဝအသေမခံနိုင်လို့ နောက်ဆုံးအကြိမ် အကုန်လုံးကို ဖွင့်ချလိုက်တဲ့ မင်းထက်

Next Post

ဘဝအသေမခံနိုင်လို့ နောက်ဆုံးအကြိမ် အကုန်လုံးကို ဖွင့်ချလိုက်တဲ့ မင်းထက်

၆ ရက်နေ့မနက် ပုဇွန်တောင်မှာ ကပ္ပိယလေးတစ်ဦးကို ကားနဲ့တိုက်ရုံမက တက်ပါကြိတ်သွားတဲ့ မိုက်ရိုင်းတဲ့ကားသမား

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!