ရွှေမှုန်လေးကတော့ လက်ရှိမှာ သာယာလှပတဲ့အချစ်ရေးကိုပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။ အရိပ်တကြည့်ကြည့်နဲ့အမြဲချစ်နေတဲ့ ချစ်သူလေးအကြောင်းကိုလည်း သူမရဲ့လူမှုကွန်ယက်ပေါ်မှာ တင်ပြီး ကြွားထားပါသေးတယ်။
မကြာသေးခင်ကမှ ပြည့်သွားတဲ့ သူမတို့ချစ်သူနှစ်ဦးရဲ့ Anniversary လက်ဆောင်အဖြစ် ရွှေထူးက မြန်မာငွေကျပ် (၈) သိန်းတန် ဦးထုပ်တစ်လုံးကို ပေးခဲ့တဲ့အပြင် သူမကို ဘယ်လောက်ချစ်ကြောင်းပါ ဖွင့်ဟပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ ဝေဖန်မှုတွေအမျိုးမျိုးရှိနေပေမယ့်လည်း မပြောင်းလဲတဲ့ချစ်ခြင်းတရားနဲ့ အမြဲပျော်ရွှင်နေကြကြောင်း သူမရဲ့ လူမှုကွန်ယက်ကတဆင့် ဖော်ပြတတ်သူလေးလည်းဖြစ်ပါတယ်။
ယနေ့မှာတော့ ရွှေမှုံရတီဟာ သူမရဲ့ လူမှုကွန်ယက်အကောင့်ကနေ ပုံအလန်းစားလေးတွေကို တင်ပေးလိုက်တာလည်းဖြစ်ပါတယ်။ ပရိသတ်တွေဟာ ရွှေမှုံရတီကို ဒီလိုပုံစံ စတိုင်မျိုးနဲ့ တခါမှမမြင်တွေ့ဖူးတဲ့ အတွက် အရမ်းကိုအံ့အားသင့်စေခဲ့တာလည်းဖြစ်ပါတယ်။
ဒီပုံလေးတွေအောက်မှာလည်း ချစ်သူ ရွှေထူးက အရမ်းလန်းနေကြောင်း ဝင်မန့်ထားတာကို တွေ့ရမှာဖြစ်တဲ့အပြင် ရွှေမှုံရတီကတော့ ရွှေကြီးချစ်ချစ်မို့ လန်းတာပါလို့ ပြန်လည်ပြောဆိုထားတာလည်းတွေ့ရပါတယ်။ ခုတော့ အရမ်းတွေကို ဂေါ်နေတဲ့ ရွှေမှုံပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။We Love Cele
Photos-Shwe Mhone Yati & Lush