• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Monday, August 8, 2022
No Result
View All Result

အဆိုလောကတွင်သာမက ဂေါ်လီလောကမှာပါလေးစားရတဲ့ အာဇာနည်ကို ကျေးဇူးတင်လိုက်တဲ့ ယုန်လေး

We Love Cele by We Love Cele
September 9, 2018
in အနုပညာ
0

Special 9 ရုပ်ရှင်ဇာတ်ကားကြီးမှာ တစ်ဖက်တစ်လမ်းက ပါဝင်ကူညီဆောင်ရွက်ပေးခဲ့တဲ့ အဆိုတော်အာဇာနည်ကို ကျေးဇူး တင်တဲ့ အကြောင်း ယုန်လေးက ရင်ဖွင့်လာပါတယ်။ ဒီဇာတ်ကားကိုတော့ ယုန်လေးကိုယ်တိုင် ဇာတ်ညွှန်းနဲ့ ဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့တဲ့ ပထမဆုံး ဇာတ်ကား ဖြစ်တယ်လို့ သိရပါတယ်။

ပရိသတ်အားပေးမှုအပြည့်အဝ ရရှိနေတဲ့ Special 9 ရုပ်ရှင်ဇာတ်ကားကြီးကို အောင်အောင်မြင်မြင် ပြသနေပြီဖြစ်တဲ့အတွက် ဒါရိုက်တာ ယုန် လေးကတော့ ဝမ်းသာလို့ နေပါတယ်။ ဒီဇာတ်ကားကြီးအောင်မြင်ဖို့ အဖက်ဖက်က ဝိုင်းဝန်းကူညီပေးခဲ့တဲ့ အဆိုတော် အာဇာနည်ကို ကျေးဇူးတင်တဲ့ အကြောင်း ပြောပြခဲ့ပါတယ်။

” Special 9 မှာ အရမ်းကျေးဇူးတင်ထိုက်သူ နောက်တစ်ယောက် ချစ်လှစွာသော ကျွန်တော်တို့ အဆိုလောကရော ဂေါ်လီလောကမှာပါ လေးစား ရသော ကျွန်တော် အစ်ကို ကိုဇာနည်ကို အရမ်းကျေးဇူးပါ” ဆိုပြီးတော့ စက်တင်ဘာလ ၈ ရက်နေ့ ညနေ ၆ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Special 9 ရုပ်ရှင်ဇာတ်ကားဟာ အက်ရှင်ကား စစ်စစ် ဖြစ်တယ်လို့ ယုန်လေးက ဆိုပါတယ်။ဒီဇာတ်ကားကို ယုန်လေးကိုယ်တိုင် ဇာတ်ညွှန်း နဲ့ ဒါရိုက်တာ ပထမဆုံး ဆောင်ရွက်ခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ Speical 9 ရုပ်ရှင်ဇာတ်ကားကြီးဟာ တရုတ်ပြည်မှာ ခက်ခက်ခဲခဲ ရိုက်ကူးခဲ့ရတဲ့ ဇာတ်ကားဖြစ်တယ်လို့ ယုန်လေး ပြောပြထားပါသေးတယ်။

ဒီဇာတ်ကားကို စက်တင်ဘာလ ၇ ရက်နေ့ကစပြီး ရန်ကုန်မြို့မှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသလျှက်ရှိပါတယ်။Speical 9 ရုပ်ရှင်ဇာတ်ကားကို အားပေးကြည့်ရှုဖို့ စောင့်မျှော်နေကြတဲ့ ပရိသတ်တွေကလည်း အများကြီးပါ။ Speical 9 ဇာတ်ကားကို အောင်အောင် မြင်မြင် ရိုက်ကူးခဲ့နိုင်တဲ့ ယုန်လေး ကိုယ်တိုင်ကလည်း ဝမ်းသာကြည်နူးခဲ့ပါတယ်။

“ရုပ်ရှင်ဇာတ်လမ်း ဆိုပြီး ဘဝမှာ လွန်ခဲ့တဲ့ ၉နှစ်က ပထမဆုံးစဉ်းစားတဲ့ကား။ အခုတော့ အကောင်ထည်ဖော်နိုင်ခဲ့ပြီ ယုံယုံကြည်ကြည် အပင် ပန်းခံ ပါဝင်သရုပ်ဆောင်ပေးသော မြင့်မြတ်၊ ကိုထူးအယ်လင်း Nine One . အပြင်ပါဝင်သော သရုပ်ဆောင်ညီအစ်ကို မောင်နှစ်မ များ အား လုံး ယုံကြည်ပြီး စိတ်ကြိုက်ရုက်ကူးခွင့်ပေးသော Shwe Myanmar Film productionတို့ကို အထူးပင်ကျေးဇူး တင်ရှိပါကြောင်း ” ဆိုပြီး ရေး သားထားတာတွေ့ရပါတယ်။

Special 9 ရုပ်ရှင်ဇာတ်ကားမှာ မြင့်မြတ်၊ ယုန်လေး၊ နိုင်းဝမ်း၊ ထူးအယ်လင်း၊ ထက်ယံ၊ သားသား၊ Ice Cold၊ Okka၊ ဆူဇီ၊ ခိုင်မြတ်သဇင်၊ စိုးနန္ဒာကျော်၊ ပန်းနုတို့အပြင် အခြားသော အနုပညာရှင်များစွာက ပါဝင်အားဖြည့်ပေးထားပါတယ်။ ယင်းဇာတ်ကားကို ဒါရိုက်တာ အောင်မြတ် နဲ့ စစ်သွေးတို့က ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။

မှတ်ချက်-ဆယ်လီရပ်ကွက်စာမျက်နှာမှကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

Previous Post

Running Man ကိုတိုက်ခိုက်နေသူတွေကို ခုခံပြောဆိုလိုက်တဲ့ RM ရဲ့အမာခံပရိတ်သတ် ဧငြိမ်းဖြု

Next Post

အိမ်မှာ နို့ဆီဗူးသုံးနေသူများ သတိထားကြပါ ငတ်ငတ်နဲ့ နို့ဆီခဲတွေကို ကောက်စားမနေကြပါနဲ့

Next Post

အိမ်မှာ နို့ဆီဗူးသုံးနေသူများ သတိထားကြပါ ငတ်ငတ်နဲ့ နို့ဆီခဲတွေကို ကောက်စားမနေကြပါနဲ့

ကျောင်းကပွဲမှာ ဒီလိုကကွက်မျိုးနဲ့ ဘာကြောင့် ဖျော်ဖြေခဲ့ရလဲဆိုတာကို ရှင်းပြလာတဲ့ Lady Boy

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!