• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Sunday, August 7, 2022
No Result
View All Result

ချောင်းသာကမ်းခြေသွားမယ့်သူများ ဖတ်ထားသင့်တဲ့ ချောင်းသာရောက်ရင် သတိထားသင့်သောနေရာများ

We Love Cele by We Love Cele
September 9, 2018
in ပြည်တွင်းသတင်း
0

လေးစားအပ်ပါသော ချောင်းသာကမ်းခြေသို့လာရောက်အပန်းဖြေကြသည့် ဧည့်သည်တော်များခင်ဗျား …ချောင်းသာကမ်းခြေနှင့်ပတ်သက်၍ သတိထားသင့်သည်များအား တင်ပြအပ်ပါသည်။

1 . ဖိုးကုလားကျွန်းကူးတို့ဆိပ်အနီးရှိ “ဤနေရာမှကျော်လွန်၍ရေမကူးရ” ဆိုသောသတိပေးဆိုင်းပုဒ်မှကျော်လွန်၍ရေမကူးပါနှင့် ။

2 . ကျောက်ဆောင်များအနီးတွင်ရေမကူးပါနှင့်။

3 . ညနေ 6:00 ကျော်လျှင်ရေမကူးပါနှင့်။

4 . ရေကူးနေစဉ် ဆွဲကြိုး လက်ကောက်စသော အဖိုးတန်လက်ဝတ်ရတနာများ ဝတ်ဆင်ခြင်း ပိုက်ဆံအိတ်များဘောင်းဘီအိတ်အတွင်းထည့်ထားခြင်းမပြုပါနှင့် ကျပျောက်တတ်သည်။

5 . သင်္ကြန်စသည့်လူစည်ကားသောပွဲတော်ရက်များတွင် ကလေးသူငယ်များအား အထူး ဂရုစိုက်ပါ။ လူစုကွဲပြီးပျောက်တတ်သည်။

6 . မိမိတို့အဖွဲ့ထဲတွင် အရက်အမူးလွန်နေသူများရှိပါကအထူးသတိထားပါ ရေထဲတွင်ပြန်မထနိုင်ပဲ ရေတိမ်တွင်ပင်ရေနှစ်သေဆုံးမှုများရှိဖူးသည်။

7 . မိမိနှင့်ခဏတာသိကျွမ်းသူများထံတွင် ပိုက်ဆံအိတ်စသော အဖိုးတန်ပစ္စည်းများအားယုံကြည်စွာအပ်နှံခြင်းမပြုပါနှင့်
မိမိတည်းခိုရာနေရာမှမန်နေဂျာများထံတွင် ရေတွက်ပြီးမှအပ်နှံပါ။

8 . ပင်လယ်ရေထဲသို့ ဖုန်းများယူဆောင်ခြင်းမပြုပါနှင့် ရေငံဝင်သွားသည့်ဖုန်းများကိုပြန်ပြင်၍မရတတ်ပါ။

9 . ဆိုင်ကယ်ငှားစီးပါက ဖြည်းဖြည်းမောင်းပါ။

10 . သဲဖြူကျွန်း ဖိုးကုလားကျွန်းစသော ရေလမ်းခရီးများ သွားမည်ဆိုပါက အသက်ကယ်အင်္ကျီမဖြစ်မနေ ဝတ်ဆင်ပါ။

မိမိတို့၏ အပေါင်းအသင်းမိတ်ဆွေများသိရှိနိုင်စေရန် ဤ post အား လွတ်လပ်စွာ share ခွင့်ပြုပါသည်။ချောင်းသာကမ်းခြေသို့လာရောက်အပန်းဖြေကြသော ဧည့်သည်တော်များ ဘေးဘယာဝေးကွာ၍ ပျော်ရွှင်စရာခရီးတစ်ခုဖြစ်ပါစေ။

မူရင်းရေးသားသူ – စောနောင်နောင် (ချောင်းသာ)

Previous Post

ခြိမ့်ကေကိုရဲ့ ရွာအထိလိုက်လာပြီး တွေ့ဆုံခဲ့ကြတဲ့ ချမ်းမြေ့မောင်ချို

Next Post

ကျော်ကျော်ဗိုရဲ့ ကျွန်တော်ရှက်တယ် ဇာတ်လမ်းတိုအပေါ် တုံ့ပြန်လိုက်တဲ့ သရုပ်ဆောင် လူမင်း

Next Post

ကျော်ကျော်ဗိုရဲ့ ကျွန်တော်ရှက်တယ် ဇာတ်လမ်းတိုအပေါ် တုံ့ပြန်လိုက်တဲ့ သရုပ်ဆောင် လူမင်း

အသက်ငယ်ငယ်လေးနဲ့ သီချင်းဆိုကျွမ်းလွန်းလို့ မြန်မာပရိသတ်တွေ ဝိုင်းချီးကျူးခံနေရတဲ့ ကလေးလေး

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!