• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Tuesday, August 9, 2022
No Result
View All Result

ရင်သားခွဲစိတ်ပြုပြင်တော့မယ့် နေခြည်ဦး

We Love Cele by We Love Cele
September 10, 2018
in အနုပညာ
0

ကိုရီးယားနိုင်ငံမှာ မျက်ရစ်နဲ့ နှာခေါင်း ခွဲစိတ်မှု ခံယူပြီးနောက်ပိုင်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တွေ ပိုတိုးလာသူကတော့ Beauty Blogger နေခြည်ဦးပါ။ ဒီခွဲစိတ်မှုရလဒ်တွေကို ကိုယ်တိုင်လည်း ကျေနပ်သလို ပရိသတ်တွေရဲ့ အားပေးမှုတွေ လည်းရရှိခဲ့ပါတယ်။ ဒါကြောင့် သူ့အနေနဲ့ ရင်သား ကိုလည်း ခွဲစိတ်ပြုပြင်သွားဖို့ အစီအစဉ်ရှိတယ်လို့ ပွင့်လင်းစွာ ပြောပြခဲ့ပါတယ်။

“ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုပိုရှိချင်တယ်။ အင်္ကျီဝတ်ရတာလည်း ပိုပြီး အဆင်ပြေအောင်လို့ ခွဲစိတ်ပြုပြင်မှု လုပ်သွားမှာပါ။ ရင်သားခွဲစိတ်မှာကို ကြောက် စိတ်ဖြစ်တာမျိုးတော့မရှိပါဘူး။ နေခြည့်ရဲ့ ပလတ်စတစ်ဆာဂျရီဗီဒီယိုတွေကို လည်း အွန်လိုင်းမှာ တင် ထားပြီးပြီ။ ချုပ်ရိုးဖြေတာ၊ ရောင်တာ ကအစနေခြည်သေချာလေး ရိုက်ကူးထား ပါတယ်။ နေခြည့်အနေနဲ့ အဲဒီ လောက်ကြီး ကြောက်စိတ် တွေဖြစ်မနေပါဘူး”လို့ နေခြည်ဦးက ပြောပါတယ်။

နေခြည်ဦးက ဒီနှစ်ထဲမှာ ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးဖို့ရှိနေသလို ပထမဦးဆုံးခွဲစိတ်ပြု ပြင်မှုတွေလည်း ဒီနှစ်မှာပဲလုပ်ထားတဲ့အတွက် ရင်သား ခွဲစိတ်ပြုပြင်မှုကိုတော့ နောက်နှစ်မှပဲ ပြုလုပ်ဖို့ စဉ်းစားထားတယ်လို့ ဆိုပါတယ်။ နေ ခြည်ဦးက သူ့ရဲ့ အကြောင်းတွေကို ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ချပြတတ်သူပါ။ ခွဲစိတ်မှု ပြုလုပ်ထား တာတွေ ကိုလည်း သူ့ရဲ့Beautybynaychi Page ကနေ ဗီဒီယိုဖိုင်နဲ့တကွ သေချာရှင်းပြထားပါတယ်။ ဒါပေမဲ့လည်းခွဲစိတ်ပြုပြင်မှုတွေလုပ် ထားတာကြောင့် ဝေဖန်မှုတွေရှိနေဆဲပါပဲ။

“နေခြည်သွားချင်တဲ့ လမ်းကြောင်းက တစ်ခုတည်းပါ။ နေခြည့်လိုပြင်ချင်တဲ့ မိန်းကလေးတွေ အများကြီးရှိတယ်။ ဆေးရုံဆေးခန်းမှားပြီးတော့ ပြန်ပြုပြင်နေရတဲ့သူတွေ အများကြီး ရှိတယ်။ ကိုယ့်မှာ ပိုက် ဆံကိုင်ထားပြီးဘယ်ဆေးရုံ ဆေးခန်း သွားရမှန်းမသိ၊ အဆင်ပြေပါ့မလား၊ အနာကျက်ပါ့မလားဆိုတဲ့ အခြေခံဗဟုသုတတွေကို မသိတာအများကြီးရှိတယ်။ နေခြည်စလုပ်တုန်းက ပြည် တွင်းမှာ လုပ်ထား ကြသူတွေအများကြီးရှိတယ်။ ဒါပေမဲ့ သူတို့ပြောတာ မပြောတာ သူတို့အပိုင်း။ နေခြည့်အ နေနဲ့ကျတော့ ကိုယ်စလုပ်ချင်ပြီဆိုပြီး ကြည့်တဲ့အခါမှာ နေခြည့်လို ပွင့်ပွင့် လင်းလင်း ဘယ်သူမှ မပြောကြဘူး။ နေခြည်ကကျတော့ Beauty Blogger တစ်ယောက်ဖြစ်တယ်။

မင်းသမီးအနေနဲ့စပြီး ဝင်လာတာ မဟုတ်တဲ့အတွက် နေခြည့်ဘက်ကတော့ တန်ဖိုးမဖြတ်နိုင်တဲ့ ကဏ္ဍတစ်ခုပဲ။ စီးပွားရေး လုပ်သလိုပဲ ရင်းနှီးမြှုပ်နှံမှု အကြီး ကြီးထည့်လိုက်တာပါ။ နေခြည့်ကို ချစ်တဲ့သူတွေ ကလည်း ပိုများလာ သလိုဒါကိုဝေဖန်တိုက်ခိုက်ချင်တဲ့ သူတွေက လည်း ဝေဖန်တိုက်ခိုက်မှာပဲ။ ဆီလီကွန် ထည့်ထား တာကိုထည့်ထားတယ် ပြောကြတယ်။ ကိုယ်က ဖုံးကွယ်ထားလို့ တစ်နေရာကသိပြီးပြောတယ်ဆိုရင်စိတ် မကောင်းဖြစ်မှာပေါ့။ အခုက နေခြည့်ကို အားပေးနေတယ်၊ နေခြည်လုပ်နေတာကို လူတွေ ပိုသိအောင် လုပ်ပေးနေ တယ်လို့ပဲ မြင်ပါတယ်”လို့ ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး သူ့ရဲ့သဘောထားကို ပြောပြပါ တယ်။

မှတ်ချက်-ပေါ်ပြူလာဂျာနယ်မှတဆင့် ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

Previous Post

ဆွမ်းချိုင့်ပို့စဉ် ကားတိုက်ခံရမှုမှ ယာဉ်ကို သိမ်းဆည်းရမိပြီး မောင်းနှင်ခဲ့သူမှာ ဆေးကျောင်းသားတစ်ဦးဖြစ်

Next Post

ပိုပိုရဲ့ အခွေသစ်ပရိုမိုးရှင်းပွဲလေးမှာ ပါဝင်အားပေးခဲ့တဲ့ အေသင်ရဲ့ချစ်သမီးချောလေး Lvy

Next Post

ပိုပိုရဲ့ အခွေသစ်ပရိုမိုးရှင်းပွဲလေးမှာ ပါဝင်အားပေးခဲ့တဲ့ အေသင်ရဲ့ချစ်သမီးချောလေး Lvy

ပရိသတ်တွေရဲ့ အသည်းကို ခြွေချလိုက်ပြန်တဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ ဗီဒီယို

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!