ဘာသာခြားတစ်ဦးရဲ့အလှူမို့ အားရပါးရသာ သာဓုခေါ်လိုက်ကြပါဗျား။
၄၃သိန်း ၅ သောင်း ကို ဆွာမြို့ မျောက်လွှတ်ကုန်းရွာရေဘေးသင့်ပြည်သူများကို ရက်လျောစွာ လှူဒါန်းခဲ့သော ပုံရိပ်များပါ။ မျှဝေသောလက်များ ပျဉ်းမနား ပရဟိတအသင်းနဲ့အတူ အစတုန်းက ၂၁သိန်းကျော်လှုဖို့ ရည်ရွယ်ခဲ့ပေမယ့် ရွာသားတွေကို ကြည့်ပြီး သဒ္ဓါတရားတက်သွားလိုက်တာ ၄၃သိန်းကျော် လှူလိုက်ပါတယ်။
အလှူရှင်အမည်ကတော့ ပျဉ်းမနားမြို့၊ ဗိုလ်ချုပ်လမ်းနေ ဦးမောင်မောင်အေး မိသားစုပါ
အကျိုးဆောင်ပေးရကျိုး နပ်လိုက်တာ။ ရွာသားတွေခမျာပျော်ပြီး မျက်ရည်တွေတောင် ဝိုင်းလို့
မှတ်ချက်-Kyaw Thura ဖေ့ဘုတ်အကောင့်မှကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။