• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား
Friday, August 12, 2022
No Result
View All Result

ဖန်တစ်ယောက်ကြောင့် သမီးချမ်းမြေ့မောင်ချိုအတွက် စိတ်ပူခဲ့ရတာတွေကို ဖွင့်ချလိုက်တဲ့ ဒေါ်အိအိ

We Love Cele by We Love Cele
September 10, 2018
in အနုပညာ
0

မြန်မာအိုင်ဒေါကြီးအောင်မြင်စွာပြီးဆုံးသွားပေမယ့်လည်း ပြိုင်ပွဲကာလတလျှောက်မှာ ဖန်အချင်းချင်း တိုက်ခိုက်မှုပြသနာရပ်လေးတွေဟာ ရှိခဲ့ပါတယ်။ ပြိုင်ပွဲတစ်လျှောက်မှာ ကိုယ့်အိုင်ဒေါကို အရူးအမူးအားပေးခဲ့တဲ့ ပရိသတ်တွေအများကြီးလည်းရှိခဲ့ပါတယ်။

ချမ်းမြေ့မောင်ချိုကို အရူးအမူးအားပေးခဲ့ပြီး ဝင်းနားဖြစ်တဲ့အချိန်ထိတောင်မစောင့်နိုင်တော့လို့ ချမ်းမြေ့မောင်ချိုနာမည်ကို တက်တူးထိုးပြီးအားပေးခဲ့တဲ့သူအကြောင်းလည်း လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့ခဲ့ပါသေးတယ်။

ချမ်းမြေ့မောင်ချိုဟာ ကျန်းမာရေးအရ နောက်ဆုံးဖိုင်နယ်ပွဲကြီးကို လာရောက်ယှဉ်ပြိုင်နိုင်ခဲ့ခြင်းမရှိပါဘူး။ ဖြိုးမြတ်အောင်ဟာလည်း မကြာသေးခင်ကမှ ဟင်္သာတမြို့မှာ ပရိသတ်တွေကိုကျေးဇူးဆပ်တဲ့အနေနဲ့ ရှိုးပွဲတစ်ခုပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ထိုရှိုးပွဲကိုတော့ ချမ်းမြေ့မောင်ချိုပုံကို တက်တူးထိုးထားတဲ့ မောင်ချိုဖန်ဟာ ရန်ကုန်ကနေပြီး ဟင်္သာတအထိလာရောက်အားပေးခဲ့တာဖြစ်ပါတယ်။

ဒီလိုအားပေးခဲ့တာနဲ့ပတ်သက်ပြီး ဘက်ပြောင်းတယ်ဆိုတဲ့အချက်နဲ့ ဝေဖန်မှုတွေဂယက်ရိုက်သွားခဲ့ပါတယ်။ ယနေ့ မိုးသောက် မီဒီယာစာမျက်နှာထက်က တင်ထားတဲ့ ထိုအကြောင်းအရာနဲ့ သက်ဆိုင်တဲ့ပို့စ်အောက်မှာတော့ ချမ်းမြေ့မောင်ချိုမိခင် ဒေါ်အိအိက ထိုဖန်ရဲ့အကြောင်းကို တင်ထားတာဖြစ်ပါတယ်။

သူဟာ အရက်မူးပြီး ချမ်းမြေ့မောင်ချိုဆီကိုလာကြောင်းနှင့် ဘယ်လိုဖယ်ထုတ်ရမှန်းမသိလို့ စိတ်ညစ်နေကြောင်း ကောမန့်ပေးထားခဲ့တာဖြစ်ပါတယ်။ ထိုကောမန့်နဲ့ပတ်သက်ပြီးတော့ တချိန်က မောင်ချိုဖန်ဖြစ်ခဲ့တဲ့ ကိုလင်းလင်းကတော့ ဒေါ်အိအိရဲ့ ရေးသားချက်တွေကို မီဒီယာကနေဖြေရှင်းတော့မယ်လို့ ဆိုလိုက်ပါတယ်။We Love Cele

 

Previous Post

လူမှုကွန်ယက်မှာပျံ့နှံ့နေတဲ့ ဆရာလေးဆီက ဓာတ်လုံးရရှိသွားတဲ့ ဖြိုးမြတ်အောင်ရဲ့ ဗီဒီယို

Next Post

ကျန်းမာရေး အခြေအနေ အရမ်းကို စိုးရိမ်နေရတဲ့ ဒေါ်စံပယ်

Next Post

ကျန်းမာရေး အခြေအနေ အရမ်းကို စိုးရိမ်နေရတဲ့ ဒေါ်စံပယ်

ပျောက်ဆုံးနေတဲ့ သရုပ်ဆောင် ဟန်လင်းသန့်ကို တွေ့ရှိသူများအား ဆုကြေးပေးမည်ဟု ကြေညာ

ပြည်တွင်းပြည်ပသတင်းများအားစုံလင်စွာဖတ်ရှု့နိုင်ပါသည်။
  • Privacy Policy

© Copyright 2018 - All rights reserved by We Love Cele

No Result
View All Result
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • အနုပညာ
  • အားကစား

© Copyright 2018 - All rights reserved by We Love Cele

error: Content is protected !!