Myanmar Idolပြိုင်ပွဲကြီး ရဲ့winnerဖြစ်တဲ့ ဖြိုးမြတ်အောင်ကတော့ ယခုမှာ ချစ်ပရိသတ်တွေရဲ့ အသည်းကျော်ကြီးဖြစ်နေပြီး ပရိသတ်အချစ်တော်ကြီးတွေဆိုလဲ မမှားပါဘူ။ပရိသတ်အချစ်တော်လေး ဖြိုးမြတ်အောင်တစ်ယောက်ကတော့ မင်းသမီးအချို့နဲ့ ကြော်ငြာတွေ ဓာတ်ပုံတွေ ရိုက်ကူးနေပြီလို့လည်းသိရပါတယ်။ဖြိုးမြတ်အောင်ကတော့ အခုလို အနပညာလောကမှာ အကယ်ဒမီဆုပေါင်းများစွာကို သိမ်းပိုက်ထားသူတွေနဲ့ အခုလို အနပညာလောကရဲ့ ထိပ်တန်းကြယ်ပွင့်တွေနဲ့ တွဲပြီး သရုပ်ဆောင်ရလို့ အတိုင်းမသိဝမ်းသာနေပါတယ်။
ဖြိုးမြတ်အောင်ကတော့ လတ်တလောမှာ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်တာကိုတော့ ပရိသတ်ကြီးများအားလုံးသိရှိပြီးသား ဖြစ်မှာပါ။သူရဲ့ လှုပ်ရှားမှုပုံရိပ်တွေကိုလည်း နေ့စဉ်ဖော်ပြပေးနေတာလည်းတွေ့ရပါတယ်။လတ်တလောမှာလည်း ထိပ်တန်း ဝါရင့်အဆိုတော်ကြီးတွေဖြစ်တဲ့ မခိုင် အာဇာနည် အောင်ထက် အိမ့်ချစ် တို့နဲ့အတူဖျော်ဖြေရင်း အမှတ်တရပုံလေးတွေကို ရိုက်ကူးဖော်ပြထားတာတွေ့ရပါတယ်။
ဖြိုးမြတ်အောင်ရဲ့ အောင်မြင်မှုစန်းကလည်း အံ့မခန်းပါပဲနော်။သူကတော့ ရိုးသားကြိုးစားသူလေးဖြစ်တာကြောင့် ပရိသတ်တွေက ပိုမိုချစ်ခင်အားပေးကြတာလည်းဖြစ်ပါတယ်။ကဲ…ချစ်ပရိသတ်ကြီးတွက် ဖြိုးမြတ်အောင်ရဲ့ဖျော်ဖြေပွဲက ပုံတွေကို မျှဝေပေးလိုက်ပါတယ်။
မှတ်ချက်-မြန်မာလုတ်စာမျက်နှာထက်မှတဆင့် ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။